Friday 24 October 2014

ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို

Photo: ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို
Friday, October 24, 2014

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက်။ အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့်ပတ်သက်နေသည်ဟူသည့် ကောလာဟလ သတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့်သွင်းပြီး တရား ဥပဒေ လမ်းကြောင်း များဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

"ကောလာဟလနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ တွေမှာ ကြော်ငြာ ထည့်ထား တယ်။ ဘာမှန်း ညာမှန်း မသိတဲ့ ဟာတွေကို ကြော်ငြာထဲမှာဘဲ ဖြေရှင်းမယ်။ သူတို့ပြောနေကြ တာတွေက အခြေအမြစ်မှ မရှိတာ။ အဲဒါကို အားပေးနေကြတဲ့ သူတွေ ကလည်း လိမ္မော်သီးဆိုတာကိုဘာမှန်းတောင်မသိကြဘူး။မူရင်းအခွေ ကိုလည်း အားမပေးဘူး။ သူဘာသီချင်း ဆိုတာလည်း မသိဘူး။ ဦးနှောက်မရှိကြတဲ့ လူတွေကသာ ယုံကြတာ။ သူများ အိမ်ထောင်ရေးကို ဖျက်လို့ ဖျက်ဆီး လုပ် ဖို့ စိတ်ကူးထဲတောင် မရှိဘူး။ ဒါက အကွက်ကျကျ စီစဉ်ထားတာ။ သမီးကတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်ကို ဆက်လုပ်သွားမယ်။ မှိုချိုးမျစ် ချိုး ပြော တဲ့ သူကို တရားစွဲမယ်။ အားပေး အားမြောက် လုပ်တဲ့သူကို တရားစွဲမယ်။ အခုတစ်ရက် နှစ်ရက်တော့ ဒီသတင်းက နည်းနည်း ငြိမ်နေတယ်။ ဒါပေမယ့် သမီး ကို ရစရာ မရှိအောင် ပြောထားတဲ့ သူကို တရားစွဲ မှာဘဲ”ဟု ၄င်းကပြောသည်။

အဆိုတော် လိမ္မော်သီးတွင် ချစ်ရမည့် ချစ်သူ ရှိနေပြီး ၎င်းသည် တခြားသော သူ၏ အိမ်ထောင်ရေးကို ဖျက်ဆီးမည်သူ မဟုတ်ဟု ဆိုခဲ့သည့်အပြင် ထွက်ရှိ နေ သည့် ကောလာဟလကို ဖန်တီးသည့် သူများကို စုံစမ်းကာ ဖော်ထုတ်သွားမည်ဟု ဆိုသည်။၎င်း၏ အောက်တိုဘာ၂၄ရက်တွင်ကျရောက်သည့် မွေးနေ၌်သူငယ် ချင်း များနှင့် အတူ မွေးနေ့ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်ပြီး အောက်တိုဘာ၂၄ ရက်တွင် အောင်ဆန်းကွင်း၌ ပြုလုပ်မည့် မသန်စွမ်း ရန်ပုံငွေ ဘောလုံးပွဲ အတွက် သီချင်းများ သီဆိုကာ ပန်းစည်းပေး အပ်သွားမည်ဟု ဆိုသည်။

အဆိုတော် လိမ္မော်သီး၏ "ဒဏ်ရာနှလုံးသား" ဒုတိယ တစ်ကိုယ်တော် အယ်ဘမ်ကို ဒီဇင်ဘာ လအကုန်၌ အော်ဒီယိုအဖြစ်ထွက်ရှိမည် ဖြစ်သည်။ယင်းအယ်ဘမ် တွင် ရော့ခ်သီချင်းများ အများဆုံး ပါဝင်မည် ဖြစ်ပြီး မိန်းကလေး ပရိသတ်များ အတွက် ရည်ရွယ်ကာ စလိုးရော့ခ် သီချင်းများကိုလည်းထည့်သွင်းသွားမည် ဖြစ် သည်။ လိမ္မော်သီးသည် ၂၀၁၀ ခုနှစ်တွင် လိမ္မော်ရောင် စိတ်ကူးများ"အော်ဒီယို ကိုထွက် ရှိခဲ့ ပြီး ၂၀၁၂ခုနှစ် ၌ ယင်းအယ်ဘမ်ကို အမ်တီဗီ ထွက်ရှိခဲ့သူ ဖြစ် သည်။

မဇ္စျိမ
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက်။ အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟူသည့် ကောလာဟလ သတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့် သွင်းပြီး တရားဥပဒေလမ်းကြောင်းများဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။
"ကောလာဟလနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ တွေမှာ ကြော်ငြာ ထည့်ထား တယ်။ ဘာမှန်း ညာမှန်း မသိတဲ့ ဟာတွေကို ကြော်ငြာထဲမှာဘဲ ဖြေရှင်းမယ်။ သူတို့ပြောနေကြ တာတွေက အခြေအမြစ်မှ မရှိတာ။ အဲဒါကို အားပေးနေကြတဲ့ သူတွေ ကလည်း လိမ္မော်သီးဆိုတာကိုဘာမှန်းတောင်မသိကြဘူး။မူရင်းအခွေ ကိုလည်း အားမပေးဘူး။ သူဘာသီချင်း ဆိုတာလည်း မသိဘူး။ ဦးနှောက်မရှိကြတဲ့ လူတွေကသာ ယုံကြတာ။ သူများ အိမ်ထောင်ရေးကို ဖျက်လို့ ဖျက်ဆီး လုပ် ဖို့ စိတ်ကူးထဲတောင် မရှိဘူး။ ဒါက အကွက်ကျကျ စီစဉ်ထားတာ။ သမီးကတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်ကို ဆက်လုပ်သွားမယ်။ မှိုချိုးမျစ် ချိုး ပြော တဲ့ သူကို တရားစွဲမယ်။ အားပေး အားမြောက် လုပ်တဲ့သူကို တရားစွဲမယ်။ အခုတစ်ရက် နှစ်ရက်တော့ ဒီသတင်းက နည်းနည်း ငြိမ်နေတယ်။ ဒါပေမယ့် သမီး ကို ရစရာ မရှိအောင် ပြောထားတဲ့ သူကို တရားစွဲ မှာဘဲ”ဟု ၄င်းကပြောသည်။

အဆိုတော် လိမ္မော်သီးတွင် ချစ်ရမည့် ချစ်သူ ရှိနေပြီး ၎င်းသည် တခြားသော သူ၏ အိမ်ထောင်ရေးကို ဖျက်ဆီးမည်သူ မဟုတ်ဟု ဆိုခဲ့သည့်အပြင် ထွက်ရှိ နေ သည့် ကောလာဟလကို ဖန်တီးသည့် သူများကို စုံစမ်းကာ ဖော်ထုတ်သွားမည်ဟု ဆိုသည်။၎င်း၏ အောက်တိုဘာ၂၄ရက်တွင် ကျရောက် သည့် မွေးနေ၌် သူငယ် ချင်း များနှင့် အတူ မွေးနေ့ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်ပြီး အောက်တိုဘာ၂၄ ရက် တွင် အောင်ဆန်းကွင်း၌ ပြုလုပ်မည့် မသန်စွမ်း ရန်ပုံငွေ ဘောလုံးပွဲ အတွက် သီချင်းများ သီဆိုကာ ပန်းစည်းပေး အပ်သွားမည်ဟု ဆိုသည်။

အဆိုတော် လိမ္မော်သီး၏ "ဒဏ်ရာနှလုံးသား" ဒုတိယ တစ်ကိုယ်တော် အယ်ဘမ်ကို ဒီဇင်ဘာ လအကုန် ၌ အော်ဒီယိုအဖြစ်ထွက်ရှိမည် ဖြစ်သည်။ယင်းအယ်ဘမ် တွင် ရော့ခ်သီချင်းများ အများဆုံး ပါဝင် မည် ဖြစ်ပြီး မိန်းကလေး ပရိသတ်များ အတွက် ရည်ရွယ်ကာ စလိုးရော့ခ် သီချင်းများကိုလည်း ထည့်သွင်း သွား မည် ဖြစ် သည်။ လိမ္မော်သီးသည် ၂၀၁၀ ခုနှစ်တွင် လိမ္မော်ရောင် စိတ်ကူးများ"အော်ဒီယို ကိုထွက် ရှိခဲ့ ပြီး ၂၀၁၂ခုနှစ် ၌ ယင်းအယ်ဘမ်ကို အမ်တီဗီ ထွက်ရှိခဲ့သူ ဖြစ် သည်။

မဇ္စျိမ

No comments:

Post a Comment