Friday 24 October 2014

တရုတ်က ဆန်တန်ချိန် နှစ်သိန်း ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူမည်

 နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ ဆွေးနွေးပြီးနောက် ၂၀၁၅ နှစ်ဆန်းတွင် မြန်မာနိုင်ငံမှ ဆန်ကြမ်း တန် ချိန် နှစ်သိန်းကို ပထမဆုံးအကြိမ် တရားဝင် ၀ယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
‘‘ဟိုဘက်က ကမ်းလှမ်းတဲ့အဆင့်ပါ။ ၀န်ကြီးဌာနချင်း သဘောတူညီချက်ထိုးဖို့ရှိသေး  တယ်’’ဟု မြန် မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေး မှူးဒေါက်တာ စိုးထွန်းကပြော ကြားသည်။

တရုတ်နိုင်ငံသည် မြန်မာ့ ဆန်ကို တရားဝင်ဝယ်ယူရာတွင်  တရုတ်အစိုးရလက်အောက်ရှိ နို့ထွက်၊ ဆီနှင့် အစားအသောက် ကော်ပိုရေးရှင်းက ၀ယ်ယူခြင်း ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍအနေ ဖြင့် ၀ယ်ယူမှုမှာ နောက် ပိုင်း မှ သာရှိလာနိုင်မည်ဟု သိရသည်။

ဆန်ဝယ်ယူရာတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်း နှင့် နယ်စပ်ကုန်သွယ်ရေးမှ တန် ချိန် တစ်သိန်း တင်ပို့ရန်စီစဉ်ထား ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးရဲမင်းအောင် ကပြောကြား သည်။

ယင်းကဲ့သို့တင်ပို့နိုင်ရန် ဆန်တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်း ကော်မတီကို အောက်တိုဘာ ၂၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆန်စပါးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ၊ ဆန်ကုန်စည် ဒိုင်စသည်တို့မှ ကိုယ်စားလှယ်များ ပါဝင်ကာ အဖွဲ့ဝင် ၃၆ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြ င်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ဆန်တန် ချိန် သုံးထောင် ခန့် တင်ပို့ရောင်း ချလျက်ရှိသည်။ သို့သော်မြန်မာ့ ဆန်များကို တရုတ်နိုင်ငံမှ တရား မ၀င် ၀ယ်ယူေ နခြင်းဖြစ်ပြီး ဈေး နှိမ်ခံရခြင်းနှင့် မကြာခဏ ဖမ်းဆီးခံရခြင်းများ ကြုံတွေ့နေရ ကြောင်း မူဆယ်နယ်စပ်မှ တစ် ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ နေသည့် မန္တလေးနှင့် မူဆယ်မှ ဆန်ကုန်သည်များကပြောသည်။

လက်ရှိမြန်မာမှ  တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်ဖြစ်သော်လည်း တရုတ်ဘက် တွင် တရားမ၀င် တင်သွင်းနေရခြင်း ဖြစ်သည်။ ကူမင်းမြို့တွင် ဆန်ကုန်သည်များကို ဖမ်းဆီးနေခြင်းကြောင့် မူဆယ်ဆန်ဈေးကွက်တွင် အရောင်းအ၀ယ်ရပ်တန့်နေကြောင်း မူဆယ်မြို့မှ ဆန်ကုန်သည် ဦးမင်းသိန်းကပြောကြားသည်။

‘‘အခုယူနမ်ပြည်နယ်မှူးက မူဝါဒအကိုင်ကြမ်းတယ်။ ဆန်သ မားတွေ ဘယ်လိုမှ ရောင်းမရ ဘူး’’ဟု ၎င်းကပြောကြားသည်။

လက်ရှိပြည်တွင်းဈေးကွက် တွင် ဆန်သစ်များ စတင်ဝင် ရောက်နေပြီး တရုတ်နိုင်ငံသို့ ပုံ မှန်တင်ပို့မှုက လည်း အဖမ်းအဆီး များကြောင့် အားနည်းလာသဖြင့် ဆန်ကြမ်း ဈေးနှုန်း ကျဆင်းလာ သည်။ ပြည် တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးသည် တစ်အိတ် လျှင် ကျပ် ၁၇,၀၀၀ ၀န်းကျင်ရှိပြီး ယခင် ထက်ကျပ် ၁၀၀၀ ခန့်ဈေးနှုန်းကျ ဆင်းလာကြောင်း ပြည်ပသို့ ဆန် တင်ပို့နေသော ဆန်ကုန်သည် ဦးမျိုးသူရအေး က ပြောကြား သည်။

ပြည်တွင်းဈေးကွက်တွင် စပါးဈေးမှာလည်း တင်းတစ်ရာ ကို ကျပ်သုံးသိန်းရှစ်သောင်းမှ သုံးသိန်းနှစ်ေ သာင်းကြား သာ ရှိ သည်။ နေရာဒေသအလိုက်နှင့် စပါးအစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်း ကွာခြားခြင်းဖြစ်သည်။

မြန်မာ့ဆန်ကို ပြည်ပဈေး ကွက်သို့ တင်ပို့ရာတွင် စက်တင် ဘာလကုန်အထိ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်ခုပေါင်းမှ တန်ချိန် ခုနစ်သိန်း တင်ပို့ထားသည်။ ယခုနှစ်ပွင့် လင်းရာသီတွင် တစ်လလျှင် ဆန် တန်ချိန် တစ်သိန်းခန့်ပုံမှန်တင်ပို့ ရန်မျှော်မှန်းထားပြီး ဘဏ္ဍာနှစ် တွင် ဆန်တန်ချိန်တစ်သန်းခွဲခန့်ရှိ နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်မှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် အိန္ဒိယ နိုင်ငံကလည်း လစဉ်တစ်လလျှင် ဆန်တန်ချိန် နှစ်သောင်းနှုန်းဖြင့် မြန်မာ့ ဆန်တန်ချိန် သိန်းချီဝယ်ယူ ရန် ကမ်းလှမ်းထားသည်။

7Day DAILY

No comments:

Post a Comment