Thursday 27 November 2014

ပြိုင်ကားနှင့်ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား ပြောစက်တွေ့ရှိသဖြင့်အရေးယူ

Photo: ပြိုင်ကားနှင့်ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား
ပြောစက်တွေ့ရှိသဖြင့်အရေးယူ
Thursday, November 27, 2014

၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့်
မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များသည်လှည့်ကင်းဆောင်ရွက် စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်တွင် ပြိုင်ကားနှင့်
ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေကြောင်းသတင်းအရ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်(၁၅)စီးခန့်နှင့် ပြိုင်ကား(၁)စီးတို့ဖြစ်ပြီး 3G--- ပြိုင်ကားအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာ ကျေးရွာအုပ်စု၊ ပုလဲ (၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမ၊ နီလာရိုးမဓါတ်ဆီဆိုင်ရှေ့တွင် တွေ့ရှိရပါသည်။

အဆိုပါပြိုင်ကားအားစစ်ဆေးရှာဖွေရာ တာမွေမြို့နယ်နေသူများဖြစ်ကြသည့် ယာဉ်မောင်း ကိုညီညီ (၃၃)နှစ်နှင့် ယာဉ်ပေါ်လိုက်ပါလာသူ ကိုမျိုးမင်း(ခ)
မျိုးမင်းထွန်း (၃၈)နှစ်တို့အား လက်ကိုင်စကား ပြောစက်(၁)လုံး၊ ဘက္ထရီ
အပို(၁)ခုတို့နှင့်အတူတွေ့ရှိရပြီး ယာဉ်နှင့် လက်ကိုင်စကားပြောစက် ပိုင်ရှင် ဖြစ်သူ တာမွေမြို့နယ်နေ ချမ်းမြေ့ကျော်(ခ)ဒေးဗစ်ကျော် (၃၅)နှစ်မှာ ၁၄ယ/----ဟွန်ဒါ CB-400 ဆိုင်ကယ်ဖြင့်ရောက်ရှိလာခဲ့သဖြင့် လက်ကိုင်စကား
ပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား သိမ်းဆည်းခဲ့ပါသည်။

ယင်းသို့ ဆက်သွယ်ရေးပစ္စည်းဖြစ်သောလက်ကိုင်စကားပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား လက်ဝယ်ထားရှိသူ ကိုညီညီ၊ကိုမျိုးမင်း(ခ)မျိုးမင်းထွန်းနှင့်
ပစ္စည်းပိုင်ရှင်ဖြစ်သူ ချမ်းမြေ့ကျော် (ခ)ဒေးဗစ်ကျော်တို့(၃)ဦးအား မင်္ဂလာဒုံ
မြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၃၆၂/၂၀၁၄၊ ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များသည်လှည့်ကင်းဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမ ပေါ်တွင် ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေကြောင်းသတင်းအရ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်(၁၅)စီးခန့်နှင့် ပြိုင်ကား(၁)စီးတို့ဖြစ်ပြီး 3G--- ပြိုင်ကားအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာ ကျေးရွာအုပ်စု၊ ပုလဲ (၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမ၊ နီလာရိုးမဓါတ်ဆီဆိုင်ရှေ့တွင် တွေ့ရှိရပါသည်။

အဆိုပါပြိုင်ကားအားစစ်ဆေးရှာဖွေရာ တာမွေမြို့နယ်နေသူများဖြစ်ကြသည့် ယာဉ်မောင်း ကိုညီညီ (၃၃)နှစ်နှင့် ယာဉ်ပေါ်လိုက်ပါလာသူ ကိုမျိုးမင်း(ခ) မျိုးမင်းထွန်း (၃၈)နှစ်တို့အား လက်ကိုင်စကား ပြောစက်(၁)လုံး၊ ဘက္ထရီ အပို(၁)ခုတို့နှင့်အတူတွေ့ရှိရပြီး ယာဉ်နှင့် လက်ကိုင်စကားပြောစက် ပိုင်ရှင် ဖြစ်သူ တာမွေမြို့နယ်နေ ချမ်းမြေ့ကျော်(ခ)ဒေးဗစ်ကျော် (၃၅)နှစ်မှာ ၁၄ယ/----ဟွန်ဒါ CB-400 ဆိုင်ကယ်ဖြင့်ရောက်ရှိလာခဲ့သဖြင့် လက်ကိုင်စကား ပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား သိမ်းဆည်းခဲ့ပါသည်။

ယင်းသို့ ဆက်သွယ်ရေးပစ္စည်းဖြစ်သောလက်ကိုင်စကားပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား လက်ဝယ်ထားရှိသူ ကိုညီညီ၊ကိုမျိုးမင်း(ခ)မျိုးမင်းထွန်းနှင့် ပစ္စည်းပိုင်ရှင်ဖြစ်သူ ချမ်းမြေ့ကျော် (ခ)ဒေးဗစ်ကျော်တို့(၃)ဦးအား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၃၆၂/၂၀၁၄၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

No comments:

Post a Comment