Friday 24 October 2014

မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ပေးနိုင်ရန် ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီကို ရွေးချယ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင် မှု ပေးနိုင်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ ကို တင်ဒါ ခေါ်ယူ ထားရာ ယင်းကုမ္ပဏီများ အနက် ထိုင်းနိုင်ငံ အခြေစိုက် CAT (Communication Authority of Thailand) ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဝန်ဆောင်မှု ပေးနေသည့် အင်တာနက် မြန်နှုန်းမှာ 27 Gigabyte ဖြစ်ပြီး နောက်ထပ် 20 Gigabyte ဝန်ဆောင်မှု ပေးနိုင်မည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများကို ပြီးခဲ့သည့်လ အတွင်းတွင် တင်ဒါ ခေါ်ယူခဲ့ရာ ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ ကိုးခု လာရောက် လျှောက်ထားခြင်း ဖြစ်သည်။

''အခုဒီကုမ္ပဏီကို ရွေးချယ်လိုက်တာက ၉ဝ ရာခိုင်နှုန်းလောက် သေချာသွားပါပြီ။ ဒီ CATကုမ္ပဏီက MPT နဲ့ အရင် ကတည်းက အင်တာနက် ဆက်ကြောင်းတွေ ရှိပြီးသား ကုမ္ပဏီပါ။ အခုကုမ္ပဏီကို ရွေးချယ်ပြီးသွားပြီ ဆိုတော့ လုပ်ငန်း စတင်ဖို့ပဲ ရှိတော့တယ်။ လုပ်ငန်းစတင်ဖို့ အောက်တိုဘာ လကုန်လောက် ဆိုရင်တော့ဖြစ်မှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လက်ရှိတွင် SE -ME -WE 3 ရေအောက် ဖိုင်ဘာ ဆက်ကြောင်းဖြင့် ချိတ်ဆက်ကာ အင်တာနက်လိုင်း ဝန်ဆောင်မှု ပေးနေပြီး နောက်ပိုင်းတွင် မြန်နှုန်းမြင့် အင်တာနက်လိုင်း ဖြစ်သည့် SE -ME -WE 5 သို့ ပြောင်းလဲ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment