Thursday 27 November 2014

စက်မှုဇုန်ထုတ်သုံးဘီးကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးအပ်နှံရမည့်ရက်ကို တိုးမြှင့်ပေးတော့မည်မဟုတ်

Photo: စက်မှုဇုန်ထုတ်သုံးဘီးကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား
နောက်ဆုံးအပ်နှံရမည့်ရက်ကို တိုးမြှင့်ပေးတော့မည်မဟုတ်
Thursday, November 27, 2014

စက်မှုဇုန်ထုတ်ယာဉ်ဟောင်း များ၊ သုံးဘီးကားများနှင့် ထုတ်လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးထားအပ်နှံရမည့်အချိန်ကို တိုးမြှင့်သတ်မှတ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးချန်မောင်က ပြောဆိုလိုက် သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏ယာဉ်အိုယာဉ်ဟောင်းများအပ်နှံရန် သတ်မှတ်ချက်အား အချိန်တစ်နှစ်တိုး မြှင့်ပေးရန် အစီအစဉ်ရှိမရှိမေးခွန်းကို မော်လမြိုင်မဲဆန္ဒနယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေြး<ွကယ် က နိုဝင်ဘာ ၂၅ရက်က ပြည်သူ့လွှတ် တော်တွင်မေးမြန်းခဲ့ရာ ဒုဝန်ကြီးက အ ထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

ဦးချန်မောင်က ''ဒီနေ့အထိ ယာဉ် ဟောင်းအပ်နှံမှုနည်းပါးခြင်းဟာ ယာဉ် ဟောင်းအပ်နှံမှုလက်ခံဆောင်ရွက်ပေး တဲ့ ကျွန်တော်တို့ဝန်ကြီးဌာနမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ရဲ့ရုံးတွေက လုပ်ငန်းမနိုင်လို့ နည်းပါး ရခြင်းမဟုတ်ဘဲ ပိုင်ရှင်များရဲ့ဆန္ဒအရ အပ်နှံမှုနည်းခြင်းဖြစ်တဲ့အတွက်ကြောင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ၃၁ရက် နောက် ဆုံးထားပြီး အပ်နှံရန်သတ်မှတ်ချက် ကို တိုးမြှင့်ပေးရန်အစီအစဉ်မရှိ''ဟု ဆိုသည်။

ယာဉ်ဟောင်းလက်ခံရာဌာနသို့ လာရောက်အပ်နှံသောယာဉ်များတွင် အရည်အသွေးညံ့၍ ဥပဓိရုပ်မကောင်း သောယာဉ်များပြားပြီး အခြားယာဉ်များ လာရောက်အပ်နှံမှုနည်းပါးသည်ဟု ဝန်ကြီးက ဆိုသည်။ အဆိုပါအပ်နှံနိုင် သည့်ယာဉ်သုံးမျိုးကို ၂ဝ၁၄ခုနှစ်၊ ဒီ ဇင်ဘာ၃၁ရက်နောက်ဆုံးထားအပ်နှံ ရန် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ် ပြန်ထားခြင်းဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏စာရင်းများအရ လက်ရှိတွင် အပ်နှံ နိုင်သည့် ဇုန်ထုတ်ယာဉ်စီးရေရှစ်သောင်း ကျော်၊ သုံးဘီးကား ခုနစ်ရာခန့်နှင့် ထုတ် လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ကျော်ရှိ ယာဉ်စီးရေ ကိုးသောင်းနီးပါးကျန်ရှိနေ ကြောင်း ဝန်ကြီးကပြောဆိုခဲ့သည်။

Yangon Media Group
စက်မှုဇုန်ထုတ်ယာဉ်ဟောင်း များ၊ သုံးဘီးကားများနှင့် ထုတ်လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးထားအပ်နှံရမည့်အချိန်ကို တိုးမြှင့်သတ်မှတ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးချန်မောင်က ပြောဆိုလိုက် သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏ယာဉ်အိုယာဉ်ဟောင်းများအပ်နှံရန် သတ်မှတ်ချက်အား အချိန်တစ်နှစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိမရှိမေးခွန်းကို မော်လမြိုင်မဲဆန္ဒနယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေြး<ွကယ် က နိုဝင်ဘာ ၂၅ရက်က ပြည်သူ့လွှတ် တော်တွင်မေးမြန်းခဲ့ရာ ဒုဝန်ကြီးက အ ထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

ဦးချန်မောင်က ''ဒီနေ့အထိ ယာဉ် ဟောင်းအပ်နှံမှုနည်းပါးခြင်းဟာ ယာဉ် ဟောင်းအပ်နှံမှုလက်ခံ ဆောင်ရွက်ပေး တဲ့ ကျွန်တော်တို့ဝန်ကြီးဌာနမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ရဲ့ရုံးတွေက လုပ်ငန်းမနိုင်လို့ နည်းပါး ရခြင်းမဟုတ်ဘဲ ပိုင်ရှင်များရဲ့ဆန္ဒအရ အပ်နှံမှုနည်းခြင်းဖြစ်တဲ့အတွက်ကြောင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ၃၁ရက် နောက် ဆုံးထားပြီး အပ်နှံရန်သတ်မှတ်ချက် ကို တိုးမြှင့်ပေးရန် အစီအစဉ်မရှိ''ဟု ဆိုသည်။

ယာဉ်ဟောင်းလက်ခံရာဌာနသို့ လာရောက်အပ်နှံသောယာဉ်များတွင် အရည်အသွေးညံ့၍ ဥပဓိရုပ်မကောင်း သောယာဉ်များပြားပြီး အခြားယာဉ်များ လာရောက်အပ်နှံမှုနည်းပါးသည်ဟု ဝန်ကြီးက ဆိုသည်။ အဆိုပါအပ်နှံနိုင် သည့်ယာဉ်သုံးမျိုးကို ၂ဝ၁၄ခုနှစ်၊ ဒီ ဇင်ဘာ၃၁ရက်နောက်ဆုံးထားအပ်နှံ ရန် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ် ပြန်ထားခြင်းဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏စာရင်းများအရ လက်ရှိတွင် အပ်နှံ နိုင်သည့် ဇုန်ထုတ်ယာဉ်စီးရေ ရှစ်သောင်း ကျော်၊ သုံးဘီးကား ခုနစ်ရာခန့်နှင့် ထုတ် လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ကျော်ရှိ ယာဉ်စီးရေ ကိုးသောင်းနီးပါးကျန်ရှိနေ ကြောင်း ဝန်ကြီးကပြောဆိုခဲ့သည်။

Yangon Media Group 

No comments:

Post a Comment