Friday 24 October 2014

အာဆီယံရေတပ်များ ပထမအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင် မြန်မာ့ရေတပ်မတော် ပူးပေါင်းလေ့ကျင့်မည်

Photo: အာဆီယံရေတပ်များ ပထမအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင်
မြန်မာ့ရေတပ်မတော် ပူးပေါင်းလေ့ကျင့်မည်
Friday, October 24, 2014

တောင် တရုတ်ပင်လယ်တွင်ပြုလုပ်မည့် အာ ဆီယံရေတပ်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင် မြန်မာ့ရေတပ်မတော်လည်း ပါဝင် ပူးပေါင်းလေ့ကျင့်မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အဆင့်မြင့်အရာ ရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

အာဆီယံရေတပ်မတော်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်း လေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် ပြင်တွင် ၂ဝ၁၅ခုနှစ် ပထမခြောက် လပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ (F 11) နှင့် ကင်းလှည့် စစ်ရေယာဉ်များ ပါဝင်ပူးပေါင်းလေ့ ကျင့်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

''အာဆီယံရေတပ်တွေပူးပေါင်း စစ်ရေးလေ့ကျင့်မှုဖြစ်မြောက်ဖို့ အ စည်းအဝေးကို မြန်မာနိုင်ငံက ရေ တပ်ဦးစီးချုပ်ကိုယ်တိုင် တက်ရောက် ခဲ့တာပါ။ အောင်ဇေယျဖရီးဂိတ်စစ် ရေယာဉ်က ပြည်ပနဲ့ စစ်ရေးလေ့ကျင့် မှုတွေရှိခဲ့ဖူးတော့ လောလောဆယ် တော့ အဲဒီစစ်ရေယာဉ်ပဲ သွားရောက် ပူးပေါင်းလေ့ကျင့်ဖို့ များပါတယ်။ သူနဲ့အတူ ကင်းလှည့်စစ်ရေယာဉ်များ ပါသွားနိုင်ပါတယ်''ဟု တပ်မတော် (ရေ)မှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

အောင်ဇေယျ (F 11) ဖရီးဂိတ် စစ်ရေယာဉ်သည် မြန်မာနိုင်ငံတွင် တပ်မတော်မှ ပညာရှင်များကိုယ်တိုင် ပထမဆုံးတည်ဆောက်ခဲ့သည့် ဖရီး ဂိတ်စစ်ရေယာဉ်ဖြစ်ပြီး ယင်းသင်္ဘော တွင် သင်္ဘောဖျက်ဒုံးများတပ်ဆင် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောင်ဇေယျ (F 11)၊ မဟာဗန္ဓုလ (F 21)၊ မဟာ သီဟသူရ (F 23) အစရှိသည့် ဖရီး ဂိတ် စစ်ရေယာဉ်သုံးစင်းမှာ တပ်မ တော်ဝင်၍ တာဝန်ထမ်းဆောင်နေ ပြီဖြစ်ပြီး ရေဒါဖမ်းယူခြင်းမှ ကင်း လွတ်နိုင်သည့် ကိုယ်ပျောက်စစ်ရေ ယာဉ်များဖြစ်သည့် ကျန်စစ်သား (F 12)နှင့် ဆင်ဖြူရှင် (F 14) တို့မှာ ရေချပြီးပြီဖြစ်ပြီး တပ်တော်ဝင်နိုင် ရန် စစ်လက်နက်ပစ္စည်းများတပ် ဆင်ခြင်းများ ပြုလုပ်နေသည်။

''မြန်မာ့ရေတပ်မတော်ကို ခေတ် မီတပ်မတော်အဖြစ် တည်ဆောက် ဖို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားတာတွေလဲ ရှိပါတယ်။ ပြည် တွင်းမှာလဲ အဆင့်မြင့်စစ်ရေယာဉ် တွေကို တည်ဆောက်နေတာတွေရှိ တယ်လို့ သိရပါတယ်'' ဟု တပ်မတော် (ရေ)နှင့် နီးစပ်သူတစ်ဦးက ပြော သည်။

NH
Yangon Media Group
တောင် တရုတ်ပင်လယ်တွင်ပြုလုပ်မည့် အာ ဆီယံရေတပ်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်းလေ့ကျင့်မှု တွင် မြန်မာ့ရေတပ်မတော်လည်း ပါဝင် ပူးပေါင်းလေ့ကျင့်မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အဆင့်မြင့် အရာ ရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။
အာဆီယံရေတပ်မတော်များ ပထမဆုံးအကြိမ် စစ်ရေးပူးပေါင်း လေ့ကျင့်မှုကို တောင် တရုတ် ပင် လယ် ပြင်တွင် ၂ဝ၁၅ခုနှစ် ပထမခြောက် လပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဖရီးဂိတ်စစ်ရေ ယာဉ် အောင်ဇေယျ (F 11) နှင့် ကင်းလှည့် စစ်ရေယာဉ်များ ပါဝင်ပူးပေါင်းလေ့ ကျင့်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

''အာဆီယံရေတပ်တွေပူးပေါင်း စစ်ရေးလေ့ကျင့်မှုဖြစ်မြောက်ဖို့ အ စည်းအဝေးကို မြန်မာနိုင်ငံက ရေ တပ်ဦးစီးချုပ် ကိုယ်တိုင် တက်ရောက် ခဲ့တာပါ။ အောင်ဇေယျဖရီးဂိတ်စစ် ရေယာဉ်က ပြည်ပနဲ့ စစ်ရေးလေ့ ကျင့် မှုတွေရှိခဲ့ဖူးတော့ လောလောဆယ် တော့ အဲဒီစစ်ရေယာဉ်ပဲ သွားရောက် ပူးပေါင်းလေ့ကျင့်ဖို့ များပါတယ်။ သူနဲ့အတူ ကင်းလှည့်စစ်ရေယာဉ်များ ပါသွားနိုင်ပါတယ်''ဟု တပ်မတော် (ရေ)မှ အဆင့်မြင့် အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

အောင်ဇေယျ (F 11) ဖရီးဂိတ် စစ်ရေယာဉ်သည် မြန်မာနိုင်ငံတွင် တပ်မတော်မှ ပညာရှင်များကိုယ်တိုင် ပထမဆုံးတည်ဆောက်ခဲ့သည့် ဖရီး ဂိတ်စစ်ရေယာဉ်ဖြစ်ပြီး ယင်းသင်္ဘော တွင် သင်္ဘောဖျက်ဒုံးများ တပ်ဆင် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောင်ဇေယျ (F 11)၊ မဟာဗန္ဓုလ (F 21)၊ မဟာ သီဟသူရ (F 23) အစရှိသည့် ဖရီး ဂိတ် စစ်ရေယာဉ်သုံးစင်းမှာ တပ်မ တော်ဝင်၍ တာဝန်ထမ်းဆောင်နေ ပြီဖြစ်ပြီး ရေဒါဖမ်းယူခြင်းမှ ကင်း လွတ်နိုင်သည့် ကိုယ်ပျောက်စစ်ရေ ယာဉ်များဖြစ်သည့် ကျန်စစ်သား (F 12)နှင့် ဆင်ဖြူရှင် (F 14) တို့မှာ ရေချပြီးပြီဖြစ်ပြီး တပ်တော်ဝင်နိုင် ရန် စစ်လက်နက်ပစ္စည်းများတပ် ဆင်ခြင်းများ ပြုလုပ်နေသည်။

''မြန်မာ့ရေတပ်မတော်ကို ခေတ် မီတပ်မတော်အဖြစ် တည်ဆောက် ဖို့ စစ်ရေးပူးပေါင်းလေ့ကျင့် မှုတွေ ကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားတာတွေလဲ ရှိပါတယ်။ ပြည် တွင်းမှာလဲ အဆင့်မြင့် စစ်ရေယာဉ် တွေကို တည်ဆောက်နေတာတွေရှိ တယ်လို့ သိရပါတယ်'' ဟု တပ်မတော် (ရေ)နှင့် နီးစပ်သူ တစ်ဦးက ပြော သည်။

NH
Yangon Media Group

No comments:

Post a Comment