Friday 24 October 2014

မလေးရှားတွင် ထောင်ကျနေသည့် မြန်မာနိုင်ငံသား ၅၂ဦးအနက် လူငယ် ၂ဝခန့် မလေးရှားနှင့် ထိုင်းနယ်စပ်ရှိ Camp များသို့ ပို့ဆောင်ခြင်းခံထားရ

မလေး ရှားနိုင်ငံသို့ ဗီဇာအတုဖြင့် ပို့ဆောင် ခြင်းခံရပြီး ထောင်ဒဏ် တစ်နှစ်စီ ကျခံနေရ သည့် မြန်မာနိုင်ငံ သား၅၂ ဦးမှ အသက် ၂ဝအောက်လူငယ် ၁၉ဦးကို မလေးရှားနိုင်ငံနယ်စပ် နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ မလေးရှား ကမ့်များသို့ ပို့ဆောင်ခြင်း ခံထားရ ကြောင်း ကပုန်း (၇)ရက်သားသမီး လူမှုကူညီရေးအဖွဲ့မှ ဦးဆန်းဝင်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ယင်းက'' ကလေးတွေက ကမ့် တွေထဲမှာ ဒုက္ခမျိုးစုံရောက်နေတယ်။ ကမ့်တွေထဲမှာ ရောဂါတွေကလဲ မျိုးစုံဖြစ်တယ်။ ထောင်ကျတဲ့သူတွေ ထဲမှာ တချို့က မလေးမှာ ဆွေမျိုးနီး စပ်တွေရှိပေမယ့် အခု ကမ့်တွေကို ပို့လိုက်တော့ သူတို့တွေနဲ့ပါ အဆက် အသွယ်ပြတ်သွားပြီး အားလုံးဒုက္ခ ရောက်နေကြတာပေါ့'' ဟု ပြော သည်။

ယခုကဲ့သို့ကမ့်များသို့ ပို့ဆောင် ခြင်းခံရသည့် ၁၉ဦးကို ယခုလအ တွင်းက မလေးရှားနိုင်ငံ ကလန်း တန်း ပြည်နယ်ရှိ စန်ဒါမေရကမ့်သို့ ပို့ ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကျန်လူ များကို မလေးရှားနိုင်ငံ စွန်ကိုင်းပ လို့ ထောင်တွင်သာ ထားရှိကြောင်း၊ ထောင်ဒဏ်တစ်နှစ်စီ ကျခံနေရသည့် မြန်မာနိုင်ငံသား ၅၂ဦးသည် ထောင် ဒဏ်ကျခံနေရသည်မှာ နှစ်လကျော် ကြာသည့် အထိအယူခံဝင်နိုင်ခြင်း မရှိသေးဘဲ အကူအညီမဲ့နေကြောင်း လည်း ဦးဆန်းဝင်းက ဆက်ပြော သည်။

အဆိုပါ ၅၂ဦးသည် ခရီးသွား လုပ်ငန်းအေဂျင်စီ၏ ပို့ဆောင်မှုဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူလေ ဆိပ်တွင် မလေးရှားလူဝင်မှုကြီးကြပ် ရေးမှ ဖမ်းဆီးကာ တရားမဝင် ဝင် ရောက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများကို ဗီဇာ အတုဖြင့် ပို့ဆောင်ခဲ့သည့်ခရီးသွား လုပ်ငန်းအေဂျင်စီတစ်ခုမှ ပွဲစားသုံး ဦးကိုမူ မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးမှ လူကုန်ကူးမှုဖြင့် တရား စွဲဆိုထားသော်လည်း ယခုတိုင် အမိန့်ချ မှတ်နိုင်ခြင်း မရှိသေးကာ အောက်တိုဘာ ၂၇(သို့)၂၈ရက်တို့ ၌ ရုံးချိန်းချိန်းဆိုထားကြောင်းလည်း ကပုန်း(၇) ရက် သားသမီးလူမှုကူညီ ရေးအဖွဲ့မှ သိရသည်။

မလေးရှားနိုင်ငံရှိ ကမ့်များမှ သီတဂူ လူမှုကူညီရေးအသင်း၏အ ကူအညီဖြင့် ပြန်လည်ရောက်ရှိခဲ့ သူ မြန်မာနိုင်ငံသားတစ်ဦးက '' မလေး ရှားက ကမ့်တွေထဲမှာအစား အသောက် ရော အနေအထိုင်ရော အရမ်းညစ် ပတ်တဲ့အပြင် မသေထမင်း မသေ ဟင်းစားရသလိုပဲ။ ရောဂါမျိုးစုံရှိတယ်။ အဲဒီမှာရောဂါတွေ မျိုးစုံရပြီးသေသွား တဲ့ မြန်မာတွေလဲ ရှိတော့ ကျွန်တော် တို့တောင် မလေးရှားနိုင်ငံမှာ ရှိတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ သီတဂူ အကူအညီပေးလို့ မြန်မာနိုင်ငံကို ပြန်ရောက်ခဲ့တာ အဲဒီကမ့်တွေမှာ အများဆုံးဖြစ်တာ တီဘီရောဂါပဲကူး တာလဲ အရမ်းမြန်တယ်'' ဟု မလေးရှား ကမ့်ထဲတွေ နေထိုင်ရသည့် ၄င်း၏အတွေ့အကြုံကိုပြောသည်။

မြန်မာ ၅၂ဦးအမှုနှင့် ပတ်သက် ပြီး မြန်မာနိုင်ငံတွင် ယခုတိုင်အရေး ယူဆောင်ရွက်ထားခြင်း မရှိသည့် အပြင် ဗီဇာအတုဖြင့် ထောင်တစ် နှစ်စီကျခံရသည့် အဆိုပါနိုင်ငံသား များအရေးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ စသည့်သက်ဆိုင်ရာဌာန များမှ လည်း ၄င်းတို့နှင့် သက်ဆိုင်ခြင်းမရှိ ဟုဆိုကာ ငြင်းဆိုထားသည်။

ZCH
Yangon Media Group

No comments:

Post a Comment