Friday 24 October 2014

ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုခ Pre-Paid စနစ်ရပ်ဆိုင်းမည်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်း အသုံးပြုခ Pre-Paid စနစ်ရပ်ဆိုင်းမည်
Friday, October 24, 2014

မန္တလေးအမြန်လမ်းမ ကြီး၌ လမ်းအသုံးပြုခအဖြစ် ကောက်ယူရာတွင် အသုံးပြုနေ သော ကြိုတင်ငွေပေးချေမှုစနစ် ကို အီလက်ထရွန်နစ်ဝန်ဆောင်မှု သို့ ပြောင်းလဲသွားမည်ဖြစ်သော ကြောင့် လက်ရှိအသုံးပြုနေသည့် Pre-Paid ဝန်ဆောင်မှုကို နိုဝင် ဘာ ၁ ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘၁ ရက်နေ့ကစပြီးတော့ Pre-Paid ဝန်ဆောင်မှုကို ရပ်နားသွားမှာဖြစ်တဲ့အတွက် ကြိုတင်ငွေပေးချေထားတဲ့ကားတွေအကုန်လုံးက တိုးဂိတ်ဝင်တဲ့ အခါမှာ ရိုးရိုးကားတွေအတိုင်း ငွေပေးချေရမှာဖြစ်ပါတယ်။ Pre-Paid စနစ်သုံးထားတဲ့ကား တွေအားလုံးနဲ့ အကြွေးကျန်တွေကိုလည်းစာရင်းရှင်းပေးသွားပါမယ်’’ဟုရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးစည်သူစံက ပြောသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းပေါ်ရှိ တိုးဂိတ်များတွင် လက်ရှိကောက်ယူနေသည့် Pre-Paid စနစ်နှင့် စက်များသည် ၂၀၀၉ ခုနှစ်ကတည်းက အသုံးပြု ခဲ့သည့် စက်များဖြစ်သောကြောင့် နိုင်ငံတကာတွင် လမ်းအသုံးပြုခ ကောက်ယူနည်းပညာအသစ်ဖြစ် သော အီလက်ထရွန်နစ် ငွေကြေး ကောက်ယူမှုစနစ်ကို  တပ်ဆင် အသုံးပြုသွားရန် စီစဉ်ခြင်းဖြစ် သည်။

‘‘အီလက်ထရွန်နစ်ဝန် ဆောင်မှုကို သုံးဖို့အတွက်ဆို ရင် ကားတွေကကြိုတင်ငွေသွင်း ပြီးသားဖြစ်ရမယ်။ ဒီဝန်ဆောင် မှုကိုစပြီးပေးတဲ့အခါမှာ ကြိုတင် ပေးသွင်းတဲ့ စနစ်ရော၊ ရိုးရိုးငွေ ပေးချေတဲ့စနစ်ပါ နှစ်ခုစလုံးပါမလားဆိုတာကိုတော့ မသိရသေး ဘူး။ ဆောင်ရွက်မယ့်ကုမ္ပဏီတွေ လုပ်နိုင်တဲ့အပေါ်မူတည်သွားပါ မယ်’’ဟု ဦးစည်သူစံက ပြောသည်။

အမြန်လမ်းပြုပြင်ထိန်းသိမ်း ရေးအဖွဲ့အနေဖြင့် လက်ရှိတွင် အဆိုပါဝန်ဆောင်မှုကို အကောင် အထည်ဖော်သွားရန် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူ ထားကြောင်း သတင်းရရှိသည်။

 ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် နေ့စဉ်ကားအစီး ရေ  ၁၂,၀၀၀ ခန့်ဖြတ်သန်း အသုံးပြုလျက်ရှိသည်။

7Day DAILY 

အမြန်လမ်းတွင် မောင်းနှင်နေသော ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
အမြန်လမ်းတွင် မောင်းနှင်နေသော ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
မန္တလေးအမြန်လမ်းမ ကြီး၌ လမ်းအသုံးပြုခအဖြစ် ကောက်ယူရာတွင် အသုံးပြုနေ သော ကြိုတင်ငွေပေးချေမှုစနစ် ကို အီလက်ထရွန်နစ်ဝန်ဆောင်မှု သို့ ပြောင်းလဲသွားမည်ဖြစ်သော ကြောင့် လက်ရှိအသုံးပြုနေသည့် Pre-Paid ဝန်ဆောင်မှုကို နိုဝင် ဘာ ၁ ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘၁ ရက်နေ့ကစပြီးတော့ Pre-Paid ဝန်ဆောင်မှုကို ရပ်နားသွားမှာဖြစ်တဲ့အတွက် ကြိုတင်ငွေပေးချေထားတဲ့ ကားတွေအကုန်လုံးက တိုးဂိတ်ဝင်တဲ့ အခါမှာ ရိုးရိုးကားတွေအတိုင်း ငွေပေးချေရမှာဖြစ်ပါတယ်။ Pre-Paid စနစ်သုံးထားတဲ့ကား တွေအားလုံးနဲ့ အကြွေးကျန်တွေကိုလည်းစာရင်းရှင်းပေးသွားပါမယ်’’ဟုရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးစည်သူစံက ပြောသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းပေါ်ရှိ တိုးဂိတ်များတွင် လက်ရှိကောက်ယူနေသည့် Pre-Paid စနစ်နှင့် စက်များ သည် ၂၀၀၉ ခုနှစ်ကတည်းက အသုံးပြု ခဲ့သည့် စက်များဖြစ်သောကြောင့် နိုင်ငံတကာတွင် လမ်းအသုံးပြုခ ကောက်ယူနည်းပညာအသစ်ဖြစ် သော အီလက်ထရွန်နစ် ငွေကြေး ကောက်ယူမှုစနစ်ကို  တပ်ဆင် အသုံးပြုသွားရန် စီစဉ်ခြင်းဖြစ် သည်။

‘‘အီလက်ထရွန်နစ်ဝန် ဆောင်မှုကို သုံးဖို့အတွက်ဆို ရင် ကားတွေကကြိုတင်ငွေသွင်း ပြီးသားဖြစ်ရမယ်။ ဒီဝန်ဆောင် မှုကိုစပြီးပေးတဲ့အခါမှာ ကြိုတင် ပေးသွင်းတဲ့ စနစ်ရော၊ ရိုးရိုးငွေ ပေးချေတဲ့ စနစ်ပါ နှစ်ခုစလုံး ပါမလားဆိုတာကိုတော့ မသိရသေး ဘူး။ ဆောင်ရွက်မယ့်ကုမ္ပဏီတွေ လုပ်နိုင်တဲ့အပေါ်မူတည်သွားပါ မယ်’’ဟု ဦးစည်သူစံက ပြောသည်။

အမြန်လမ်းပြုပြင်ထိန်းသိမ်း ရေးအဖွဲ့အနေဖြင့် လက်ရှိတွင် အဆိုပါဝန်ဆောင်မှုကို အကောင် အထည်ဖော် သွားရန် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူ ထားကြောင်း သတင်းရရှိသည်။

 ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် နေ့စဉ်ကားအစီး ရေ  ၁၂,၀၀၀ ခန့်ဖြတ်သန်း အသုံးပြုလျက် ရှိသည်။

7Day DAILY

No comments:

Post a Comment