Thursday 27 November 2014

တရုတ်ကျောက်မီးသွေးတွင်း မီးလောင်မှု သေဆုံးသူ ၂၆ ဦး ရှိပြီ

Photo: တရုတ်ကျောက်မီးသွေးတွင်း မီးလောင်မှု သေဆုံးသူ ၂၆ ဦး ရှိပြီ
Thursday, November 27, 2014
  
တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်းပြည်နယ်က ကျောက်မီးသွေးတွင်းတခုမှာ မီးလောင်ခဲ့လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သေဆုံးသူအရေအတွက် အနည်းဆုံး ၂၆ ယောက် ရှိပြီ ဖြစ်ပြီး အယောက် ၅၀ ဒဏ်ရာရတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။

ကမ္ဘာ့ကျောက်မီးသွေးအထုတ်လုပ်ဆုံးနိုင်ငံရဲ့ ဘေးကင်းရေးစံချိန် အားနည်း မှုကို ထောက်ပြသလို ဖြစ်ခဲ့တာပါ။

နိုင်ငံပိုင် ဖုရှင်းကျောက်မီးသွေးကော်ပိုရေရှင်းရဲ့ လက်ခွဲ ကျောက်မီးသွေး တွင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညသန်းခေါင်က ဒေသတွင်းမှာ လှုပ်ခဲ့တဲ့အားနည်းတဲ့ငလျင်ကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ မီးလောင်ခဲ့တာလို့ ကုမ္ပဏီရဲ့ ကြေညာချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက အစီရင်ခံပါတယ်။

တရုတ်နိုင်ငံပိုင် ရုပ်သံ စီစီတီဗွီကတော့ ဒေသတွင်းဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ကုသခံနေတဲ့ ဆိုးရွားပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရနေတဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရိုက်ကူးပြသပါတယ်။

ဒဏ်ရာရသူ ၅၀ ထဲက ၈ ယောက်ဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ အသည်းအသန် ဖြစ်နေတယ်လို့ စီစီတီဗွီသတင်းဌာနက ပြောပါတယ်။

တရုတ်သတ္တူ၊တွင်းတွေဟာ ဘေးကင်းရေးစံချိန်တွေ၊ ကြပ်မတ်မှု အားနည်းတာနဲ့ ဈေးကွက်တောင်းဆိုမှုကို အလျင်မီအောင် လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့လူသေမှုအများဆုံး တွေထဲက တခုပါ။

အစိုးရရဲ့ စာရင်းအင်းတွေအရ မနှစ်က သတ္တူ၊တွင်း မတော်တဆမှု ၅၈၉ မှုအတွင်း လူအယောက် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ပါတယ်။

လုပ်ငန်းခွင်ဘေးကင်းရေး တိုးတက်ဖို့နဲ့ လုပ်နိုင်စွမ်း ခေတ်မမီမှုကို ပြုပြင်ဖို့ အားထုတ်တဲ့ အနေနဲ့ ၂၀၁၅ ခုနှစ်က စပြီး အသေးစား ကျောက်မီးသွေးတွင်း ၂ ထောင်ကျော်ကို ပိတ်ပစ်ဖို့ တရုတ်အစိုးရက စီစဉ်နေပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ - ရိုက်တာ  
တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်းပြည်နယ်က ကျောက်မီးသွေးတွင်းတခုမှာ မီးလောင်ခဲ့လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သေဆုံးသူအရေအတွက် အနည်းဆုံး ၂၆ ယောက် ရှိပြီဖြစ်ပြီး အယောက် ၅၀ ဒဏ်ရာရတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။

ကမ္ဘာ့ကျောက်မီးသွေးအထုတ်လုပ်ဆုံးနိုင်ငံရဲ့ ဘေးကင်းရေးစံချိန် အားနည်းမှုကို ထောက်ပြသလို ဖြစ်ခဲ့ တာပါ။

နိုင်ငံပိုင် ဖုရှင်းကျောက်မီးသွေးကော်ပိုရေရှင်းရဲ့ လက်ခွဲ ကျောက်မီးသွေး တွင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် နေ့ ညသန်းခေါင်က ဒေသတွင်းမှာ လှုပ်ခဲ့တဲ့အားနည်းတဲ့ငလျင်ကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ မီးလောင်ခဲ့တာလို့ ကုမ္ပဏီရဲ့ ကြေညာချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက အစီရင်ခံပါတယ်။

တရုတ်နိုင်ငံပိုင် ရုပ်သံ စီစီတီဗွီကတော့ ဒေသတွင်းဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ကုသခံနေ တဲ့ ဆိုးရွားပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရနေတဲ့ ရှင်သန်ကျန်ရစ်သူတွေကို ရိုက်ကူးပြသပါတယ်။

ဒဏ်ရာရသူ ၅၀ ထဲက ၈ ယောက်ဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ အသည်းအသန် ဖြစ်နေတယ် လို့ စီစီတီဗွီသတင်းဌာနက ပြောပါတယ်။

တရုတ်သတ္တူ၊တွင်းတွေဟာ ဘေးကင်းရေးစံချိန်တွေ၊ ကြပ်မတ်မှု အားနည်းတာနဲ့ ဈေးကွက်တောင်းဆိုမှုကို အလျင်မီအောင် လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့လူသေမှုအများဆုံး တွေထဲက တခုပါ။

အစိုးရရဲ့ စာရင်းအင်းတွေအရ မနှစ်က သတ္တူ၊တွင်း မတော်တဆမှု ၅၈၉ မှုအတွင်း လူအယောက် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ပါတယ်။

လုပ်ငန်းခွင်ဘေးကင်းရေး တိုးတက်ဖို့နဲ့ လုပ်နိုင်စွမ်း ခေတ်မမီမှုကို ပြုပြင်ဖို့ အားထုတ်တဲ့ အနေနဲ့ ၂၀၁၅ ခုနှစ်က စပြီး အသေးစား ကျောက်မီးသွေးတွင်း ၂ ထောင်ကျော်ကို ပိတ်ပစ်ဖို့ တရုတ်အစိုးရက စီစဉ်နေ ပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment