Friday 24 October 2014

မြောက်ကိုရီးယားအား နိုင်ငံတကာရာဇ၀တ်မှု တရားရုံးတင်ရန် ကုလစုံစမ်းရေး အဖွဲ့ တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ အပေါ် လေ့လာ မှု များ လုပ်ဆောင်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေး အဖွဲ့ခေါင်းဆောင် သြစတြေးလျ တရားသူကြီးက ကုလ သမဂ္ဂအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ လှည့်စားနေမှုများကို လက်မခံဘဲ အဆိုပါနိုင်ငံ အတွင်း ဖြစ်ေ ပ်ါနေ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံးတွင် အရေး ယူရန် အောက်တိုဘာ ၂၂ ရက်က တိုက်တွန်းပြောကြားလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် မြောက်ကိုရီးယားတို့၏ လက်တလောအလျော့ပေး လာမှုများအတွက် လိုက်လျော စဉ်းစားပေးစရာ မလိုပဲ နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးရုံးသို့သာ လွှဲပြောင်းပေးသင့်သည် ဟု တရားသူကြီး မိုက်ကယ် ကာဘိုင်က ပြောကြားသည်။ကုလသမဂ္ဂအနေဖြင့် ဆုံးဖြတ်ချက်ချရမည့်အခြေအနေကို ရောက်ရှိနေပြီး မြောက်ကိုရီးယားအပေါ် လိုက်လျော မှု များပြုလုပ်မပေးမိရန် အလွန်အရေးကြီးသည်ဟု ကာဘိုင်က နယူးယောက်ရှိ ကုလသမဂ္ဂဌာန ချုပ် ၌ သတင်းသမားများကို ပြောကြားသည်။

ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ပြုံယမ်းအစိုးရ၏ ရက်စက်သည့် လုပ်ရပ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် မြောက်ကိုရီးယားနိုင်ငံရှိ အကျဉ်းစခန်းများ၊ အာဏာပိုင် များ၏ ညှင်း ပန်းနှိပ် စက် မှုများ၊ ကျွန်ပြုခိုင်းစေခြင်းများ၊အဓမ္မပြုကျင့်မှုများ၊ အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းခြင်းများ စသည်တို့နှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာများ နှင့် အခြားသော ရက်စက်သည့် လုပ်ရပ်များကို
အသေးစိတ်ဖော်ပြထားသည်။

အဆိုပါ ရက်စက်ကြမ်းတမ်းသည့် လုပ်ရပ်များနှင့် ပတ်သက်၍ ယုံကြည်ရလောက်သည့် အထောက်အထား များရရှိထားသည်ဟု ကာဘိုင်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားကလည်း အဆိုပါ အထောက် အထားများကို ပြန်လည်ချေပသည့် အစီရင်စာတစ်စောင်ကို ကုလသမဂ္ဂသို့ ပေးပို့ထားကြောင်း သိရ သည်။ မြောက်ကိုရီးယားအနေဖြင့် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများကို သဘောတူထားသော်လည်း ကန့်သတ် ချက်များ ရှိနေသည်ဟု ကာဘိုင်က ပြောသည်။

မြောက်ကိုရီးယားတသည် ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား တို့နှင့် ဆွေးနွေးမှု များပြန်လည် ပြုလုပ်ခဲ့ပြီး ဖမ်းဆီးထားသော အမေရိကန် နိုင်ငံသား တစ်ဦး ကို အောက် တိုဘာ ၂၁ ရက်ကို ပြပန်လည်လွှတ်ပေးခဲ့သည့်အပြင် လာမည့်သီတင်းပတ်တွင် ဂျပန်သံတမန်များ တရားဝင် အလည်ခရီးလာရောက်ရန် ဖိတ်ကြားမှုများပြုလုပ်ထားခဲ့သည်။

အဆိုပါ လုပ်ရပ်များသည် နိုင်ငံတကာအသိုင်းအ၀ိုင်းကို မပြောပလောက်သော လိုက်လျောမှုများ ထုတ်ဖော်ပြနေခြင်းဖြစ်သည်ဟု ကာဘိုင်က ဆိုသည်။

လက်ရှိအချိန်တွင် ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံအပေါ် သင့်တော်သည့် အရေး ယူမှု များပြုလုပ်ရန် လုံခြုံရေးကောင်စီအား တောင်းဆိုထားသည့် အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်ပြခဲ့သည်။ အဆိုပါ တင်ပြချက်တွင် ရက်စက်ကြမ်းတမ်းသည့် လုပ်ရပ်များအား ထိပ်ပိုင်းခေါင်းဆောင် များက ညွှန်ကြားခိုင်းစေခဲ့ခြင်းဖြစ်သောကြောင့် အဓိကတာဝန်ရှိသူများကို တရားစွဲဆို သွားရန် ပါရှိသည်။

တောင်ကိုရီးယားနိုင်ငံသို့ ယခုလအစောပိုင်းက မြောက်ကိုရီးယားထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ သွားရောက် လည် ပတ်စဉ်အတွင်း နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ သည်။ တောင်ကိုရီးယားနိုင်ငံက အောက်တိုဘာ ၃၀ ရက်တွင် ဆွေးနွေးပွဲ စတင်ရန်အဆိုပြုခဲ့သော် လည်း တောင်ကိုရီးယားနိုင်ငံ၏ ရန်စသော လုပ်ရပ်များကြောင့် အဆိုပါ အဆင့်မြင့်ဆွေးနွေးပွဲများသည် ပျက်ပြား သွားနိုင်ဖွယ်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာ၂၃ ရက်တွင် သတိပေးပြော ကြား ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment