Thursday 27 November 2014

အီဂျစ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ဆယ်ကျော်သက် ၇၈ ဦးကို ထောင်ချ

Photo: အီဂျစ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ဆယ်ကျော်သက် ၇၈ ဦးကို ထောင်ချ
Thursday, November 27, 2014

မူဆလင်ညီနောင်ပါတီဘက်မှ ရပ်တည်၍ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် ၇၈ ဦးတို့ကို အီဂျစ် တရားရုံးတစ်ခုက ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

၎င်းတို့သည် အာဏာမှ ဖယ်ရှားခံခဲ့ရသည့် သမ္မတဟောင်း မိုဟာမတ်မော်စီကို သမ္မတ ရာထူး ပြန်လည်နှင်းအပ်ရန် တောင်းဆိုခဲ့ကြသည်။
ယမန်နှစ်က မော်စီကို စစ်တပ်မှ ဖယ်ရှားပြီးနောက်တွင် အာဏာပိုင်များသည် အစ္စလာမ္မစ်များကို ဖြိုခွင်းလာခဲ့ကြသည်။

မူဆလင်ညီနောင်ပါတီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီး နောက်ပိုင်းတွင် ယင်းအား ထောက်ခံသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုခဲ့သည်။

အစိုးရဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြ၍ ယင်းဆယ်ကျော်သက် အမျိုးသား ၇၈ ဦးတို့အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာ Mena တွင် ဖော်ပြထားသည်။

ယင်းဆန့်ကျင် ဆန္ဒပြမှုများကြောင့် လမ်းများပိတ်ဆို့ခဲ့ကာ နိုင်ငံသားများလည်း အကြမ်းဖက်ခံရသည်ဟု Mena က ဆိုသည်။

ဆယ်ကျော်သက်များ၏ ရှေ့နေ အေမန်အယ်ဒါဘီက ယခု ထောင်ဒဏ်ကျခံရမည့် လူငယ်များအနက် အချို့မှာ ဆန့်ကျင်ဆန္ဒပြမှုတွင် မပါဝင်ဘဲ ဆန္ဒပြရာ နေရာ၌ ရှိနေသူများသာ ဖြစ်သည်ဟု ကာကွယ်ပြောကြားသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို အီဂျစ်အစိုးရမှ ယမန်နေ့က အတည်ပြုလိုက်သည်။

သမ္မတဟောင်း မော်စီကို ထောက်ခံသူ ၁၄၀၀ ဦးထက်မနည်းကို လက်ရှိ အီဂျစ်အစိုးရက သတ်ဖြတ်ခဲ့ပြီး တစ်သောင်းခွဲကျော်မှာ ထောင်ချခံထားရသည်။
မတ်လအတွင်းကလည်း မော်စီကို ထောက်ခံသူ ၅၂၈ ဦးတို့ကို သေဒဏ်စီရင်ခဲ့သည်။

အီဂျစ်တွင် ယင်းကဲ့သို့ ပြည်သူအစုလိုက် အပြုံလိုက်အား စီရင်ချက်ချမှု မြင့်တက်နေခြင်းမျိုး ယခင်က အစဉ်အလာမရှိခဲ့ဟု UN က ထုတ်ပြန်ထားသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မူဆလင်ညီနောင်ပါတီဘက်မှ ရပ်တည်၍ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် ၇၈ ဦးတို့ကို အီဂျစ် တရားရုံးတစ်ခုက ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ် လိုက်ပြီ ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

၎င်းတို့သည် အာဏာမှ ဖယ်ရှားခံခဲ့ရသည့် သမ္မတဟောင်း မိုဟာမတ်မော်စီကို သမ္မတ ရာထူး ပြန်လည် နှင်းအပ်ရန် တောင်းဆိုခဲ့ကြသည်။ ယမန်နှစ်က မော်စီကို စစ်တပ်မှ ဖယ်ရှားပြီးနောက်တွင် အာဏာပိုင် များသည် အစ္စလာမ္မစ်များကို ဖြိုခွင်းလာခဲ့ကြသည်။

မူဆလင်ညီနောင်ပါတီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီး နောက်ပိုင်းတွင် ယင်းအား ထောက်ခံသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုခဲ့သည်။

အစိုးရဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြ၍ ယင်းဆယ်ကျော်သက် အမျိုးသား ၇၈ ဦးတို့အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာ Mena တွင် ဖော်ပြထားသည်။

ယင်းဆန့်ကျင် ဆန္ဒပြမှုများကြောင့် လမ်းများပိတ်ဆို့ခဲ့ကာ နိုင်ငံသားများလည်း အကြမ်းဖက်ခံရသည်ဟု Mena က ဆိုသည်။ ဆယ်ကျော်သက်များ၏ ရှေ့နေ အေမန်အယ်ဒါဘီက ယခု ထောင်ဒဏ်ကျခံရမည့် လူငယ်များအနက် အချို့မှာ ဆန့်ကျင်ဆန္ဒပြမှုတွင် မပါဝင်ဘဲ ဆန္ဒပြရာ နေရာ၌ ရှိနေသူများသာ ဖြစ်သည် ဟု ကာကွယ်ပြောကြားသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို အီဂျစ်အစိုးရမှ ယမန်နေ့က အတည်ပြုလိုက်သည်။ 
သမ္မတဟောင်း မော်စီကို ထောက်ခံသူ ၁၄၀၀ ဦးထက်မနည်းကို လက်ရှိ အီဂျစ်အစိုးရက သတ်ဖြတ်ခဲ့ပြီး တစ်သောင်းခွဲကျော်မှာ ထောင်ချခံထားရသည်။ မတ်လအတွင်းကလည်း မော်စီကို ထောက်ခံသူ ၅၂၈ ဦးတို့ကို သေဒဏ်စီရင်ခဲ့သည်။

အီဂျစ်တွင် ယင်းကဲ့သို့ ပြည်သူအစုလိုက် အပြုံလိုက်အား စီရင်ချက်ချမှု မြင့်တက်နေခြင်းမျိုး ယခင်က အစဉ်အလာမရှိခဲ့ဟု UN က ထုတ်ပြန်ထားသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment