Thursday 27 November 2014

၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသောအလှည့်အပြောင်းဟု သမ္မတပြော

Photo: ၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသောအလှည့်အပြောင်းဟု သမ္မတပြော
Thursday, November 27, 2014

၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး အတွက် အဓိကကျသော အလှည့်အပြောင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံရေးပါတီ ၆၀ ကျော် တက်ရောက်သော နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး တွေ့ ဆုံပွဲကို ယခုလ ၂၆ ရက်တွင် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘၂၀၁၅ အထွေထွေရွေး ကောက်ပွဲဟာဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မှာ အဓိကကျတဲ့ အလှည့်အ ပြောင်းကြီးတစ်ခုဖြစ်ပါတယ်’’ဟု သမ္မတကပြောကြားခဲ့သည်။

ထိုကဲ့သို့အောင်မြင်စွာ ကျင်းပနိုင်ကာ ပြည်သူကို ကိုယ်စားပြု သော အစိုးရတစ်ရပ်ပေါ်ထွန်းလာ ရေးအတွက် လိုအပ်သောကြား ကာလနိုင်ငံရေးတည်ငြိမ်မှုရရှိစေ ရန်အတွက် နိုင်ငံရေးပါတီများမှ အမြော်အမြင်ကြီးကြီးရှုမြင်ကာ ပြည်သူလူထု၏ မျှော်လင့်ချက် များကို အကောင်အထည်ပေါ် လာစေရန် ဆောင်ရွက်ပေးစေလို ကြောင်း သမ္မတက တိုက်တွန်း ပြောကြားသည်။

ဒီမိုကရေစီ၏ သဘော တရားအရ နိုင်ငံရေးတွင် ယှဉ်ပြိုင်မှု၊ အားပြိုင်မှုများရှိနေသည်ကို သဘာဝကျကျလက်ခံရမည်ဖြစ် သော်လည်း လက်ရှိရရှိထားသော အောင်မြင်မှုများ၊ နိုင်ငံရေးဖြစ် ထွန်းမှုများဆက်လက်တိုးတက် စေရန် ၀ိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးသည် ရွေးကောက်ပွဲကော် မရှင်ပေါ်တွင် အဓိကမူတည်နေ ပြီး သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ် လာစေရေးသည် အဓိကကျသော အချက်ဖြစ်ကြောင်း  နိုင်ငံရေးအသိုင်းအ၀ိုင်းက လေ့လာသုံးသပ် ထားသည်။

7Day DAILY 

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေသည့် သမ္မတဦးသိန်းစိန်(ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေ သည့် သမ္မတဦးသိန်းစိန်(ဓာတ်ပုံ - ကျော်ဇင်သန်း)
၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး အတွက် အဓိက ကျသော အလှည့်အပြောင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံရေးပါတီ ၆၀ ကျော် တက်ရောက်သော နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲကို ယခုလ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘၂၀၁၅ အထွေထွေရွေး ကောက်ပွဲဟာဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အဓိက ကျတဲ့ အလှည့်အ ပြောင်းကြီးတစ်ခုဖြစ်ပါတယ်’’ဟု သမ္မတကပြောကြားခဲ့သည်။

ထိုကဲ့သို့အောင်မြင်စွာ ကျင်းပနိုင်ကာ ပြည်သူကို ကိုယ်စားပြုသော အစိုးရတစ်ရပ်ပေါ်ထွန်းလာ ရေး အတွက် လိုအပ်သောကြား ကာလနိုင်ငံရေးတည်ငြိမ်မှုရရှိစေ ရန်အတွက် နိုင်ငံရေးပါတီများမှ အမြော် အမြင် ကြီးကြီးရှုမြင်ကာ ပြည်သူလူထု၏ မျှော်လင့်ချက်များကို အကောင်အထည်ပေါ် လာစေရန် ဆောင်ရွက် ပေးစေလို ကြောင်း သမ္မတက တိုက်တွန်း ပြောကြားသည်။

ဒီမိုကရေစီ၏ သဘောတရားအရ နိုင်ငံရေးတွင် ယှဉ်ပြိုင်မှု၊ အားပြိုင်မှုများရှိနေသည်ကို သဘာဝကျကျ လက်ခံရမည်ဖြစ်သော်လည်း လက်ရှိရရှိထားသော အောင်မြင်မှုများ၊ နိုင်ငံရေးဖြစ် ထွန်းမှုများဆက်လက် တိုးတက်စေရန် ၀ိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြော သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးသည် ရွေးကောက်ပွဲကော် မရှင်ပေါ်တွင် အဓိကမူတည်နေပြီး သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ် လာစေရေးသည် အဓိက ကျသော အချက်ဖြစ်ကြောင်း  နိုင်ငံရေးအသိုင်းအ၀ိုင်းက လေ့လာသုံးသပ် ထားသည်။

7Day DAILY 

No comments:

Post a Comment