Friday 24 October 2014

အိန္ဒိယနှင့် မလေးရှား ခေါင်းဆောင်များ မြန်မာ၌ တွေ့ဆုံမည်

မနီလာ - အိန္ဒိယ၀န်ကြီးချုပ် နာ ရန်ဒရာမိုဒီနှင့် မလေးရှားဝန်ကြီး ချုပ် မူဒ်နာဂျစ်ရာဇာတ်တို့ သည်မြန်မာနိုင်ငံ တွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးညီလာခံ၌ တွေ့ဆုံကြရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။
မလေးရှားဝန်ကြီးချုပ်ကဖုန်းခေါ်ဆိုခဲ့ပြီး ခေါင်းဆောင် နှစ်ဦးတို့ စကားပြောဆိုရာတွင် အ ပြန် အလှန် လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုများလည်း ပါဝင်သည်ဟု ဆိုသည်။ မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ရွေးကောက် ပွဲ၌ အောင်မြင်ခဲ့သည့်အပေါ် ၀န် ကြီးချုပ် မိုဒီက ချီးကျူးပြော ဆိုခဲ့ သကဲ့သို့ မလေးရှားလေယာဉ်များ၏ ၀မ်းနည်းဖွယ်ရာအဖြစ်အပျက် များအပေါ် အိန္ဒိယက စာနာပါ ကြောင်း ပြောကြားခဲ့သည်။


ဝန်ကြီးချုပ်နာဂျစ်ကလည်း မိုဒီ၏ ပါလီမန်အောင်ပွဲအပေါ် ဂုဏ်ပြုစကားပြောဆိုခဲ့ကာ အိန္ဒိယနိုင်ငံ ၏ အောင်မြင် အင်အားကြီးခြင်းက မလေးရှားနှင့် အာဆီယံအတွက် အရေးကြီးကြောင်း ၎င်း က ပြောကြား သွားသည်။

ကိုးကား - The New Indian Express

7Day DAILY

No comments:

Post a Comment