Friday 24 October 2014

ပန်းဆိုးတန်း-ဒလ ရေကြောင်းလိုင်းနိုင်ငံခြားသားခရီးသည်စီးနင်းမှု ၂၀ ရာခိုင်နှုန်းလျော့ကျ

 ခရီးသွားရာသီ စတင်နေ ပြီဖြစ်သော်လည်း ဥရောပခရီး သွားများ အဝင်နည်းနေသော ကြောင့် ပန်း ဆိုးတန်း-ဒလရေ ကြောင်းလိုင်း သို့ နိုင်ငံခြားသား ခရီးသွားလာရောက်စီးနင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ် လျှင် ၂၀ ရာခိုင်နှုန်းလျော့ကျနေကြောင်း ပန်းဆိုးတန်း-ဒလရေကြောင်း လိုင်းမှ သတင်းရရှိသည်။
ယခင်နှစ် အောက်တိုဘာ ၌ ပန်းဆိုးတန်း-ဒလရေကြောင်း လိုင်းသို့ နိုင်ငံခြားသားဦးရေ လာရောက်စီးနင်း မှုမှာ တစ်ရက် လျှင် ၈၀ ဦးခန့်ရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာ၌ တစ်ရက်လျှင် ၆၀ ဦးသာ လာရောက်ေ ကြာင်း တာဝန်ရှိသူက ပြောသည်။

‘‘ဥရောပခရီးသွားတွေက အများဆုံးဝင်တာလေ။ အခုက ဥရောပခရီးသွားတွေ အဝင်နည်းတယ်။ ကိုရီးယား တို့၊ ဘာတို့က တော့ ပုံမှန်ဝင်တယ်။ ဥရောပကျ ဆင်းသွားတဲ့အတွက် ခရီးသွား ရာသီဖြစ်ပေမယ့် မနှစ်ကနဲ့ ယှဉ် ရင်တော့ မမီသေးဘူး။ မယှဉ်နိုင် သေးဘူး’’ဟု ပန်းဆိုးတန်း-ဒလ ရေကြောင်းလိုင်းမှ ပန်းဆိုးတန်း ဆိပ်ကမ်းမန်နေဂျာ ဦးအေးမြင့် မောင်က ပြောသည်။

အဆိုပါရေကြောင်းခရီးစဉ် စီးသူများတွင် ကိုရီးယားလူမျိုး ၃၀ ရာခိုင်နှုန်း၊ ဥရောပခရီး သွား ၇၀ ရာခိုင်နှုန်းဖြစ်သည်။ ဥရောပခရီးသွားများတွင် စပိန် ခရီးသွားများ အများဆုံးဖြစ်သည်။ ၎င်းတို့မှာ ဒလမြို့ရှိ ဘုရားနှစ်ဆူ၊ မိဘမဲ့ကလေးများကို စာသင် ကြားပေးခြင်း၊ သွားရောက်လှူ ဒါန်းခြင်းများ ပြုလုပ်တတ်ကြ သည်။ ထို့အပြင် အလယ်စာသင် တိုက်ဘုန်းကြီးကျောင်းသို့ သွားခြင်း၊ ဆိုက်ကားစီးခြင်းနှင့် လူနေမှု ဘဝလေ့လာခြင်းတို့အပြင် တွံတေးမြို့ များရှိ အိုးလုပ်ငန်းများလေ့လာ ခြင်းတို့ကို ပြုလုပ်လေ့ ရှိကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံခြားသားတွေပဲ အား ကိုးနေရတာ။ သူတို့က ဒလကို ရောက်တာနဲ့ ဆိုက်ကားစီးတယ်။ မြို့ တစ်ပတ်လျှောက်ကြည့် တယ်။ ဓာတ်ပုံတွေရိုက်တယ်။ သူတို့အလာနည်းရင် ကျွန်တော် တို့လည်း ဝင်ငွေ ထိခိုက်တာပေါ့’’ ဟု ဒလမြို့နယ်မှ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။

ပန်းဆိုးတန်း-ဒလသင်္ဘော စီးနင်းမည်ဆိုပါက ယခင်လက် မှတ်ခနှုန်းထားများမှာ နိုင်ငံခြား သားတစ်ဦးလျှင် အသွားတစ်ဒေါ် လာနှင့် အပြန်တစ်ဒေါ်လာနှုန်း ကောက်ယူခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ တစ်ဦးလျှင် အသွားနှစ်ဒေါ်လာ နှင့် အပြန်နှစ်ဒေါ်လာနှုန်း ပြင် ဆင်သတ်မှတ်ခဲ့သည်။

7Day DAILY

No comments:

Post a Comment