Friday 24 October 2014

အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ

Photo: အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ
Friday, October 24, 2014

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့နဲ့ အာဖရိကမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ အမေရိကန် ဒေါက်တာတစ်ဦးမှာ အီဘိုလာရောဂါပိုး ဖြစ်နေကြောင်း သိရပါတယ်။

Craig Spencer လို့ သိရတဲ့ ဆရာဝန်ဟာ အိုဘိုလာ ပျံ့နှံ့မှု ဖြစ်နေတဲ့ ဂီနီနိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီး နာမကျန်းဖြစ်ရာကနေ စမ်းသပ်ရာက အီဘိုလာပိုးကို တွေ့ရှိတာဖြစ်ပါတယ်။

အခုအခါမှာ သူ့ကို သီးသန့်ခွဲထားလိုက်ပါပြီ။ သူနဲ့ နီးစပ်ခဲ့သူ အနည်းငယ်သာရှိပြီး အဲဒီလူတွေကိုလည်း သတိပေးတာတွေ လုပ်ထားပါတယ်။

အဲဒီ ဆရာဝန်ဟာ သူ့ကိုသူလည်း ပြန်လည် စောင့်ကြည့်မှုတွေလုပ်ပြီး အနည်းငယ် နေမကောင်းဖြစ်တာနဲ့ ချက်ခြင်း အကြောင်းကြားမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေးမှာ သြစီပါဝင်ဖို့ ကန်နဲ့ ဗြိတိန်တို့ တရားဝင် ကမ်းလှမ်းလာ

အီဘိုလာ တိုက်ဖျက်ရေးမှာ သြစတြေးလျနိုင်ငံလည်း ထဲထဲဝင်ဝင် ပါဝင်လာဖို့ သြစတြေးလျရဲ့ အဓိက မဟာမိတ် နိုင်ငံတွေက သြစတြေးလျကို ပန်ကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ အစိုးရကတော့ သြစတြေးလျနိုင်ငံက ကျန်းမာရေး ပညာရှင်တွေကို အာဖရိက ဒေသ မပို့နိုင်ဘူးလို့ ထပ်ခါထပ်ခါ ပြောဆိုခဲ့ပြီး တစ်ခုခု ဖြစ်လာရင် လူနာတွေကို သြစတြေးလျနိုင်ငံဆီ ပြန်သယ်လာဖို့ ဝေးလံလှတဲ့အတွက် အန္တရာယ်ရှိတယ်လို့သာ အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ သြစတြေးလျရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့အပြင် ဆီယာရာလီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတို့ကလည်း အကူအညီပေးဖို့ သြစတြေးလျကို တရားဝင် တောင်းခံထားပါတယ်။

သြစတြေးလျရဲ့ မိတ်ဘက်နိုင်ငံတွေ၊ မဟာမိတ်နိုင်ငံတွေက သြစတြေးလျကို ဒီထက်မက လုပ်ဆောင်စေလိုကြတယ်ဆိုတာ မှန်ကန်တယ်လို့ ဝန်ကြီးချုပ်က အတည်ပြုပြောဆိုခဲ့ပေမဲ့ ကူညီပေးဖို့ သင့်မသင့် စဉ်းစားနေတုန်းပဲလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်က ပြောပါတယ်။

သြစတြေးလျ အစိုးရက အီဘိုလာ ကိစ္စမှာ အကူအညီ ပေးဖို့အတွက် ချီတုံချတုံ ဖြစ်နေတဲ့အပေါ် အတိုက်အခံပါတီက ဝေဖန်လိုက်ပြီး ဒီကိစ္စဟာ သရုပ်ဆောင် ရမယ့်အချိန်၊ ရွေးချယ်စရာ နည်းလမ်း စဉ်းစားနေတဲ့အချိန် မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဝန်ကြီးအဖွဲ့ထဲမှာလည်း ကွဲလွဲမှုတွေ ဖြစ်နေပါတယ်။ တချို့ကတော့ အကူအညီပေးဖို့ လိုလားသလို တချို့ကတော့ နယ်စပ်လုံခြုံရေးတွေမှာ ရောဂါကူးစက်ခံရသူတွေ ဝင်လာမှုရှိမရှိ ပိုမိုတင်းကြပ်မှုတွေ လုပ်ဖို့ လိုလားနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျ ကျန်းမာရေးအာဏာပိုင်တွေက ဒီကနေ့ ဆွေးနွေးမှု လုပ်ကြမှာ ဖြစ်ပြီး သြစတြေးလျ အနေနဲ့ ဘယ်လို ကြိုတင် ပြင်ဆင်မှု လုပ်မလဲ၊ သြစတြေးလျ ပညာရှင်တွေကို အာဖရိက ဒေသ ပို့သင့်မသင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို အီဘိုလာ ဖြစ်နေတဲ့ နိုင်ငံက နိုင်ငံသူ နိုင်ငံသား အယောက် ၃၀ လောက် အပတ်စဉ် ဝင်ရောက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ABC Radio Australia

အီဘိုလာ ကူးစက်ခံရသူ ဒေါက်တာ Craig Spencer (Credit: ABC licensed)
အီဘိုလာ ကူးစက်ခံရသူ ဒေါက်တာ Craig Spencer (Credit: ABC licensed)
နယ်စည်းမခြား ​ဆရာဝန်များ ​အဖွဲ့နဲ့ ​အာဖရိကမှာ ​သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ​အမေရိကန် ​ဒေါက်တာ တစ်ဦး မှာ ​အီဘိုလာရောဂါပိုး ​ဖြစ်နေကြောင်း ​သိရပါတယ်။
Craig ​Spencer ​လို့ ​သိရတဲ့ ​ဆရာဝန်ဟာ ​အိုဘိုလာ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​ဂီနီနိုင်ငံကနေ ​အမေရိကန်နိုင်ငံ ကို ​ပြန်ရောက်လာပြီး ​နာမကျန်းဖြစ်ရာကနေ ​စမ်းသပ်ရာက ​အီဘိုလာပိုးကို ​တွေ့ရှိတာဖြစ်ပါတယ်။

အခုအခါမှာ ​သူ့ကို ​သီးသန့်ခွဲထားလိုက်ပါပြီ။ ​သူနဲ့ ​နီးစပ်ခဲ့သူ ​အနည်းငယ်သာရှိပြီး ​အဲဒီလူတွေကိုလည်း ​သတိပေးတာတွေ ​လုပ်ထားပါတယ်။

အဲဒီ ​ဆရာဝန်ဟာ ​သူ့ကိုသူလည်း ​ပြန်လည် ​စောင့်ကြည့်မှုတွေလုပ်ပြီး ​အနည်းငယ် ​နေမကောင်းဖြစ်တာနဲ့ ​ချက်ခြင်း ​အကြောင်းကြားမှု ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။

အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​သြစီပါဝင်ဖို့ ​ကန်နဲ့ ​ဗြိတိန်တို့ ​တရားဝင် ​ကမ်းလှမ်းလာ

အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​သြစတြေးလျနိုင်ငံလည်း ​ထဲထဲဝင်ဝင် ​ပါဝင်လာဖို့ ​သြစတြေးလျရဲ့ ​အဓိက ​မဟာမိတ် ​နိုင်ငံတွေက ​သြစတြေးလျကို ​ပန်ကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ​အစိုးရကတော့ ​သြစတြေးလျနိုင်ငံက ​ကျန်းမာရေး ​ပညာရှင်တွေကို ​အာဖရိက ​ဒေသ ​မပို့နိုင်ဘူးလို့ ​ထပ်ခါထပ်ခါ ​ပြောဆိုခဲ့ပြီး ​တစ်ခုခု ​ဖြစ်လာရင် ​လူနာတွေကို ​သြစတြေးလျနိုင်ငံ ဆီ ​ပြန်သယ် လာဖို့ ​ဝေးလံလှတဲ့အတွက် ​အန္တရာယ်ရှိတယ်လို့သာ ​အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ​အခုအခါမှာတော့ ​သြစတြေးလျရဲ့ ​အဓိက ​မဟာမိတ်တွေဖြစ်တဲ့ ​အမေရိကန်နဲ့ ​ဗြိတိန်နိုင်ငံတို့အပြင် ​ဆီယာရာလီယွန်နဲ့ ​လိုင်ဘေးရီးယားနိုင်ငံတို့ကလည်း ​အကူအညီပေးဖို့ ​သြစတြေးလျကို ​တရားဝင် ​တောင်း ခံ ထားပါတယ်။

သြစတြေးလျရဲ့ ​မိတ်ဘက်နိုင်ငံတွေ၊ ​မဟာမိတ်နိုင်ငံတွေက ​သြစတြေးလျကို ​ဒီထက်မက ​လုပ်ဆောင်စေ လိုကြ တယ်ဆိုတာ ​မှန်ကန်တယ်လို့ ​ဝန်ကြီးချုပ်က ​အတည်ပြုပြောဆိုခဲ့ပေမဲ့ ​ကူညီပေးဖို့ ​သင့်မသင့် ​စဉ်းစားနေ တုန်းပဲလို့ ​သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

သြစတြေးလျ ​အစိုးရက ​အီဘိုလာ ​ကိစ္စမှာ ​အကူအညီ ​ပေးဖို့အတွက် ​ချီတုံချတုံ ​ဖြစ်နေတဲ့အပေါ် ​အတိုက်အခံပါတီက ​ဝေဖန်လိုက်ပြီး ​ဒီကိစ္စဟာ ​သရုပ်ဆောင် ​ရမယ့်အချိန်၊ ​ရွေးချယ်စရာ ​နည်းလမ်း ​စဉ်းစားနေတဲ့ အချိန် ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

အီဘိုလာ ​တိုက်ဖျက်ရေးလုပ်ငန်းနဲ့ ​ပတ်သက်ပြီး ​အစိုးရရဲ့ ​ဝန်ကြီးအဖွဲ့ထဲမှာလည်း ​ကွဲလွဲမှုတွေ ​ဖြစ်နေ ပါတယ်။ ​တချို့ကတော့ ​အကူအညီပေးဖို့ ​လိုလားသလို ​တချို့ကတော့ ​နယ်စပ်လုံခြုံရေးတွေ မှာ ​ရောဂါကူး စက်ခံရသူတွေ ​ဝင်လာမှုရှိမရှိ ​ပိုမိုတင်းကြပ်မှုတွေ ​လုပ်ဖို့ ​လိုလားနေပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျ ​ကျန်းမာရေးအာဏာပိုင်တွေက ​ဒီကနေ့ ​ဆွေးနွေးမှု ​လုပ်ကြမှာ ​ဖြစ်ပြီး ​သြစတြေးလျ ​အနေနဲ့ ​ဘယ်လို ​ကြိုတင် ​ပြင်ဆင်မှု ​လုပ်မလဲ၊ ​သြစတြေးလျ ​ပညာရှင်တွေကို ​အာဖရိက ​ဒေ သ ​ပို့သင့်မသင့် ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံက ​နိုင်ငံသူ ​နိုင်ငံသား ​အယောက် ​၃၀ ​လောက် ​အပတ်စဉ် ​ဝင်ရောက်လေ့ရှိတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment