Thursday 27 November 2014

ချစ်သူနှစ်ဦး ဆယ်စက္ကန့်နမ်းခြင်းဖြင့် ဗက်တီးရီးယား သန်း ၈ဝ ကူးစက်နိုင်ဟုဆို

Photo: ချစ်သူနှစ်ဦး ဆယ်စက္ကန့်နမ်းခြင်းဖြင့် ဗက်တီးရီးယား သန်း ၈ဝ ကူးစက်နိုင်ဟုဆို
Thursday, November 27, 2014

Microbiome ဂျာနယ်တွင် ရေးသား ဖော်ပြထားသော လေ့လာတွေ့ရှိချက် အ သစ်အရ လူတစ်ဦးနှင့် ၁ဝ စက္ကန့်ကြာ နမ်း ရှုပ်ခြင်းက ဗက်တီးရီးယားပိုးမွှား သန်း ၈ဝ ကို ကူးပြောင်းလက်ခံနိုင်သည်ဟု သိရသည်။

အစာချေဖျက်မှုနှင့် ဗက်တီးရီးယား ပိုးမွှားများ၏ ဂေဟစနစ်အရ လူတစ်ဦး၏ ပါးစပ်တွင် အမျိုးစုံသော ဗက်တီးရီးယားပိုး မွှားပေါင်း ၇ဝဝ ခန့် ရှိနေသည်ဟု ဆိုသည်။

နယ်သာလန် ဇီဝသိပ္ပံ သုတေသနအ ဖွဲ့ခေါင်းဆောင် ရမ်ကိုကော့က ချစ်သူစုံ တွဲ တစ်တွဲသည် တစ်နေ့လျှင် အနည်းဆုံး ကိုးကြိမ်နမ်းကြခြင်းဖြင့် ခံတွင်းရည်မှ ဗက် တီးရီးယားပိုးမွှားများ တစ်ဦးကိုတစ်ဦး အ ပြန်အလှန် ကူးစက်နိုင်သည်ဟု ဆိုသည်။

သုတေသီများသည် ၄င်းတို့၏ လေ့လာ စမ်းသပ်မှုကို ချစ်သူစုံတွဲ ၂၁ တွဲဖြင့် စမ်း သပ်လေ့လာခဲ့ကြသည်။ နယ်သာလန် သု တေသီများသည် ချစ်သူစုံတွဲ နှစ်ဦးမှ တစ်ဦး ကို သီးခြားဖန်တီးထားသော နို့ထွက်ဖျော် ရည်တစ်ခွက်ကို သောက် စေပြီး ယင်းဖျော် ရည်တွင်ပါဝင်သော ဗက်တီးရီးယား အမျိုး အစားနှင့် အရေအတွက်ကို မှတ်တမ်းပြုစု ထားသည်။ ထို့နောက် ချစ်သူနှစ်ဦးကို ၁ဝ စက္ကန့် နမ်းစေပြီးနောက် အထူးစီမံထားသော ဖျော်ရည်မသောက်ထားသူ၏ ခံတွင်းမှ ဗက် တီးရီးယားကို ခွဲခြားရေတွက်မှု ပြုလုပ်ကြ သည်။ ထို့အပြင် ချစ်သူစုံတွဲ များကို အချင်း ချင်းနမ်းကြသော အလေ့အထ အကြိမ်အ ရေ အတွက် ပေါ်တွင်လည်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ လေ့လာစမ်းသပ်မှုများ ပြု လုပ်ခြင်းဖြင့် အဖော်နှစ်ဦးကို နမ်းရာတွင် ဗက်တီးရီးယားပိုးများ ကူးစက်ရောက်ရှိမှု အတိုင်းအဆ ပမာဏကို လေ့လာသိရှိခဲ့ကြ သည်။ သုတေသီများက ယင်းသို့ ဗက်တီးရီး ယားပိုးမွှားများ တိုးပွားလာခြင်းသည် ကောင်း သောအရာဖြစ်ပြီး ကောင်းသော ဗက်တီးရီး ယားပိုးမွှားများ များပြားလာခြင်းက ရောဂါ ပိုးများကို ခုခံကာကွယ်နိုင်မှုအား ပိုမိုမြင့် မားလာစေသည်ဟုဆိုသည်။

Ref: MNT
Yangon Media Group
Microbiome ဂျာနယ်တွင် ရေးသား ဖော်ပြထားသော လေ့လာတွေ့ရှိချက် အ သစ်အရ လူတစ်ဦးနှင့် ၁ဝ စက္ကန့်ကြာ နမ်း ရှုပ်ခြင်းက ဗက်တီးရီးယားပိုးမွှား သန်း ၈ဝ ကို ကူးပြောင်းလက်ခံနိုင်သည်ဟု သိရသည်။
အစာချေဖျက်မှုနှင့် ဗက်တီးရီးယား ပိုးမွှားများ၏ ဂေဟစနစ်အရ လူတစ်ဦး၏ ပါးစပ်တွင် အမျိုးစုံသော ဗက်တီးရီးယားပိုး မွှားပေါင်း ၇ဝဝ ခန့် ရှိနေသည်ဟု ဆိုသည်။

နယ်သာလန် ဇီဝသိပ္ပံ သုတေသနအ ဖွဲ့ခေါင်းဆောင် ရမ်ကိုကော့က ချစ်သူစုံ တွဲ တစ်တွဲသည် တစ်နေ့လျှင် အနည်းဆုံး ကိုးကြိမ်နမ်းကြခြင်းဖြင့် ခံတွင်းရည်မှ ဗက် တီးရီးယားပိုးမွှားများ တစ်ဦးကိုတစ်ဦး အ ပြန်အလှန် ကူးစက်နိုင်သည်ဟု ဆိုသည်။

သုတေသီများသည် ၄င်းတို့၏ လေ့လာ စမ်းသပ်မှုကို ချစ်သူစုံတွဲ ၂၁ တွဲဖြင့် စမ်း သပ်လေ့လာခဲ့ကြသည်။ နယ်သာလန် သု တေသီများသည် ချစ်သူစုံတွဲ နှစ်ဦးမှ တစ်ဦး ကို သီးခြားဖန်တီးထားသော နို့ထွက်ဖျော် ရည်တစ်ခွက်ကို သောက် စေပြီး ယင်းဖျော် ရည်တွင်ပါဝင်သော ဗက်တီးရီးယား အမျိုး အစားနှင့် အရေအတွက်ကို မှတ်တမ်းပြုစု ထားသည်။ ထို့နောက် ချစ်သူနှစ်ဦးကို ၁ဝ စက္ကန့် နမ်းစေပြီးနောက် အထူးစီမံထားသော ဖျော်ရည်မသောက်ထားသူ၏ ခံတွင်းမှ ဗက် တီးရီးယားကို ခွဲခြားရေတွက်မှု ပြုလုပ်ကြ သည်။ ထို့အပြင် ချစ်သူစုံတွဲ များကို အချင်း ချင်းနမ်းကြသော အလေ့အထ အကြိမ်အ ရေ အတွက် ပေါ်တွင်လည်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ လေ့လာစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် အဖော်နှစ်ဦးကို နမ်းရာတွင် ဗက်တီးရီးယားပိုးများ ကူးစက် ရောက်ရှိမှု အတိုင်းအဆ ပမာဏကို လေ့လာသိရှိခဲ့ကြ သည်။ သုတေသီများက ယင်းသို့ ဗက်တီးရီးယား ပိုးမွှားများ တိုးပွားလာခြင်းသည် ကောင်း သောအရာဖြစ်ပြီး ကောင်းသော ဗက်တီးရီးယားပိုးမွှားများ များပြားလာခြင်းက ရောဂါ ပိုးများကို ခုခံကာကွယ်နိုင်မှုအား ပိုမိုမြင့် မားလာစေသည်ဟုဆိုသည်။

Ref: MNT
Yangon Media Group 

No comments:

Post a Comment