Friday 24 October 2014

ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်

Photo: ၀ိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်
Friday, October 24, 2014

ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်မကုန်ခင်မှာ Wifi အခမဲ့အသုံးပြုလို့ရတဲ့ နေရာသုံးခု လောက်ထပ်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။ တချို့နေရာတွေက ခွင့်ပြု ချက်ရအောင် စောင့်နေရတဲ့အတွက် နည်းနည်းလေးကြန့်ကြာနေတာဖြစ်ပါတယ်’’ဟု Red Link ၏ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် လက်ရှိတွင် ရန်ကုန်၌ Wifi အခမဲ့အသုံး ပြုနိုင်သော နေရာခြောက်ခုနှင့် ပုဂံတွင် အခမဲ့အသုံးပြုနိုင်သော နေရာလေးခုတို့ကို ပြုလုပ်ပေးထားပြီး အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်မည့် နေရာသုံးခုတွင် ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘Wifi အခမဲ့ပေးတဲ့အခါမှာ Email စစ်တာနဲ့ ၀က်ဘ်ဆိုက်တွေကြည့်တာကို ကောင်းကောင်းလုပ်နိုင်အောင် စီစဉ်ပေးထားမှာပါ။ ဒါပေမဲ့အများသုံးတာဖြစ်တဲ့အတွက် နာရီဝက်လောက် သုံးပြီးရင်တော့ Log Out ဖြစ်သွားမှာပါ။ ထပ်ပြီးသုံးချင်ရင်တော့ နိုင်ငံတကာမှာ Free Wifi သုံးတဲ့အတိုင်း အသစ်ပြန်ဝင်သုံးရမယ်’’ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာများထပ်မံတိုးချဲ့ရာတွင် တက္ကသိုလ်အချို့နှင့် ဈေးများတွင်လည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိစေရန်အတွက် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day DAILY 

ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီနှစ်မကုန်ခင်မှာ Wifi အခမဲ့အသုံးပြုလို့ရတဲ့ နေရာသုံးခု လောက်ထပ်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။ တချို့နေ ရာတွေက ခွင့်ပြု ချက်ရအောင် စောင့်နေရတဲ့အတွက် နည်းနည်းလေးကြန့်ကြာနေ တာဖြစ်ပါတယ်’’ဟု Red Link ၏ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် လက်ရှိတွင် ရန်ကုန်၌ Wifi အခမဲ့အသုံး ပြုနိုင်သော နေရာခြောက်ခုနှင့် ပုဂံတွင် အခမဲ့အသုံးပြုနိုင်သော နေရာလေးခုတို့ကို ပြုလုပ်ပေးထားပြီး အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင် မည့် နေရာသုံးခုတွင် ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘Wifi အခမဲ့ပေးတဲ့အခါမှာ Email စစ်တာနဲ့ ၀က်ဘ်ဆိုက်တွေကြည့်တာကို ကောင်းကောင်းလုပ်နိုင်အောင် စီစဉ်ပေးထားမှာပါ။ ဒါပေမဲ့အများသုံးတာဖြစ်တဲ့အတွက် နာရီဝက်လောက် သုံးပြီးရင်တော့ Log Out ဖြစ် သွားမှာပါ။ ထပ်ပြီးသုံးချင်ရင်တော့ နိုင်ငံတကာမှာ Free Wifi သုံးတဲ့အတိုင်း အသစ်ပြန်ဝင်သုံးရမယ်’’ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာများထပ်မံတိုးချဲ့ရာတွင် တက္ကသိုလ် အချို့နှင့် ဈေးများတွင်လည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိစေရန်အတွက် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment