Friday 24 October 2014

အမျိုးစောင့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမည်

Photo: အမျိုးစောင့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမည်
Friday, October 24, 2014

အမျိုး စောင့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးအတွက် ပြည်နယ်နှင့်တိုင်းအ သီးသီးရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်၊ သံဃာတော်များဦးဆောင် ကာ ယခုလ နောက်ဆုံးပတ်မှစတင် ကာ မြန်မာနိုင်ငံတစ်ဝန်း၌ ဆန္ဒ ထုတ်ဖော်တောင်းဆိုသွားမည်ဖြစ် ကြောင်း ဦးဆောင်ဆရာတော်များ ထံက သိရသည်။
ယင်းသို့ဆန္ဒထုတ်ဖော်တောင်း ဆိုခြင်းကို အောက်တိုဘာ ၂၅ရက် ၌ ရန်ကုန်မြို့တွင် စတင်ပြုလုပ် သွားမည်ဖြစ်ပြီးကျန်သည့်ပြည်နယ် နှင့် တိုင်းအသီးသီးတွင်ရက်အနည်း ငယ်သာခြား၍ ဆက်တိုက်တောင်းဆို သွားရန် စီစဉ်ထားကြောင်း မဘသ (ဗဟို)ဦးဆောင်ဆရာတော် ဦးပါ မောက္ခကပြောသည်။

''မျိုးစောင့်ဥပဒေတွေက တိုင်း ပြည်အတွက် မဖြစ်မနေပြဋ္ဌာန်း ပေး ဖို့လိုအပ်တယ်။ ဒီလေးခုလုံးကဒီနိုင် ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အား လုံးရဲ့ ကောင်းကျိုး ဖြစ်ထွန်းစေမှာ ဖြစ်သလို ဆိုးကျိုးကိုလဲ ကာကွယ် ပြီးသားဖြစ်တယ်။ ဒါကြောင့်အမြန် ဆုံးပြဋ္ဌာန်းပေးဖို့အတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့တောင်းဆိုသွား မှာဖြစ်တယ်'' ဟုဆရာတော်က မိန့် သည်။
ဘာသာ ကူးပြောင်းခြင်းဆိုင် ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိနှိုင်းခြင်း ဆိုင်ရာ ဥပဒေတို့ကို ဥပဒေအဖြစ် အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ရန်တစ်နိုင် ငံလုံး အတိုင်းအတာဖြင့် တောင်းဆို ဆန္ဒထုတ်ဖော်ခြင်းကို မဘသ(ဗဟို) ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာ တော်များကပြောသည်။

ရန်ကုန်မြို့ဆန္ဒထုတ်ဖော် တောင်းဆိုခြင်း အစီအစဉ်တွင်ရွှေတိ ဂုံဘုရားတွင် လှည့်လည်ချီတက်သွား မည်ဖြစ်ပြီး ကြေးသွန်းဘုရားအနီး တွင် ဟောပြောပွဲ ပြုလုပ်သွားရန် ဗဟန်းမြို့နယ် ရဲစခန်းနှင့်ဒဂုံမြို့နယ် ရဲစခန်းတို့တွင် ခွင့်ပြုချက်တောင်းခံ ထားပြီးဖြစ်ကြောင်းသိရသည်။
ဆရာတော်ဦးပါမောက္ခက ''ဆန္ဒ ထုတ်ဖော်တဲ့နေ့မှာရဟန်းရှင်လူရော သီလရှင်ဆရာလေးတွေပါဆိုရင် အင် အားသုံးထောင်လောက် ပါမယ်လို့ မှန်းထားတယ်''ဟု ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသည့် နေ့တွင် ကြေးသွန်းဘုရားကြီးအနီး တွင် ဆရာတော်ဦးပါမောက္ခ၊ မြနန်း ဆရာတော်၊ ကလေးဆရာတော်၊ ရှေ့ နေဦးအေးပိုင်၊ ဓမ္မစက္ကဦးမောင်မောင်၊ ဦးအောင်မြိုင်၊ စာရေးဆရာမောင် သွေးချွန်နှင့်ဆရာလေးနှစ်ပါးတို့က မျိုးစောင့်ဥပဒေများနှင့်ပတ်သက်၍ ဟောပြောသွားမည်ဖြစ်သည်။
အမျိုးစောင့်ဥပဒေဟုခေါ်သော ဥပဒေလေးခုပြဋ္ဌာန်းပေးရေး အ တွက် အမျိုးဘာသာ သာသနာစောင့် ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် ကြီးက နိုင်ငံတော်သမ္မတထံ တိုက် တွန်း အကြံပြုခဲ့ပြီးနောက်တွင် သက် ဆိုင်ရာ ဌာနများကရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို၂ဝ၁၄ခုနှစ် ဇူလိုင်လက နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

Democracytoday

/ ဓါတ်ပုံ - အင်းစိန်မြို့နယ်တွင် ဇွန် ၂၁ရက်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) နှစ်ပတ်လည်ညီလာခံကျင်းပစဉ်
ဓါတ်ပုံ - အင်းစိန်မြို့နယ်တွင် ဇွန် ၂၁ရက်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) နှစ် ပတ်လည် ညီလာခံကျင်းပစဉ်
အမျိုး စောင့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်၊ သံဃာတော်များဦးဆောင်ကာ ယခုလ နောက်ဆုံး ပတ်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း၌ ဆန္ဒထုတ်ဖော်တောင်းဆိုသွားမည်ဖြစ် ကြောင်း ဦးဆောင် ဆရာတော် များထံက သိရသည်။
ယင်းသို့ဆန္ဒထုတ်ဖော်တောင်း ဆိုခြင်းကို အောက်တိုဘာ ၂၅ရက် ၌ ရန်ကုန်မြို့တွင် စတင်ပြုလုပ် သွား မည်ဖြစ်ပြီး ကျန်သည့်ပြည်နယ် နှင့် တိုင်းအသီးသီးတွင်ရက်အနည်း ငယ်သာခြား၍ ဆက်တိုက်တောင်းဆို သွားရန် စီစဉ်ထားကြောင်း မဘသ (ဗဟို)ဦးဆောင်ဆရာတော် ဦးပါ မောက္ခကပြောသည်။

''မျိုးစောင့်ဥပဒေတွေက တိုင်း ပြည်အတွက် မဖြစ်မနေပြဋ္ဌာန်း ပေး ဖို့လိုအပ်တယ်။ ဒီလေးခုလုံးကဒီနိုင် ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အား လုံးရဲ့ ကောင်းကျိုး ဖြစ်ထွန်းစေမှာ ဖြစ်သလို ဆိုးကျိုးကိုလဲ ကာကွယ် ပြီးသားဖြစ်တယ်။ ဒါကြောင့်အမြန် ဆုံးပြဋ္ဌာန်းပေးဖို့အတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့တောင်းဆိုသွား မှာဖြစ်တယ်'' ဟုဆရာတော်က မိန့် သည်။

ဘာသာ ကူးပြောင်းခြင်းဆိုင် ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိနှိုင်းခြင်း ဆိုင်ရာ ဥပဒေတို့ကို ဥပဒေအဖြစ် အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ရန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တောင်းဆို ဆန္ဒထုတ်ဖော်ခြင်းကို မဘသ (ဗဟို) ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာ တော်များကပြောသည်။

ရန်ကုန်မြို့ဆန္ဒထုတ်ဖော် တောင်းဆိုခြင်း အစီအစဉ်တွင်ရွှေတိ ဂုံဘုရားတွင် လှည့်လည်ချီတက်သွား မည်ဖြစ်ပြီး ကြေးသွန်းဘုရားအနီး တွင် ဟောပြောပွဲ ပြုလုပ်သွားရန် ဗဟန်းမြို့နယ် ရဲစခန်းနှင့်ဒဂုံမြို့နယ် ရဲစခန်းတို့တွင် ခွင့်ပြုချက်တောင်းခံ ထားပြီးဖြစ်ကြောင်းသိရသည်။ ဆရာတော်ဦးပါမောက္ခက ''ဆန္ဒ ထုတ်ဖော်တဲ့နေ့မှာ ရဟန်းရှင်လူရော သီလရှင်ဆရာလေးတွေပါဆိုရင် အင် အားသုံးထောင်လောက် ပါမယ်လို့ မှန်းထားတယ်''ဟု ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသည့် နေ့တွင် ကြေးသွန်းဘုရားကြီးအနီး တွင် ဆရာတော်ဦးပါမောက္ခ၊ မြနန်း ဆရာတော်၊ ကလေးဆရာတော်၊ ရှေ့ နေဦးအေးပိုင်၊ ဓမ္မစက္ကဦးမောင်မောင်၊ ဦးအောင်မြိုင်၊ စာရေး ဆရာမောင် သွေးချွန်နှင့်ဆရာလေးနှစ်ပါးတို့က မျိုးစောင့်ဥပဒေများနှင့်ပတ်သက်၍ ဟောပြော သွားမည်ဖြစ် သည်။

အမျိုးစောင့်ဥပဒေဟုခေါ်သော ဥပဒေလေးခုပြဋ္ဌာန်းပေးရေး အတွက် အမျိုးဘာသာသာ သနာစော င့် ရှောက် အဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ကြီးက နိုင်ငံတော်သမ္မတထံ တိုက် တွန်း အကြံပြုခဲ့ပြီးနောက် တွင် သက် ဆိုင်ရာ ဌာနများကရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို၂ဝ၁၄ခုနှစ် ဇူလိုင်လက နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

Democracytoday

No comments:

Post a Comment