Friday 24 October 2014

စစ်တပ်က မပြင်လိုသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု NLD နှင့် ၈၈မျိုးဆက်များ ပြော

Photo: စစ်တပ်က မပြင်လိုသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု NLD နှင့် ၈၈မျိုးဆက်များ ပြော
Friday, October 24, 2014

အခြေခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်နိုင်ရန်အတွက် အရေးကြီးသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုခြင်း မရှိဟု လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များက သဘောထား ဆန္ဒပေးထားကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ ပါရှိခြင်းအပေါ် ယင်းဥပဒေပုဒ်မ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် တွင်း ဆွေးနွေး သွားဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) လွှတ်တော်အမတ်များက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန်္ဒကျော်စွာ၊ အတွင်းရေးမှူး ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစံပြည့်တို့က ဖတ်ကြား တင်သွင်းရာတွင် တပ်မတော်သား ကိုယ်စားလှယ်များဘက်မှ မပြင်ဆင်လိုကြောင်း သဘောထားမှတ်ချက် ပေးထားကြောင်း ပါဝင်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။

““ပြည်သူနဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မယ်ဆိုပြီး ပြင်ဆင်တဲ့ အထဲမှာလည်း ဒီ ၄၃၆ တို့၊ ၅၉-စ တို့ ပြင်ဖို့ဆိုတာ နဂိုကတည်းက ရွေးကောက်ပွဲ ကြွေးကြော်သံအနေနဲ့ ကတိပေးပြီး လွှတ်တော်ထဲကို ၀င်ခဲ့တာပါ။ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တယ် ဆိုလို့ရှိရင် ပြည်သူ တွေက ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ ပြင်သွားမှာပါ။ အဲဒီအတွက် နောက်လွှတ်တော် မှာ ဆွေးနွေးမယ့် ဆွေးနွေးချက်တွေ ကို စောင့်ကြည့်ကြပါ။ ဘာကြောင့် ဒါတွေက ပြင်ဖို့လို အပ်ပါတယ် ဆိုတာကို ဖော်ပြချက် တွေနဲ့အတူ လွှတ်တော်ထဲမှာ ဆွေးနွေး သွားမှာပါ။ ရှေ့အပတ်ထဲမှာ ဖြစ်လောက်မှာပါ””ဟု NLD ပါတီ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

NLD ပါတီမှ တံတားဦးမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကလည်း ““အစ်မတို့ဘက် ကိုယ့်ရဲ့မူလ ပြင်ဆင်ထားတဲ့အတိုင်းကို ပြင်ဆင်မှာပေါ့။ အခုက အစ်မတို့ ဆွေးနွေးမယ်။ ဒီအစီရင်ခံစာ အပေါ်မှာလည်း ဆွေးနွေးမယ်။ နောက် တစ်ခုကကျတော့ ဥပဒေကြမ်းအဖြစ်နဲ့ ရောက်လာတဲ့ အခါကျမှလည်း အစ်မတို့အနေနဲ့ ထပ်ပြီး ဆွေးနွေးဦးမယ်။ တတ်နိုင်သလောက်တော့ အစ်မတို့တွေ ကြိုးစားသွားမှာပါ။ လွှတ်တော်ထဲမှာကတော့ ဥပဒေနဲ့အညီပဲပေါ့နော်။ ဒီအစီရင်ခံစာ အပေါ်မှာ NLD ကိုယ်စားလှယ် အများစုလည်းပဲ ဆွေးနွေးမယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေလည်းပဲ ဆွေးနွေး မယ်။ ပြင်ဆင်ချက် အနေနဲ့ ဆွေးနွေးမယ်။ အမ အထင်ပေါ့နော်။ ဒီကိစ္စကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကလည်းပဲ သူတို့ရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အလုပ်လုပ်ကြည့်တဲ့ အခါမှာ ဒီမိုကရေစီ မဆန်တာတွေ၊ အလုပ်မဖြစ်တာတွေကို သူတို့ကိုယ်တိုင်က ထဲထဲဝင်ဝင် ခံစားလာကြရပြီလေ။ အဲဒီအခါမှာ သူတို့ ပြင်ဆင်ချင်တာ ရှိလောက် ပါလိမ့်မယ်။ အခုဟာက နာယကကတော့ သူမန်းဒိတ် ပေးထားတာလေး ရှိတယ်လေ”” ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ အာဏာရ ကြံ့ခိုင်ရေး ပါတီအနေဖြင့် ““နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည် ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေစွာ တိုးမြှင့်ပေးရမည် ဖြစ်သည်”” ဟုသာ အကြံပြုထားကြောင်း ပါရှိသည်။““၄၃၆ကို ပြင်နိုင်မှ ဒီမိုကရေစီရမယ်လေ။ ၄၃၆ကို ပြင်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ တပ်မတော်သားတွေကို ပြောချင်တာက လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲပေးနိုင်ဖို့ တပ်မတော်ဘက်က လုပ်ပေးရမယ့် အခွင့်ကောင်း တစ်ခုပဲ။ အဲဒီ အခွင့်အရေး ကိုအသုံးချ စေချင် တယ်။၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်လိုက်ခြင်းဟာ ပြည်သူလူထုရဲ့ဆန္ဒကို သဘော မတူရာ ကျတဲ့အတွက် တပ်မတော်နဲ့ ပြည်သူကြားထဲမှာ ပိုပြီးကွာဟာချက် ကြီးမားသွာစေတယ်။ အဲဒါက စိတ်ပူစရာ အချက်တစ်ချက်ပဲ။ တပ်မတော်သားတွေ အနေနဲ့ ၄၃၆ ပြင်ဆင်ရေးကို ဒီလိုအချိန်မှာ လုပ်ပေးခြင်း အားဖြင့် ပြည်သူ့အကျိုးပြုရာ ရောက်တယ်။ အဲဒီတော့ ပြင်ဆင်ရေးအတွက်ကိုပါ အားပေးစေ ချင်တယ်။ ပြင်ဆင်ရေးကို ထောက်ခံ ပေးစေချင်တယ်”” ဟု ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် လက်တွဲ လုပ်ကိုင် နေသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဂျင်မီက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ ပူးပေါင်း၍ ပြည်သူ့ သဘောထားဆန္ဒ ကောက်ယူမှုများ ပြုလုပ်ကာ ရရှိလာသည့် လက်မှတ်ပေါင်း ငါးသန်းခန့်ကို လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သည်။

ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် ၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန
အခြေခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်နိုင်ရန်အတွက် အရေးကြီးသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုခြင်း မရှိ ဟု လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များက သဘော ထား ဆန္ဒပေးထားကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သို့ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော် မတီ၏ အစီရင် ခံစာ၌ ပါရှိခြင်းအပေါ် ယင်းဥပဒေပုဒ်မ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် တွင်း ဆွေးနွေး သွားဦး မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) လွှတ်တော် အမတ်များ က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန်္ဒကျော်စွာ၊ အတွင်းရေးမှူး ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစံပြည့်တို့က ဖတ်ကြား တင်သွင်းရာတွင် တပ်မတော်သား ကိုယ်စားလှယ်များဘက်မှ မပြင်ဆင်လိုကြောင်း သဘောထားမှတ်ချက် ပေးထားကြောင်း ပါဝင်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။

““ပြည်သူနဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မယ် ဆိုပြီး ပြင်ဆင် တဲ့ အထဲမှာလည်း ဒီ ၄၃၆ တို့၊ ၅၉-စ တို့ ပြင်ဖို့ဆိုတာ နဂိုကတည်းက ရွေးကောက် ပွဲ ကြွေးကြော်သံ အနေနဲ့ ကတိပေးပြီး လွှတ်တော်ထဲကို ၀င်ခဲ့တာပါ။ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တယ် ဆိုလို့ရှိရင် ပြည်သူ တွေက ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ ပြင်သွားမှာပါ။ အဲဒီအတွက် နောက်လွှတ်တော် မှာ ဆွေးနွေးမယ့် ဆွေးနွေးချက်တွေ ကို စောင့်ကြည့်ကြ ပါ။ ဘာကြောင့် ဒါတွေက ပြင်ဖို့လို အပ်ပါတယ် ဆိုတာကို ဖော်ပြချက် တွေနဲ့အတူ လွှတ်တော် ထဲမှာ ဆွေးနွေး သွားမှာပါ။ ရှေ့အပတ်ထဲမှာ ဖြစ်လောက်မှာပါ””ဟု NLD ပါတီ ဇမ္ဗူသီရိမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

NLD ပါတီမှ တံတားဦးမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကလည်း ““အစ်မတို့ ဘက် ကိုယ့်ရဲ့မူလ ပြင်ဆင်ထားတဲ့အတိုင်းကို ပြင်ဆင်မှာပေါ့။ အခုက အစ်မတို့ ဆွေးနွေးမယ်။ ဒီအစီရင် ခံစာ အပေါ်မှာလည်း ဆွေးနွေးမယ်။ နောက် တစ်ခုကကျတော့ ဥပဒေကြမ်းအဖြစ်နဲ့ ရောက်လာတဲ့ အခါကျမှလည်း အစ်မတို့အနေနဲ့ ထပ်ပြီး ဆွေးနွေးဦးမယ်။ တတ်နိုင်သလောက်တော့ အစ်မတို့တွေ ကြိုးစားသွားမှာပါ။ လွှတ်တော်ထဲမှာကတော့ ဥပဒေနဲ့အညီပဲပေါ့နော်။ ဒီအစီရင်ခံစာ အပေါ်မှာ NLD ကိုယ်စားလှယ် အများစုလည်းပဲ ဆွေးနွေးမယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေလည်းပဲ ဆွေးနွေး မယ်။ ပြင်ဆင်ချက် အနေနဲ့ ဆွေးနွေးမယ်။ အမ အထင်ပေါ့နော်။ ဒီကိစ္စကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကလည်းပဲ သူတို့ရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အလုပ်လုပ်ကြည့်တဲ့ အခါမှာ ဒီမိုကရေစီ မဆန်တာတွေ၊ အလုပ်မဖြစ်တာတွေကို သူတို့ကိုယ်တိုင်က ထဲထဲဝင်ဝင် ခံစားလာကြရပြီလေ။ အဲဒီအခါမှာ သူတို့ ပြင်ဆင်ချင်တာ ရှိလောက် ပါလိမ့်မယ်။ အခုဟာက နာယကကတော့ သူမန်းဒိတ် ပေးထားတာလေး ရှိတယ်လေ”” ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ အာဏာရ ကြံ့ခိုင်ရေး ပါတီအနေဖြင့် ““နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည် ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန် အခါနှင့် လိုက်လျောညီထွေစွာ တိုးမြှင့်ပေးရမည် ဖြစ်သည်”” ဟုသာ အကြံပြုထားကြောင်း ပါရှိသည်။ ““၄၃၆ကို ပြင်နိုင်မှ ဒီမိုကရေစီရမယ်လေ။ ၄၃၆ကို ပြင်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လူထု ဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ တပ်မတော်သားတွေ ကို ပြောချင် တာက လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲပေးနိုင်ဖို့ တပ်မတော်ဘက်က လုပ်ပေးရမယ့် အခွင့်ကောင်း တစ်ခုပဲ။ အဲဒီ အခွင့်အရေး ကိုအသုံးချ စေချင် တယ်။၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက် လိုက်ခြင်းဟာ ပြည်သူလူထုရဲ့ဆန္ဒကို သဘော မတူရာ ကျတဲ့အတွက် တပ်မတော်နဲ့ ပြည်သူကြားထဲမှာ ပိုပြီးကွာဟာချက် ကြီးမားသွာစေတယ်။ အဲဒါက စိတ်ပူစရာ အချက်တစ်ချက်ပဲ။ တပ်မတော်သားတွေ အနေနဲ့ ၄၃၆ ပြင်ဆင်ရေးကို ဒီလိုအချိန်မှာ လုပ်ပေးခြင်း အားဖြင့် ပြည်သူ့အကျိုးပြုရာ ရောက်တယ်။ အဲဒီတော့ ပြင်ဆင်ရေးအတွက်ကိုပါ အားပေးစေ ချင်တယ်။ ပြင်ဆင်ရေးကို ထောက်ခံ ပေးစေချင်တယ်”” ဟု ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် လက်တွဲ လုပ်ကိုင် နေသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဂျင်မီက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ ပူးပေါင်း၍ ပြည်သူ့ သဘောထားဆန္ဒ ကောက်ယူမှုများ ပြုလုပ်ကာ ရရှိလာသည့် လက် မှတ်ပေါင်း ငါးသန်းခန့်ကို လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သည်။

ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက် ၀က်ကျော် ၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန

No comments:

Post a Comment