Thursday 27 November 2014

တရားမဝင် မြန်မာလုပ်သားများအား ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထားကာ နေရပ်ပြန်ရန် မလေးရှားအစိုးရကြေညာ

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အရေးယူမှုကို ခြောက်လ ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားအစိုးရမှ မလေးရှားနိုင်ငံအတွင်း၌ တရားမ ဝင် နေထိုင်သူများအနေဖြင် ဒီဇင်ဘာ ၁ ရက် နောက် ဆုံးထား၍ မိမိနိုင်ငံသို့ မပြန်ပါက ထောင်ဒဏ်နှင့် ကြိမ် ဒဏ် ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံ၌ ဖမ်းဆီးအရေးယူမှုများ ပြုလုပ် နေသည့် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ နှင့် ဗီဇာသက်တမ်းပြည့် အလုပ်သမားများတွင် မြန်မာ လုပ်သားများ ပါဝင်နေသည့်အတွက် မြန်မာအလုပ်သ မားများအား အရေးယူမှုကို ခြောက်လရပ်ဆိုင်းပေးရန် ယခုလ တတိယပတ်တွင် မေတ္တာရပ်ခံစာ ပေးပို့ထား သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကပြော သည်။

''ဘယ်နိုင်ငံကိုပဲသွားသွား တရားဝင်သွားရင် ကြောက်စရာမလိုပါဘူး။ တရားဝင်သွားမှလဲ ကူညီနိုင် မှာလေ။ အခုကိစ္စက တရားမဝင်လို့လေ။ သူတို့ဥပဒေ အရ လုပ်တာဆိုတော့ ဒီက ဘာမှစွက်ဖက်လို့မရဘူး။ အချိန်စောင့်ဖို့ စာတော့ပို့ထားတယ်။ အကြောင်းတော့ မပြန်သေးဘူး''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ထိုသို့ ပေးပို့ထားသော်လည်း မလေးရှားနိုင်ငံအ တွင်း၌ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများအား ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား၍ မိမိသက်ဆိုင်ရာနိုင်ငံသို့ မပြန်ပါက ထောင်ဒဏ်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက် ချမှတ်မည် ဟု နိုဝင်ဘာ ၂၁ ရက်တွင် မလေးရှားအစိုးရက ကြေညာ ချက် ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သ မားရေးရာ သံအရာရှိ ဦးမင်းမင်းဝင်းမှ ''မလေးရှားက တရားမဝင်ကို အစကတည်းက လက်ခံတာမဟုတ်ဘူး။ အခုတော့ အားလုံးပြန်ပို့မယ်လို့ ပြောထားတယ်။ တရား မဝင် မြန်မာအလုပ်သမားတွေအနေနဲ့လဲ ဃှု လျှောက် ပြီး ပြန်လို့ရပါတယ်''ဟု ပြောသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများအား ကူညီပေးနေသူ ကိုမျိုးညွန့်က ''မလေးရှားက ကြေညာ ထားတော့ တရားမဝင်နေတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ သတိထားသင့်တယ်။ အဖမ်းခံရရင် မြန်မာ သံရုံးကို အကူအညီတောင်းလို့ရပါတယ်။ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ''ဟု ပြောသည်။ 

မလေးရှားနိုင်ငံတွင် ယခုနှစ်အတွင်း တရားမဝင်နေ ထိုင်သူများကို ဖမ်းဆီးမှုပြုလုပ်ရာ ၁၄ ရာခိုင်နှုန်းအထိ ဖမ်းဆီးထားနိုင်သည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားဖမ်းဆီး မှုတွင် မြန်မာအလုပ်သမား တစ်ထောင်ကျော်အထိ ဖမ်း ဆီးခံရပြီး အလုပ်သမား သုံးထောင်ကျော် မိခင်နိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

Yangon Media Group

No comments:

Post a Comment