Friday 24 October 2014

ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုတပ်မတော်ဖြစ်ရေးအပါအဝင် ၁၆ ချက်ကို နိုင်ငံရေးဆွေးနွေးရန်မူဘောင်အဖြစ် ပါတီ ၅၆ ခု သဘောတူ

ဖက်ဒရယ်ပြည်ထောင် စုစစ်စစ်ဖြစ်ပေါ်လာရေးနှင့် ပြည် ထောင်စုတပ်မတော်ဖြစ်ရေးကိစ္စ ရပ်များအပါအဝင် အချက် ၁၆ ချက်ကို မကြာမီပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မူဘောင်အဖြစ် ထည့် သွင်းနိုင်ရေး နိုင်ငံရေးပါတီ ၅၆ ပါတီကသဘောတူညီချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုလ ၂၃ ရက်တွင်ပြုလုပ် သော ၅၆ ပါတီကိုယ်စားပြု ငြိမ်း ချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲကော်မတီ (PPIC) ၏ တတိယအကြိမ်မြောက်အစည်းအဝေး၌  ယင်းကဲ့သို့သဘော တူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း  အဆိုပါကော်မတီမှ ဦးဇိုဇမ်က ပြောသည်။

‘‘ဒီအဆင့်ရောက်လာဖို့ကို တော်တော်လုပ်ခဲ့ရတာပါ။ အခု (၃)ကြိမ်မြောက်အစည်းအဝေး ကျမှပဲ ဒီလိုသဘောတူညီချက်ရခဲ့ တယ်။ ဒီလိုဘုံသဘောတူညီချက် ယူနိုင်တာကိုက သဘောကျစရာ ကောင်းတဲ့ အနေအထားဖြစ်ပါ တယ်။ အားလုံးက ပါတီအကျိုးကို ရှေ့တန်းမတင်ဘဲ နိုင်ငံအကျိုး အတွက် ဦးတည်ဆွေးနွေးခဲ့ကြ တာပါ’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ဆွေးနွေးမှုပြုလုပ် ရာတွင်လည်း လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီများပါဝင်ဆွေးနွေးနိုင် ရန်လည်း မူဘောင်ချမှတ်နိုင်ခဲ့ ကြောင်း ဦးဇိုဇမ်က ဆိုသည်။

အဆိုပါအဖွဲ့၏ (၄)ကြိမ် မြောက်အစည်းအဝေးကို နိုဝင် ဘာ ၄ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး အချက် ၁၆ ချက်အပေါ် အသေးစိတ်ဆွေး နွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း PPIC ၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 လက်ရှိအချိန်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၌ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၇ ပါတီရှိနေပြီး မူဘောင်ရေးဆွဲမည့် နိုင်ငံရေးပါတီ ၅၆ ပါတီတွင် အင်အားကြီးပါတီများဖြစ်သော အင်န်အယ်လ်ဒီပါတီ နှင့် ပြည်ခိုင်ဖြိုးတို့မပါဝင်ပေ။

 အင်န်အယ်လ်ဒီကလည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမည့် အချက်များကို ပါတီအတွင်း ရေးဆွဲလျက်ရှိသည်။

7Day DAILY

No comments:

Post a Comment