Friday 24 October 2014

ဇိမ်ခံကားများထဲတွင် မတ်တူး ဈေးကွက် ဝေစုအများဆုံးရဟု ဆို

ြ မြန်မာနိုင်ငံရှိ ဇိမ်ခံကားများထဲတွင် တိုယိုတာကုမ္ပဏီကထုတ်လုပ်သည့် မတ်တူးကား က ဈေးကွက်ဝေစုကို အများဆုံးရရှိထားကြောင်း အွန်လိုင်း ကားအရောင်းအ၀ယ်ဈေးကွက် Motor.com.mm မှ ကောက် ယူ သော စစ်တမ်းများက ဆိုသည်။
Motor.com.mm သည် အ ချက်အလက်ကောက်ယူရာတွင် ဇိမ်ခံကားဟု သတ်မှတ်သည့် စံနှုန်း မှာ နိုင်ငံတကာအဆင့်ဖြင့် သတ်မှတ်တိုင်းတာခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းမော်တော်ယာဉ်ရောင်း ၀ယ်သူ အများစုက ဇိမ်ခံကားအ မျိုးအစားဟု သတ်မှတ်ထားလေ့ရှိ သည့်အတိုင်း သတ်မှတ်ခြင်း ဖြစ် သည်။ ယင်းကဲ့သို့ ကောက်ယူခဲ့ရာ တွင် တိုယိုတာကုမ္ပဏီက ထုတ် လုပ်သည့် မတ်တူးကားအမျိုးအ စားမှာ ဈေး ကွက်ဝေစု ၂၂ ရာခိုင် နှုန်းဖြင့် အများဆုံးရရှိထားသည် ဟု ဆိုသည်။ Toyota Mark II ၏ နောက် မျိုးဆက်တစ်ခု ဖြစ်သည့်မော်ဒယ်မြင့် တိုယိုတာ မတ်အိတ်စ် (Toyota Mark X) က ဈေးကွက်ဝေစု ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့သည်။ ယခင်က ကျပ်သိန်းထောင်ကျော်ဈေးပေါက်ခဲ့ပြီး လူ့အထက်တန်း လွှာများ၏ အမှတ် တံဆိပ် တန်ဖိုးကြီး ဇိမ်ခံကားအ မျိုးအစားဖြစ်သည့် တိုယိုတာ လန်ခရူဇာ (Toyota Land Cruiser) က ဈေးကွက်ဝေစု ၉ ရာခိုင်နှုန်းဖြင့် တတိယအဆင့်ရှိခဲ့သည်ဟု အဆိုပါစစ်တမ်း တွင် ဖော်ပြ ထားသည်။

ရန်ကုန်မြို့တွင် လာရောက်အ ခြေစိုက်ဖွင့်လှစ်နေပြီဖြစ်သည့် တိုယိုတာကုမ္ပဏီကလည်း ယခုစစ် တမ်း သည် မြန်မာနိုင်ငံ၏ ကား ဈေးကွက်နှင့် အနီးစပ်ဆုံးစစ်တမ်းကောက်ယူထားခြင်း ဖြစ်နိုင်ပြီး တိုယိုတာမှ ဇိမ်ခံ ကားအဖြစ် သတ်မှတ်ရာတွင် အချက်အလက်များစွာ ရှိနေသေး၍ ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ မှန်ကန်နိုင် ကြောင်း တိုယိုတာမှ တာဝန်ရှိသူ ကိုမျိုးမြင့်သိန်းက ပြောသည်။

‘‘တိုယိုတာမှာ ဇိမ်ခံတွေအ များကြီးရှိတယ်။ မတ်တူးကတော့ တစ်ပတ်ရစ် ဈေးကွက်မှာတော် တော်များများ ကြိုက်ကြပါတယ်’’ ဟု ကိုမျိုးမြင့်သိန်းက ပြောသည်။မူဝါဒအပြောင်းအလဲ၊ ဆိပ်ကမ်းရောက် တန်ဖိုး အပြောင်း အ လဲနှင့် ဂျပန်လေလံဈေးအပြောင်း အလဲတို့ကြောင့် အင်ဂျင်ပါဝါအ မြင့်၊ မော်ဒယ်အမြင့် ဇိမ်ခံကား အမျိုးအစားများမှာ ဈေးနှုန်းများစွာ ကျဆင်းနိုင်ခြေမရှိဘဲ လက်ရှိတွင် အရောင်းသွက်လျက်ရှိသော ၂၀၀၂/၂၀၀၃ မော်ဒယ် Toyota Alphard များမှာမူ အနာဂတ်ဇိမ် ခံကား ဈေးကွက်တွင် လူလတ် တန်းစားတို့အတွက် ဈေးနှုန်းသင့် ပြီး ၀ယ်ယူရန် သင့်လျော်သော ကားအမျိုးအစား ဖြစ်လာနိုင် ကြောင်း Motors.com.mm ၏ မြန်မာ့ကားဈေးကွက်ကျွမ်းကျင် သူများဟုဆိုသူများက သုံးသပ် သည်။ ပြီးခဲ့သည့် တစ်ပတ်ကလည်း Motor.com.mm မှ မြန်မာပြည်၏ ဈေးကွက်ဝေစုအများဆုံးရရှိထားသည့် ကားအမျိုးအစားကို စစ် တမ်းကောက်ခဲ့ရာ တိုယိုတာက ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အ ရောင်းပြခန်းပေါင်း ၂၂၀၊ မော် တော်ယာဉ် တင်သွင်းသူများ၊ ရန် ကုန်မြို့ရှိ မော်တော်ယာဉ်ရောင်း ၀ယ်ရေးစခန်း လေးခုရှိ မော်တော် ယာဉ် အကျိုးဆောင် များ၊ တစ်သီး ပုဂ္ဂလမော်တော်ယာဉ်ရောင်းဝယ် သူများ စသည့် ပြည် တွင်းမော် တော်ယာဉ်ဈေးကွက်အတွင်း အ ရောင်းအ၀ယ်ပြုလုပ်သူများ၏ ၉၅ရာခိုင်နှုန်းကျော်နှင့် ချိတ်ဆက် ထားပြီး လုပ်ငန်း ဆောင်ရွက်လျက်ရှိသော အွန်လိုင်းအခြေပြု မော်တော် ယာဉ်ရောင်းဝယ်ရေး ၀က်ဘ် ဆိုက်တစ်ခု ဖြစ်သည်။

Motor.com.mm သည် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကားအရောင်း အ၀ယ်ပြုလုပ်နေသူ ၉၀ ရာခိုင်နှုန်းမှ အဓိက အသုံးပြုနေသည့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ယင်း ကုမ္ပဏီက ပြောသည်။ သို့သော် လူဦးရေ ၅၁ သန်းကျော်ရှိသော မြန်မာနိုင်ငံတွင် အင်တာနက်သုံး စွဲသူ ငါးသန်းကျော်သာရှိသည်။

7Day DAILY

No comments:

Post a Comment