Friday 24 October 2014

အမေရိကန်ဟာ ဂျပန်ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်နေရာချပြီး ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးဟု တရုတ်ပြော

Photo: အမေရိကန်ဟာ ဂျပန်ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်နေရာချပြီး ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးဟု တရုတ်ပြော
Friday, October 24, 2014

တရုတ်အစိုးရက အမေရိကန်ဟာ ဂျပန်နိုင်ငံတွင်း ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်ကို နေရာချပြီး အာရှပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေးကို ဖျက်ဆီးနေတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် ဂျပန်က အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတိုးလာကြောင်း အသံလွှင့်ခဲ့တာပါ။ လူမနေတဲ့ ကျွန်းစုတွေပိုင်ဆိုင်ရေး ၂ နိုင်ငံကြား အငြင်းပွားနေကြပါတယ်။

ဂျပန်အနောက်ပိုင်း ကျိုတိုမြို့က အမေရိကန်စစ်တပ် ဆက်သွယ်ရေး စခန်းဆီကို အောက်တိုဘာလ ၂၁ ရက်နေ့က X band ရေဒါစနစ် တခု အောက်တိုဘာလ ၂၁ ရက်နေ့က ပို့လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီစနစ်ဟာ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ အပြည့်အဝ အလုပ်လုပ်နိုင်ဖို့ အစီအစဉ် ဆွဲထားပါတယ်။ တချို့နိုင်ငံတွေက ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တပ်ဆင်ပြီး တဖက်သတ် လုံခြုံရေးယူတာဟာ ဒေသတွင်းမှာ အပြန်အလှန်ယုံကြည်မှုနဲ့ ဗျူဟာမြောက် တည်ငြိမ်ရေးအတွက် အကျိုးမဖြစ်စေဘူးလို့ ယုံတယ်။ အထူးသဖြင့် လက်ရှိအချိန်မှာ ဒေသတွင်း ရှုပ်ထွေးပြီး အထိမခံတဲ့ အခြေအနေမှာ ဒီလုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို အကျိုးဖြစ်စေမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပေကျင်းမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ဟာ လတ်တလောနှစ်တွေအတွင်း စစ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ပြီး ရေငုပ်သင်္ဘောတွေ ရေပြင်သင်္ဘောတွေနဲ့ တိုက်သင်္ဘောဖျက်ဒုံးကျည်တွေကို အသစ်တပ်ဆင်ခဲ့လို့ တရုတ်ရဲ့ ဒေသတွင်း စစ်အင်အား တည်ရှိမှုကို အမေရိကန်က တန်ပြန်ဖို့လိုတယ်လို့ ရှုမြင်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဂ် ဟေဂယ်က မြောက်ကိုရီးယားရဲ့ ရန်စမှုကို တုံ့ပြန်တဲ့ အနေနဲ့ ဂျပန်မှာ ၂၀၁၇ ခုနှစ်မှာ ဒုံးကျည်ကာကွယ်ရေး စနစ် တပ်ဆင်ထားတဲ့ ရေတပ် ဖျက်သင်္ဘော ၂ စီး တပ်ချပေးထားမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဂျပန်ကိုရောက်နိုင်လောက်တဲ့ တာလတ်ပစ် ဒုံးကျည် ၂ စီး အပါအဝင် ဒုံးကျည်စမ်းသပ်မှုတွေ အဆက်မပြတ် လုပ်ခဲ့တာပါ။ နောက်ထပ် နျူကလီးယား စမ်းသပ်မှု လုပ်ဦးမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

DVB
တရုတ်အစိုးရက အမေရိကန်ဟာ ဂျပန်နိုင်ငံတွင်း ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်ကို နေရာချပြီး အာရှ ပစိဖိတ်ဒေသ တွင်း တည်ငြိမ်ရေးကို ဖျက်ဆီးနေတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောဆို လိုက် ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ဂျပန်က အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတိုးလာကြောင်း အသံလွှင့်ခဲ့တာပါ။ လူမနေတဲ့ ကျွန်းစုတွေပိုင်ဆိုင်ရေး ၂ နိုင်ငံကြား အငြင်း ပွားနေကြပါတယ်။

ဂျပန်အနောက်ပိုင်း ကျိုတိုမြို့က အမေရိကန်စစ်တပ် ဆက်သွယ်ရေး စခန်းဆီကို အောက်တိုဘာလ ၂၁ ရက်နေ့က X band ရေဒါစနစ် တခု အောက်တိုဘာလ ၂၁ ရက်နေ့က ပို့လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီစနစ်ဟာ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ အပြည့်အဝ အလုပ်လုပ်နိုင်ဖို့ အစီအစဉ် ဆွဲထားပါတယ်။ တချို့နိုင်ငံတွေက ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တပ်ဆင်ပြီး တဖက်သတ် လုံခြုံရေးယူတာဟာ ဒေသတွင်းမှာ အပြန်အလှန်ယုံကြည်မှုနဲ့ ဗျူဟာမြောက် တည်ငြိမ်ရေးအတွက် အကျိုးမဖြစ်စေဘူးလို့ ယုံတယ်။ အထူးသဖြင့် လက်ရှိအချိန်မှာ ဒေသတွင်း ရှုပ်ထွေးပြီး အထိမခံတဲ့ အခြေအနေမှာ ဒီလုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို အကျိုးဖြစ်စေမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပေကျင်းမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

တရုတ်ဟာ လတ်တလောနှစ်တွေအတွင်း စစ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ပြီး ရေငုပ် သင်္ဘောတွေ ရေပြင် သင်္ဘောတွေနဲ့ တိုက်သင်္ဘောဖျက်ဒုံးကျည်တွေကို အသစ်တပ်ဆင်ခဲ့လို့ တရုတ်ရဲ့ ဒေသတွင်း စစ်အင်အား တည်ရှိမှုကို အမေရိကန်က တန်ပြန်ဖို့လိုတယ်လို့ ရှုမြင်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဂ် ဟေဂယ်က မြောက်ကိုရီးယားရဲ့ ရန်စမှုကို တုံ့ပြန်တဲ့ အနေနဲ့ ဂျပန်မှာ ၂၀၁၇ ခုနှစ်မှာ ဒုံးကျည်ကာကွယ်ရေး စနစ် တပ်ဆင်ထားတဲ့ ရေတပ် ဖျက်သင်္ဘော ၂ စီး တပ်ချပေးထားမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဂျပန်ကိုရောက်နိုင်လောက်တဲ့ တာလတ်ပစ် ဒုံးကျည် ၂ စီး အပါအဝင် ဒုံးကျည် စမ်းသပ်မှုတွေ အဆက်မပြတ် လုပ်ခဲ့တာပါ။ နောက်ထပ် နျူကလီးယား စမ်းသပ်မှု လုပ်ဦးမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

DVB

No comments:

Post a Comment