Friday 24 October 2014

လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့ကြောင့် ကွင်းဆက်များ ပျောက်ဆုံးနေ မြန်မာလုပ်သားနှစ်ဦးနှင့် မိဘများ ယနေ့ တွေ့မည်

လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်တွင် ကွင်းဆက်များ ပျောက်ဆုံးနေသဖြင့် အဆိုပါ ကွင်းဆက်များ ရှာဖွေ ၍ ပြန်ဆက် ပေးရန် သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ အကူ အညီတောင်းခံ လိုက်ပြီး ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် ၎င်းတို့၏ မိဘများယနေ့ တွေ့ဆုံ မည် ဖြစ်သည်။
လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် ထိုင်းရဲတပ်ဖွဲ့က ဆန္ဒစောစွာ လုပ်ဆောင်ခဲ့သဖြင့် လူသတ်မှု ကွင်းဆက် များ ပျက်စီးပျောက် ဆုံးနေ၍ အဆိုပါကွင်းဆက်များ ရှာဖွေကာ ပြန်လည်ဆက်ပေးရန်  သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများကောင်စီထံ အကူအညီ တောင်းခံလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်၌ မြန်မာလုပ်သားနှစ်ဦး ဘက်မှ ကူညီ မှုပေးရန် အောက် တိုဘာ ၂၂ ရက်က ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးသို့ လာရောက်စဉ် သံအမတ်ကြီး က အထက်ပါ အတိုင်း အကူအညီတောင်းခံ လိုက်ခြင်းဖြစ်သည်။

‘‘ဆန္ဒစောပြီး လုပ်လိုက်လို့ ဒီလိုပြဿနာမျိုးတွေဖြစ်လာတာ။ အမှုကွင်းဆက်တွေက လည်း ပျက်ပြီးပျောက် ဆုံးနေ တယ်’’ဟု သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများ ကောင်စီအား ပြောကြားသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် လိပ်ကျွန်းလူသတ် မှုကို ကူညီရန် ၎င်းတို့အဖွဲ့မှ စစ်ဆေးမှုအထူး ကျွမ်းကျင် သူ ၁၂ဦးဖြင့် အခမဲ့ လုပ်ဆောင်သွား မည်ဟု ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ ဥက္ကဋ္ဌ က ပြောသည်။ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲလူသတ်မှုတွင် ၎င်းတို့ မပါဝင်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီအား ပြောကြားထားကြောင်း ၎င်းကဆက် ပြောသည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် အောက် တိုဘာ ၂၂ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ယနေ့အောက်တို ဘာ ၂၄ ရက်တွင် ၎င်းတို့သားကို ထားရှိသော ကော့စမွီ ထောင်သို့ မြန်မာသံရုံး အထူးအဖွဲ့နှင့် အတူသွားရောက်၍ တွေ့ဆုံကြ မည် ဖြစ်သည်။

‘‘ထိုင်းရှေ့နေများကောင်စီ ကိုတောင် သူတို့မလုပ်ပါဘူးလို့ ၀န်ခံထားတော့ သူတို့မိဘတွေနဲ့ တွေ့ရင် အမှန် အတိုင်းပြောမှာ သေချာပါတယ်။ ထူးခြားမှုတော့ ရှိမှာပါ’’ဟု မြန်မာသံရုံးအထူး အဖွဲ့မှ ဦးထူးချစ်ကပြော သည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ် သားနှစ်ဦးအား မတရားဖမ်းဆီး၍ အကြမ်းဖက်ရိုက်နှက်စစ်ဆေးမှု များပြုလုပ် ခဲ့ကြောင်း သိရှိ၍ ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် ထိုင်းနိုင်ငံလူ့အခွင့်အရေးရာ ကောင်စီ သည် ဖမ်းဆီး ခံမြန် မာ လုပ်သား နှစ်ဦးအတွက် ကူညီမှုများပေးရန် ဆောင်ရွက်လျက်ရှိသည်။

‘‘အခုဖြစ်နေတာက ရဲတပ်ဖွဲ့ကလည်း အပြစ်မရှိဘူး။ အမှုစစ် ဆေးတဲ့အခါမှာ စကားပြန်လုပ်သူ က စကားပြန် တာမှာ ကွဲလွဲမှု ကြောင့်ဖြစ်တာလို့ ပြောနေကြ တယ်။ နောက်ဆုံးသတင်းအရဆို ရင် လူသတ်မှုမှာ မြန်မာနှစ် ယောက်က ဘယ်လိုမှ မပါနိုင်ဘူး’’ဟု ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးအရေး ကူညီဆောင်ရွက်ပေး နေသူ တစ်ဦးကပြောသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား သံခြေချင်းခတ်၍ ဖမ်းဆီးထားမှုအပေါ် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးက စာတစ် စောင်ထုတ်ကာ ကန့်ကွက် တောင်းဆိုခဲ့သည်။ မြန်မာလုပ် သားနှစ်ဦးနှင့် ထိုင်း နိုင် ငံရှေ့နေ များကောင်စီတို့ တွေ့ ဆုံရာတွင် မြန်မာလုပ်သားနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က သံခြေချင်းများခတ်၍ ဖမ်းဆီး ထားရှိကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက သံအမတ် ကြီးဦးဝင်းမောင်အား ပြော သည်။ မြန်မာလုပ်သားနှစ်ဦးသည် တရားခံဟုသေချာမရှိသေးချိန်တွင် သံခြေချင်းများဖြင့် ထားရှိခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီကပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ ရုံးသည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးနှင့် ၎င်းတို့၏ မိဘများတွေ့ ဆုံချိန်တွင် လွတ်လပ်စွာ စကား ပြောခွင့်ရရန်နှင့် သံခြေချင်းခတ် မထားရန်အတွက် အောက်တိုဘာ ၂၃ ရက် တွင် တောင်း ဆိုစာ တစ်စောင်ထုတ်ပြန်ခဲ့သည်။

7Day DAILY

No comments:

Post a Comment