Thursday 27 November 2014

မရမ်းကုန်၌ အခမဲ့ရေပေးဝေရေးစနစ် ဂျပန်ကုမ္ပဏီ စည်ပင်သာယာ ပူးပေါင်းအကောင်အထည်ဖော်မည်

ရန်ကုန်၊ ဂျပန်နိုင်ငံအခြေစိုက် TSS Tokyo Water ကုမ္ပဏီနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီတို့ သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တွင် အခမဲ့ရေပေးဝေရေး စီမံ ကိန်းအား ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့ ၏ ၃၈ ရာခိုင်နှုန်း၊ လူဦးရေ ၅ ဒသမ ၁၅ မီလီယံအား ရေခွန်ဖြင့် ရေပေးဝေနေခြင်း ဖြစ်သည်။

''ဒီစီမံကိန်းအရ လာမယ့်ငါးနှစ်အ တွင်း မရမ်းကုန်းမြို့မှာ နေထိုင်တဲ့သူတွေ အားလုံး ပိုက်လိုင်းတွေကနေ တစ်ဆင့် ရေသန့်တွေကို စတင်သုံးစွဲနိုင်တော့မှာ ဖြစ်တယ်''ဟု ဂျပန်အခြေစိုက် TSS Tokyo Water ကုမ္ပဏီမှ ဥက္ကဋ္ဌ Dr.Atsushi Masuko က ပြောသည်။

အဆိုပါစီမံချက်တွင် ရေပေးဝေမှု စနစ် တပ်ဆင်ခြင်း၊ ပျက်စီးသွားသော အိမ်များမှ ရေမီတာများ ပြန်လည် တပ်ဆင်ခြင်း၊ ရေစုပ်စက်တပ်ဆင်ခြင်း၊ ရေစိမ့်ခြင်းအား ပြန်လည်ပြုပြင်ခြင်း၊ ပိုက်များပြောင်းလဲ တပ်ဆင်ခြင်းများ လုပ် ဆောင်သွားမည် ဖြစ်သည်။

''TSS ကုမ္ပဏီအနေနဲ့ မြန်မာနိုင် ငံသားတွေ လုံခြုံစိတ်ချရတဲ့ ရေကောင်း ရေသန့်တွေကို သုံးစွဲနိုင်ဖို့ သူတို့တွေရဲ့ အတွေ့အကြုံတွေ၊ နည်းပညာတွေနဲ့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး မြို့တော်ဝန် ဦးလှ မြင့်က ပြောသည်။

အဆိုပါ TSS Tokyo Water ကုမ္ပဏီသည် ဂျပန်နိုင်ငံအခြေစိုက် ရေ ပေးဝေရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ၄င်း တို့၏ နည်းပညာများဖြင့် သန့်စင်သော ရေပေးဝေမှုစနစ်များအတွက် ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီဖြစ် ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment