Thursday 27 November 2014

မြစ်ဝှမ်းဒေသ စီမံခန့်ခွဲမှု ဂျပန် နည်းပညာ ကူညီမည်

သစ်တောပြုန်းတီးမှုများနှင့် သယံဇာတ အလွန်အကျွံ ထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာနေသည့် မြန်မာနိုင်ငံ၏ မြစ်ဝှမ်းဒေသများ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအတွက် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က နည်းပညာ အကူအညီပေးမည် ဖြစ်ကြောင်း ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု သုတေသနအဖွဲ့ (ARBRO) ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ဆွေဆွေအေးက ပြောကြားသည်။

“နည်းပညာရပ်တွေမှာ ဆိုရင် ဆော့ဝဲလ်တွေနဲ့ အဝေးက လေ့လာစူးစမ်းတဲ့ နည်းပညာတွေကို အသုံးချ သွားမှာပါ။ ဒါတွေအတွက် ဂျပန်က နည်းပညာပေးမယ်။ ထိန်းသိမ်းရေးကတော့ သက်ဆိုင်ရာ ဌာနနဲ့ ရေသယံဇာတ မိတ်ဖက်အဖွဲ့အစည်းတွေက လုပ်သွားမယ်” ဟု ၎င်းကဆိုသည်။

မြစ်ဝှမ်းဒေသများကို သိပ္ပံနှင့် နည်းပညာကို အသုံးချ၍ စီမံခန့်ခွဲခြင်းကို ဂျပန်နိုင်ငံ၊ ဂျပန်ရေ အသုံးချ အေဂျင်စီ၊ တိုကျိုတက္ကသိုလ်နှင့် အာရှမြစ်ဝှမ်းလွင် ပြင်ဒေသကွန်ရက်တို့က ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး ဧရာဝတီ မြစ်ရေလမ်းကြောင်း ဖွံ့ဖြိုးရေးကဏ္ဍအတွက် အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice Weekly 

No comments:

Post a Comment