Friday 24 October 2014

ယာဉ်စီးခ သတ်မှတ်ပေးလိုက်သဖြင့် အမျိုးသမီးယာဉ်လိုင်း တစ်လိုင်းသာ ပြေးဆွဲတော့မည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသမီးယာဉ်လိုင်း သီးသန့်ပြေး ဆွဲရန် ယာဉ်လိုင်းသုံးခု အား ပြေး ဆွဲ ရန်ခွင့် ပြုလိုက်သော်လည်း ခရီးစဉ် တစ်ပိုင်းလျှင် ၅ဝကျပ်နှုန်း သတ် မှတ်ပေးလိုက်သဖြင့် (၃၁) ယာဉ် လိုင်း တစ်ခုသာ ပြေးဆွဲတော့မည်ဖြစ် ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ထံမှ သိရသည်။
'တိုင်းဒေသကြီးက ပုံမှန်ဈေးနှုန်း နဲ့ ပြေးဆွဲမယ်ဆိုရင် ပြေးဆွဲနိုင်တယ် လို့ ခွင့်ပြုလိုက်ပါပြီ။ ပြေးဆွဲရင် မ.ထ.သကို အသိပေးပါလို့ပြော ထားတယ်။ ခုထိလာရောက်ဆက် သွယ်ခြင်းမရှိသေးပါဘူး''ဟု ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ် မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင် ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က အောက်တိုဘာ ၁၄ရက်နေ့ တွင် ခွင့်ပြုပေးလိုက်သော်လည်း ပြေး ဆွဲမည့် ရက်ကိုမူ ယာဉ်ပိုင်ရှင်များ ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်မည်ဖြစ် ကြောင်း မ.ထ.သ (၃၁)ယာဉ်ပိုင်ရှင် ဦးသိန်းမြင့်က ပြောသည်။

'တိုင်းဒေသကြီးက ၅ဝ ကျပ်ပဲ တောင်းရမယ်။ တစ်ကျပ်မှပိုမတောင်းရဘူးတဲ့။ ကိုက်ကိုက်မကိုက် ကိုက် နောက်လိုင်းတွေစိတ်ပါလာအောင် ဦးဆောင်ဆွဲမယ်။ မကိုက်ရင်လဲဆွဲမယ်''ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်၌ မ.ထ.သ (၃၁)ယာဉ်လိုင်းသည် ယာဉ်စီးရေ ၂၁စီး ပြေးဆွဲနေပြီး အမျိုးသမီး သီးသန့် ယာဉ်လိုင်းအတွက် ၁၅စီး ပြေးဆွဲမည်ဖြစ်ကာ မနက်ပိုင်း ရုံး တက်ချိန် ၇းဝဝနာရီနှင့် ၉းဝဝ နာရီကြား၊ ညနေပိုင်း ရုံးဆင်းချိန် ၅းဝဝနာရီမှ ၇းဝဝ နာရီကြား ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရ သည်။

'အမျိုးသမီးသီးသန့်ယာဉ်လိုင်း လုပ်မယ်ဆိုရင် အရမ်းကောင်းတယ်။ ရုံးဆင်း၊ ရုံးတက်အမျိုးသမီးတွေအ တွက် အဆင်ပြေသွားနိုင်တယ်။ မိသား စုတွေဆိုရင်တော့ တခြားကားစီးပေါ့။ မနက်ပိုင်းနဲ့ ညနေဆို ရင်ကောင်မလေး တွေ တော်တော်ဒုက္ခရောက်တာ'' ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။

အမျိုးသမီး ယာဉ်လိုင်းများ ရန်ကုန်မြို့တွင်း ပြေးဆွဲနိုင်ရန်၂ဝ၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အထူးအ စည်းအဝေး၌ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက အဆို တင်သွင်းခဲ့ပြီးနောက် မ.ထ.သ (၃၁)ယာဉ်လိုင်းအပါ အဝင် ယာဉ်လိုင်းသုံးခုက အမျိုး သမီးသီးသန့် ယာဉ်လိုင်း ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ တင်ပြခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment