Friday 24 October 2014

ပါးစပ်အတွင်း အနံ့ဆိုး ကင်းစင်စေဖို့နဲ့ သွားကျန်းမာရေးအတွက် သိကောင်းစရာ (အပိုင်း ၂)

Photo: ပါးစပ်အတွင်း အနံ့ဆိုး ကင်းစင်စေဖို့နဲ့ သွားကျန်းမာရေးအတွက် သိကောင်းစရာ (အပိုင်း ၂)
Friday, October 24, 2014

အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်းမာရေးကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ အပိုင်း (၁)မှာ ဖော်ပြထားပြီး ဖြစ်သလို ထပ်မံသိသင့်တဲ့အချက်တွေကိုတော့ ခုလို အပိုင်း (၂) မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

ခံတွင်းမှ အနံ့ဆိုးထွက်ခြင်း
ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဘက်ဘီးရီးယားတွေ ဝင်ရောက် နေရာယူလိုက်ပြီဆိုရင် ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။( ဖြစ်တတ်တာက မနက်အိပ်ရာမှ နိုးလာချိန်ပါပဲ။ ဒါကလည်း ညအချိန်မှာ တံတွေးထုတ်လုပ်မှု လျော့နည်းလို့ ဖြစ်ပေါ်လာတာပါ။ ခံတွင်းခြောက်တာဟာ ပါးစပ်အနံ့ဆိုးထွက်ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဆိုပေမဲ့ တခါတရံ ခန္ဓာကိုယ်ရဲ့ ဇီဝအရ ဖြစ်တတ်တဲ့ သဘောသဘာဝသာဖြစ်ပါတယ်။ တချို့ရဲ့ခန္ဓာကိုယ်မှာ ဆာလဖာ ထုတ်လုပ်တဲ့ ဘက်တီးရီးယားပိုတွေ များစေတာကြောင့် ခံတွင်းအနံ့ဆိုး အမြဲတမ်းထွက်ပါတယ်။ ဒါကို ပါးစပ်ပလုတ်ကျင်းရည်နဲ့ ဖြေရှင်းနိုင်ပါတယ်။ သွားတိုက်ပြီးလို့ အနံ့ဆိုးပြဿနာဖြစ်နေသေးတယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သွားကို ပုံမှန်တိုက်တာ သေချာပါစေ။

သွားစွန်းထင်းနေခြင်း
ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် ဝိုင် ကဲ့သို့သော မတူညီကွဲပြားတဲ့ သောက်ဖွယ်အရည်တွေက မိမိရဲ့အပြုံး ပန်းကို ပျက်စေတယ်။ သင်ထင်ထားတာထက် ပိုပါတယ်။ တချို့သောသူများရဲ့ တံတွေးက သွားရဲ့မျက်နှာပြင်ကို အစွန်းအထင်း ဖြစ်တည်လေ့ရှိတာတွေလည်း ရှိတယ်။ တိုက်ချွတ်လို့ ရနိုင်တဲ့ သံချေးလို အနီရောင်သမ်းတာရှိသလို calculus လို့ခေါ်တဲ့ တိုက်ချွတ်ရခက်တဲ့ သွားပေါ်ကအစွန်းထင်းတွေလည်းရှိတယ်။ anti-tartar toothpaste တွေလို အလွယ်တကူဝယ်ယူနိုင်တဲ့ whitening kits တို့နဲ့ သွားတွေ လင်းလက်တောက်ပြောင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ အဲဒီပစ္စည်းတွေ အသုံးမပြုမီ သင့်မသင့် သွားဆရာဝန်ဆီ အရင်မေးမြန်းကြည့်ပါ။

သွားဖုံးသွေးယိုခြင်း
အများအားဖြင့် သွားဖုံးသွေးယိုတဲ့ ပြဿနာဟာ ပါးစပ်သန့်ရှင်းမှုနဲ့ (gingivitis) ခေါ် သွားဖုံးနာကျင် ယောင်ယမ်းခြင်းနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ သွားကို ပုံမှန်တိုက်နေကျအတိုင်းသာ တိုက်နေမယ်ဆိုရင် ထူးခြားမှုရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သွားနဲ့ သွားဖုံးကြား ဟတဲ့အပေါက်မှာ ပုံမှန်သွားတိုက်ရုံနဲ့ ပြောင်မှာ မဟုတ်ပါဘူး။ ဒီလိုထိပါများလာတဲ့အခါမှာ အထဲက သွေးကြောတွေ ကျယ်သထက်ကျယ်လာ၊ ပျက်စီးသထက် ပျက်စီးလာပြီး သွေးယိုထွက်မှုပိုဖြစ်စေပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဂရုစိုက်နည်းတစ်ခုက သေသေချာချာနဲ့ သွားကိုတစ်နေ့ တစ်ကြိမ်သာ တိုက်ပေးပါ။ ရက်အနည်းငယ်အတွင်းမှာ သွားဖုံးသွေးစိမ့်မှု ပျောက်ကင်းလာမှာဖြစ်တယ်။

အထိမခံ သွားများ
အပူ အအေး သို့မဟုတ် ချိုတဲ့ အစားအစာများကြောင့် နာကျင်မှုကို ခံစားရပေမဲ့ သင့်သွားတွေ သာမန်အားဖြင့် အထိမခံဘူးဆိုရင် ဒါ သွားပိုးပေါက်ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားဆရာဝန်ဆီ သွားပြပါ။ သွားတွေ မကြာခဏဆိုသလို အထိမခံဖြစ်နေရင်တော့ သက်သာရာစေဖို့ ဖြစ်နိုင်ချေ နည်းလမ်းတစ်ချို့ရှိပါတယ်။ သွားရဲ့အပေါ်ယံကြွေသား မရှိတော့တဲ့အချိန် သို့မဟုတ် သွားရဲ့ အမြစ်နဲ့ သွားဖုံးထိမိတဲ့အချိန်မှာ အထိမခံဖြစ်တတ်ပါတယ်။ သိပ်သည်းမှုများသော သွားတိုက်ဆေးတွေလို ခုခံကာကွယ်ပေးနိုင်တဲ့ ထုတ်ကုန်များစွာရှိပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာ အသုံးပြုပေးမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ခံစားရရှိလာမှာ ဖြစ်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar
အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်း မာရေး ကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ အပိုင်း (၁)မှာ ဖော်ပြထားပြီး ဖြစ်သလို ထပ်မံသိသင့်တဲ့အချက်တွေ ကိုတော့ ခုလို အပိုင်း (၂) မှာ ဖော်ပြပေးလိုက်ပါတယ်နော်။
ခံတွင်းမှ အနံ့ဆိုးထွက်ခြင်း
ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဘက်ဘီးရီးယားတွေ ဝင်ရောက် နေရာယူလိုက်ပြီ ဆိုရင် ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။( ဖြစ်တတ်တာက မနက်အိပ်ရာမှ နိုးလာချိန်ပါပဲ။ ဒါကလည်း ညအချိန်မှာ တံတွေးထုတ်လုပ်မှု လျော့နည်းလို့ ဖြစ်ပေါ်လာတာပါ။ ခံတွင်းခြောက်တာဟာ ပါးစပ်အနံ့ဆိုး ထွက်ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဆိုပေမဲ့ တခါတရံ ခန္ဓာကိုယ်ရဲ့ ဇီဝအရ ဖြစ်တတ်တဲ့ သဘောသဘာဝသာဖြစ်ပါတယ်။ တချို့ရဲ့ခန္ဓာကိုယ်မှာ ဆာလဖာ ထုတ်လုပ်တဲ့ ဘက်တီးရီးယားပိုတွေ များစေ တာကြောင့် ခံတွင်းအနံ့ဆိုး အမြဲတမ်းထွက်ပါတယ်။ ဒါကို ပါးစပ်ပလုတ်ကျင်းရည်နဲ့ ဖြေရှင်းနိုင် ပါတယ်။ သွားတိုက်ပြီးလို့ အနံ့ဆိုးပြဿနာဖြစ်နေသေးတယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သွားကို ပုံမှန် တိုက်တာ သေချာပါစေ။

သွားစွန်းထင်းနေခြင်း
ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် ဝိုင် ကဲ့သို့သော မတူညီကွဲပြားတဲ့ သောက်ဖွယ်အရည်တွေက မိမိရဲ့အပြုံး ပန်းကို ပျက်စေတယ်။ သင်ထင်ထားတာထက် ပိုပါတယ်။ တချို့သောသူများရဲ့ တံတွေးက သွားရဲ့မျက်နှာပြင်ကို အစွန်းအထင်း ဖြစ်တည်လေ့ရှိတာတွေလည်း ရှိတယ်။ တိုက်ချွတ်လို့ ရနိုင်တဲ့ သံချေးလို အနီရောင်သမ်းတာရှိသလို calculus လို့ခေါ်တဲ့ တိုက်ချွတ်ရခက်တဲ့ သွားပေါ်က အစွန်း ထင်းတွေလည်း ရှိတယ်။ anti-tartar toothpaste တွေလို အလွယ်တကူဝယ်ယူနိုင်တဲ့ whitening kits တို့နဲ့ သွားတွေ လင်းလက်တောက်ပြောင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ အဲဒီပစ္စည်းတွေ အသုံးမပြုမီ သင့်မသင့် သွားဆရာဝန်ဆီ အရင်မေးမြန်းကြည့်ပါ။

သွားဖုံးသွေးယိုခြင်း
အများအားဖြင့် သွားဖုံးသွေးယိုတဲ့ ပြဿနာဟာ ပါးစပ်သန့်ရှင်းမှုနဲ့ (gingivitis) ခေါ် သွားဖုံး နာကျင် ယောင်ယမ်းခြင်းနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ သွားကို ပုံမှန်တိုက်နေကျအတိုင်းသာ တိုက်နေ မယ် ဆိုရင် ထူးခြားမှုရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သွားနဲ့ သွားဖုံးကြား ဟတဲ့အပေါက်မှာ ပုံမှန်သွား တိုက်ရုံနဲ့ ပြောင်မှာ မဟုတ်ပါဘူး။ ဒီလိုထိပါများလာတဲ့အခါမှာ အထဲက သွေးကြောတွေ ကျယ်သထက် ကျယ်လာ၊ ပျက်စီးသထက် ပျက်စီးလာပြီး သွေးယိုထွက်မှုပိုဖြစ်စေပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဂရုစိုက်နည်း တစ်ခုက သေသေချာချာနဲ့ သွားကိုတစ်နေ့ တစ်ကြိမ်သာ တိုက်ပေးပါ။ ရက်အနည်းငယ်အတွင်းမှာ သွားဖုံးသွေးစိမ့်မှု ပျောက်ကင်းလာမှာဖြစ်တယ်။

အထိမခံ သွားများ
အပူ အအေး သို့မဟုတ် ချိုတဲ့ အစားအစာများကြောင့် နာကျင်မှုကို ခံစားရပေမဲ့ သင့်သွားတွေ သာမန် အားဖြင့် အထိမခံဘူးဆိုရင် ဒါ သွားပိုးပေါက်ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားဆရာဝန်ဆီ သွားပြပါ။ သွားတွေ မကြာခဏဆိုသလို အထိမခံဖြစ်နေရင်တော့ သက်သာ ရာစေဖို့ ဖြစ်နိုင်ချေ နည်းလမ်းတစ်ချို့ရှိပါတယ်။ သွားရဲ့အပေါ်ယံကြွေသား မရှိတော့တဲ့အချိန် သို့မဟုတ် သွားရဲ့ အမြစ်နဲ့ သွားဖုံးထိမိတဲ့အချိန်မှာ အထိမခံဖြစ်တတ်ပါတယ်။ သိပ်သည်းမှုများသော သွား တိုက်ဆေးတွေ လို ခုခံကာကွယ်ပေးနိုင်တဲ့ ထုတ်ကုန်များစွာရှိပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာ အသုံးပြုပေး မယ်ဆိုရင် အကျိုးကျေးဇူးများစွာ ခံစားရရှိလာမှာ ဖြစ်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar

No comments:

Post a Comment