Friday 24 October 2014

ဆူဇူကီးဖလားယှဉ်ပြိုင်ရန် ယူ-၁၉ ကစားသမား ငါးဦးကို လက်ရွေးစင်အသင်းအတွက် ခေါ်ယူအားဖြည့်

မြန်မာ ယူ-၁၉အသင်းမှ ကစားသမားငါးဦး ဆူဇူကီးဖလား အုပ်စုအဆင့်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန် မာ့လက် ရွေးစင်အသင်းနှင့် သုံးပတ်ကြာပူး တွဲလေ့ကျင့်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သိရသည်။
ဆူဇူကီးဖလားအုပ်စုအဆင့်ပွဲ စဉ်များကို နိုဝင်ဘာလကုန်ပိုင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လက်ရွေး စင်အသင်းအနေဖြင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် ကစားသမားအင်အား တောင့်တင်းရန် လိုအပ်သဖြင့် ယင်း ကဲ့သို့ခေါ်ယူခြင်းဖြစ်ပြီး ပြိုင်ပွဲပြီးဆုံး ချိန်တွင် ဖီဖာယူ-၂ဝပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်လေ့ကျင့်နေ သည့် မြန် မာ ယူ-၂ဝအသင်းသို့ ပြန်လည်စေလွှတ် ပေးမည်ဖြစ်သည်။

ထို့အပြင် မြန်မာဘောလုံးအ သင်းသုံးသင်းအနေဖြင့် ၂ဝ၁၅ခုနှစ် မေနှင့် ဇွန်လတို့တွင် ပြိုင်ပွဲသုံးရပ် နှင့် တိုက်ဆိုင်နေပြီး ဖီဖာယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မေ ၃ဝရက်မှ ဇွန် ၂ဝရက်အထိလည်းကောင်း၊ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယ အဆင့်မှာ ဇွန်လတွင်လည်းကောင်း၊ (၂၈)ကြိမ်မြောက် စင်ကာပူဆီးဂိမ်း ပြိုင်ပွဲမှာလည်း ဇွန်လတွင် လည်း ကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အသင်း၊ မြန်မာ ယူ-၂၃အသင်း၊ မြန်မာယူ-၂ဝအသင်း သုံးသင်းဖွဲ့စည်းကာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲသုံးရပ်အနက် မြန်မာ့ လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲနှင့် စင်ကာပူ နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် (၂၈)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ ကို လက်ရှိလက်ရွေးစင် အသင်းနည်း ပြဖြစ်သူ အေဗရာမိုဗစ်သာကိုင်တွယ် သွားဖွယ်ရာရှိနေကြောင်း သိရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ''ဆား ဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ် စာချုပ်ထားတဲ့အထဲမှာ ယူ-၂၃အ သင်းကိုပါ တာဝန်ယူကိုင်တွယ်ဖို့ စာ ချုပ်ချုပ်ဆိုထားတဲ့အချက်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား တွေကိုတော့ အားလုံးဝိုင်းဝန်းတိုင် ပင်ပြီးရွေးချယ်သွားမှာပါ''ဟု ဖိလစ် ပိုင်ငြိမ်းချမ်းရေးဖိတ်ခေါ်ဖလား ဂုဏ် ပြုပွဲအခမ်းအနားတွင် မီဒီယာများ သို့ ပြောကြားခဲ့သည်။

ယင်းအပြင် အာရှယူ-၂၂ခြေစစ် ပွဲကို ယူ-၂ဝကမ္ဘာ့ဖလားဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာယူ-၂ဝ အသင်း ဖြင့် ခြေ စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

Democracytoday

No comments:

Post a Comment