Friday 24 October 2014

ဂျပန်နိုင်ငံသားများ IS အဖွဲ့နှင့် ဆက်သွယ်ရန် ကြိုးပမ်း

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ အသက် ၂၆ နှစ် အရွယ် ကျောင်းသား တစ်ဦးနှင့် တိုကျိုမြို့မှ အမျိုးသား တစ်ဦးတို့ကို အစ္စလာမ္မာစ် နိုင်ငံတော် IS အဖွဲ့နှင့် ဆက်သွယ်ကာ ဆီးရီးယားသို့ သွားရောက်ရန် စီစဉ်ခဲ့သည်ဆိုသော စွဲချက်ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း မြို့တော် ရဲတပ်ဖွဲ့ မှ အဆင့်မြင့် ရဲအရာရှိကြီး များ က ပြောကြားသည်။
၎င်းတို့နှစ်ဦးအပြင် ဂျပန်နိုင်ငံသားအချို့သည်လည်း IS အဖွဲ့၏ လူသစ်စုဆောင်းသည့် ကြော်ငြာ တစ်ခု ကို တွေ့ရှိပြီးနောက် ဆီးရီးယားသို့ သွားရောက်ရန် စုံစမ်းမှုများပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ ၏ ပြည်သူ့လုံခြုံရေး ဆိုင်ရာဗျူရိုက ထုတ်ပြန်ပြောကြားသည်။

ဟော့ကိုင်းဒိုးတက္ကသိုလ် ကျောင်းသားကို IS အဖွဲ့တွင် ပြည်ပတိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ပူးပေါင်းရန် ကြိုးပမ်းခဲ့သည်ကို သံသယဖြစ်ဖွယ်တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

တိုကျိုမြို့ ဆူဂီနာမီရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့်အတူ ဟော့ကိုင်းဒိုး တက္က သိုလ် ကျောင်း သားများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဆူဂီနာမီနေအိမ်ရှိ အမျိုးသားသည် ဆီးရီးယားသို့ သွားရောက်မည့် အစီအစဉ်အတွက် အသက် ၅၄ နှစ်ရှိ တက္ကသိုလ် ပါမောက္ခဟောင်းတစ်ဦးဖြစ်သည့် ကိုနာကာတာဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း နာကာတာ သည် အစ္စလာမ်ဘာသာကို သုတေသနပြုလုပ်နေသူတစ်ဦးဖြစ်ပြီး ၎င်းက ဟော့ကိုင်းဒိုးကျောင်းသားကို ဆီးရီးယား သို့ သွားရောက်ရမည့်နည်းလမ်းကို အကြံပေးပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

IS အဖွဲ့၏ လူသစ်စုဆောင်းရေးကြော်ငြာကိုပြသထားသော ချီယိုဒါ ရပ်ကွက်ရှိ စာအုပ်အဟောင်း ဆိုင် တစ်ဆိုင် နှင့်ပတ်သက်နေသည့် အသက် ၃၀ နှစ်ရှိ တတိယလူတစ်ဦး သည်လည်း ၎င်းတို့နှစ်ဦးနှင့်အတူ တစ်အိမ်တည်းတွင်နေထိုင်ခဲ့ကြသည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment