Friday 24 October 2014

လယ်ယာဖွံ့ဖြိုးရေးဘဏ် ကိုယ်ပိုင်ရင်းနှီးငွေမရှိ၍ နှစ်ရှည်ချေးငွေ မချေးနိုင်သေးဟု ဆို

 မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်သည် ကိုယ်ပိုင်ရင်းနှီး ငွေမရှိ၍ နှစ်ရှည်ချေးငွေများကို လယ်သမားများထံ ထုတ်ချေးပေး နိုင်မည်မဟုတ်သေးကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုဝန်ကြီး က ပြောသည်။
ဒုဝန်ကြီး ဦးအုန်းသန်းက အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်း အဝေး ၌ ပြောကြားသည်။

‘‘ငွေထုတ်ချေးတဲ့နေရာမှာ တစ်ဦးချင်းချေးတာ၊ တွဲဖက်ပြီး ချေးတာ ပုံစံအမျိုးမျိုးရှိထားတဲ့ အပေါ်မှာ တာဝန်ယူ ရမယ်ဆိုတာ အတိအလင်းပါပြီးသားပါ။ ၂၀၁၃ ခုနှစ်အတွက် ချေးငွေတွေကို အချိန်မီပြန်မဆပ်နိုင်လို့ အချိန် စောင့်ဆိုင်းသတ်မှတ်ပေးတာ တွေရှိပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ကိုယ်ပိုင် အရင်းအနှီးမရှိတဲ့အတွက် တောင်သူလယ်သမားတွေကို နှစ်ပေါက်၊ နှစ်တို၊ နှစ်ရှည်ချေးငွေတွေကို ထုတ်ချေးပေးနိုင်ဖို့ မရှိသေးပါဘူး’’ဟု ဧရာဝတီတိုင်း ကျောင်း ကုန်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၏ တောင်သူလယ်သမား တွေကို နှစ်ပေါက်၊ နှစ်တို၊ နှစ် ရှည်ချေးငွေတွေကို ထုတ်ချေးပေးနိုင် ခြင်းရှိ၊ မရှိ မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် ချေးငွေထုတ်ချေးရန် မြန်မာ့စီးပွားရေးဘဏ်မှ ငွေချေး ယူရပြီး ရရှိေ သာ ငွေအပေါ်မူတည် ကာ သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲ အလိုက် ရန်ပုံငွေများခွဲဝေ သတ်မှတ်ကာ စည် ကမ်း ချက်များနှင့် အညီ ငွေထုတ်ယူရခြင်း ဖြစ်သည်။ယင်းသို့ ငွေကြေးကို တစ်ဆင့် ပြန် လည်ချေးယူကာ ထုတ်ချေးရခြင်း ဖြစ်၍ တောင်သူများမှာ ချေးငွေကို သတ်မှတ်ကာလ တွင် ပြန် လည်ပေးဆပ်ရန် လိုအပ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

၂၀၁၃ ခုနှစ် မိုးသီးနှံနှင့် ဆောင်းသီးနှံအတွက် စိုက်ပျိုး စရိတ်ချေးငွေကို နောက်ဆုံးထား ပေးဆပ် ရမည့်နေ့အထိ ပြန်လည် ပေးဆပ်ခြင်းမရှိသော ကြွေးကျန်  မှာ သြဂုတ် ၁၄ ရက်အထိ ၇,၃၅၄ ဒသမ ၈၃ သန်း ကျန်နေသည်။

‘‘စိုက်ပျိုးစရိတ်တွေကို ဆုံး ရှုံးလို့ ပြန်မဆပ်နိုင်တာရှိသလို တချို့က ပြန်ဆပ်နိုင်ရဲ့သားနဲ့ကို မပေးဘဲနေကြ တာတွေလည်း ရှိ တယ်။ ကြွေးကျန်တွေရှိနေတာကို နှစ်စဉ် ထုတ်ချေးနေကျအတိုင်း ချေးပေးနေပါတယ်။ ကျန်ရှိတာ တွေကို ဒေသအလိုက် တောင်းယူ နေတုန်းပါ’’ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ အကြီး တန်း အရာရှိတစ်ဦးက သြဂုတ် ၁၆ ရက်က 7Day News နှင့် သီး သန့်အင်တာဗျူးတစ်ခုတွင် ပြော သည်။ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ ၂၀၁၃ ချေးငွေပြန်လည်ပေးဆပ်ရန် ကျန်ရှိနေ ပြီး ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း တွင် ချေးငွေကြွေးကျန်အများ ဆုံးကျန်ရှိနေကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment