Friday 24 October 2014

ဂျပန်-မြန်မာပွဲတော် ၀င်ကြေး အခမဲ့ ကျင်းပမည်

ဂျပန်-မြန်မာဆက်ဆံ ရေးနှစ်(၆၀) ပြည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ် ဂျပန် စတိုင် ဂျပန်-မြန်မာ ပွဲတော်ကို ဒီဇင်ဘာတွင် ရန်ကုန်မြို့ စကိုင်း စတားဟိုတယ်အနီးရှိ ကွင်းပြင်၌ ၀င်ကြေး အခမဲ့ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျပန်-မြန်မာ ပွဲ တော်ကို ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်ညများတွင် ကျင်းပသွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံဘက်မှ လုပ်ငန်း ရှင်များက ဂျပန်စတိုင် လမ်းဘေး ဆိုင် ၁၅ ဆိုင်ခန့် ဖွင့်လှစ်၍ ရွှေငါးဖမ်း ကစားနည်းနှင့်အတူ ဂျပန်ရိုးရာ အစားအသောက်များ ဖြစ်သော ရေဘ၀ဲ အစာသွတ်၊ မုန့် လင်မယား၊ ငှက်ပျောသီး ချောက လက်မုန့်များအပါအ၀င် ဂျပန်စား သောက်ဖွယ်ရာများကို ရောင်းချ သွားမည် ဖြစ်သည်။

‘‘ဂျပန်-မြန်မာ နှစ်နိုင်ငံရဲ့ ပြည်သူ ပြည်သားတွေဟာ ပျော် ရွှင်မှုကို ထပ်တူခံစားခြင်းနဲ့ ပျော် ရွှင်မှု ကို ဝေမျှခံစားနိုင်ခြင်းတွေ ဟာ ဂျပန်-မြန်မာ ချစ်ကြည်ရင်း နှီးမှုကို အထောက်အကူပြုတဲ့ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်နိုင် တယ်လို့ ယူဆပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ် ကြီး ဟိဂုချိ က ပြောသည်။

ပွဲတော်တွင် မြန်မာ အဆို ၀ါသနာရှင်များ ပါဝင်ဆင်နွှဲနိုင် မည့် ကာရာအိုကေ ပြိုင်ပွဲတွင် ဂျပန်နိုင်ငံမှ ကာရာအိုကေစက်မှ အမှတ်စာရင်းကို ထုတ်ပြန်ပေး ပြီး ဆုပေးပွဲကိုပါ ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အထူးစင်တင် ဖျော်ဖြေပွဲ အများအဖြစ် ဂျပန်ဘက်မှ ရိုးရာ ဗုံတီး တင်ဆက်မှုပွဲ၊ ကာဝါအိ ဖက်ရှင်အဖွဲ့မှ နာမည်ကြီးမော် ဒယ်လ်များနှင့် အကအဖွဲ့များ၏ ဖျော်ဖြေပွဲများနှင့် မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ လွှမ်းပိုင်တို့၏ ဖျော်ဖြေမှုများ လည်း ပါဝင်မည် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment