Thursday 4 September 2014

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်

Photo: မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်
Thursday, September 4, 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ်တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

UNFC ညီလာခံကို ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပ ရာ အဖွဲ့ဝင်အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ဆက်စပ် အဖွဲ့အစည်းငါးဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း ၉ဝ ပါဝင်တက်ရောက်ခဲ့သည်။ UNFC ၏ ၂ဝ၁၄-၂ဝ၁၆ သက်တမ်းကာလအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒရယ်ကောင်စီ ဝင် ၄၂ ဦးအနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၂ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ကေအိုင်အိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကပင် ဆက်လက်တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၁) ကို NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၂) နေရာ၌မူ UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားသည့် KNU အဖွဲ့အတွက် နေရာသတ်မှတ် ပေးထားသည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာ ကို KNPP မှ ခူဦးရယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နေရာကို ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) နေရာကို ဆလိုင်းထလာဟေးတို့က တာဝန်ယူပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ဒေါက်တာလဂျာ၊ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါဘွန်ဝမ်လာရော်၊ စဝ်စိုင်းထူး၊ ဒေါက်တာခင်မောင်တို့အပြင်KNU အဖွဲ့ အတွက် နေရာတစ်နေရာ သတ်မှတ်ပေးထားသည်။

UNFC ၏ မူလအဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံသို့ တက်ရောက်နေသော ကိုယ်စားလှယ်များသည် ညီလာခံမပြီးဆုံးမီ ၎င်းတို့၏ ညီလာခံကိုယ်စားလှယ်များကို ရုပ်သိမ်း၍ UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်း ထားလိုက်သည့်အပေါ် ညီလာခံကိုယ်စားလှယ်များ အားလုံးက လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် KNU အတွင်း ညှိနှိုင်းမှုအရ မကြာမီမှာပင် မူလအတိုင်း တပ်ပေါင်းစုအတွင်း ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း၊ UNFC ညီလာခံတွင် ရွေးကောက် တင်မြှောက်ထားသော အလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ တစ်နေရာနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်နေရာကို KNU ပြန်လည်ရောက်ရှိချိန်တွင် ဝင်ရောက်တာဝန် ထမ်းဆောင်နိုင်ရန် လျာထားသတ်မှတ် ခဲ့သည်ဟုလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညီလာခံအနေဖြင့် UNFC ၏ စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာစေရန် သံန္နိဋ္ဌာန်ချလျက် မည်သည့်အဖွဲ့ဝင် အဖွဲ့အစည်းကိုမျှ ကျန်ရစ်စေခြင်းမရှိစေရန် သတိကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်စပ်အဖွဲ့ဝင်နှင့် ဆက်စပ်အဖွဲ့အစည်း များနှင့်လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို အခိုင်အမာ ချမှတ်နိုင်ခဲ့ကြောင်း၊ ပြည်တွင်း/ပြည်ပ ထောက်ခံအားပေးသူများ၊ အဖွဲ့အစည်းများနှင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် လက်တွဲဆောင်ရွက်သွားနိုင်ရန် စီမံချက်များ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အလုပ်အဖွဲ့ဖြစ်ပြီး ယင်းအလုပ်အဖွဲ့သည် UNFC က ချမှတ်ထားသော မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညီလာခံက ဆုံးဖြတ်ခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFCညီလာခံသို့ အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIO၊KNU၊NMSP၊SSPP၊ PNLO၊ CNF၊ KNPP၊LDU၊ ANC၊TNLA၊WNO၊MNDAA တို့မှ ကိုယ်စားလှယ်များအပြင် အဖွဲ့ဝင်မဟုတ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ရက္ခိုင့်တပ်မတော် (AA)၊KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၉ ရက်နှင့် ၃ဝ ရက် များတွင်လည်း ယင်းအဖွဲ့အစည်းအားလုံးနှင့် ပြည်တွင်းမှ နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့တို့ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

UNFC ကို ၂ဝ၁၁ နှစ်ဆန်းပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ညီလာခံကို သုံးနှစ်တစ်ကြိမ်ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group 

UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ(လယ်) အား ဇူလိုင်လကကျင်းပသည့် လိုင်ဇာထိပ်သီး အစည်းအဝေးတွင် တွေ့ရစဉ်
UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ(လယ်)အား ဇူလိုင်လကကျင်းပသည့် လိုင်ဇာထိပ်သီး အစည်းအဝေး တွင် တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ် တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့ သည် ပြည်ထောင် စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။
UNFC ညီလာခံကို ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပ ရာ အဖွဲ့ဝင် အဖွဲ့ အစည်း ၁၂ ဖွဲ့နှင့် ဆက်စပ် အဖွဲ့အစည်းငါးဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း ၉ဝ ပါဝင်တက်ရောက်ခဲ့သည်။ UNFC ၏ ၂ဝ၁၄-၂ဝ၁၆ သက်တမ်းကာလအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒရယ်ကောင်စီ ဝင် ၄၂ ဦးအနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၂ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ကေအိုင်အိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကပင် ဆက်လက်တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၁) ကို NMSP ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၂) နေရာ၌မူ UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း ထားသည့် KNU အဖွဲ့အတွက် နေရာသတ်မှတ် ပေးထားသည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာ ကို KNPP မှ ခူဦးရယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နေရာကို ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) နေရာကို ဆလိုင်းထလာဟေး တို့က တာဝန်ယူပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ဒေါက်တာလဂျာ၊ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါဘွန်ဝမ်လာရော်၊ စဝ်စိုင်းထူး၊ ဒေါက်တာခင်မောင်တို့အပြင်KNU အဖွဲ့ အတွက် နေရာတစ်နေရာ သတ်မှတ်ပေးထားသည်။

UNFC ၏ မူလအဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံသို့ တက်ရောက်နေသော ကိုယ်စားလှယ်များသည် ညီလာခံမပြီးဆုံးမီ ၎င်းတို့၏ ညီလာခံကိုယ်စားလှယ်များကို ရုပ်သိမ်း၍ UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်း ထားလိုက်သည့်အပေါ် ညီလာခံကိုယ်စားလှယ်များ အားလုံးက လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် KNU အတွင်း ညှိနှိုင်းမှုအရ မကြာမီမှာပင် မူလအတိုင်း တပ်ပေါင်းစုအတွင်း ပြန်လည်ရောက်ရှိ လာမည်ဟု ယုံကြည်ကြောင်း၊ UNFC ညီလာခံတွင် ရွေးကောက် တင်မြှောက်ထားသော အလုပ် အမှုဆောင် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ တစ်နေရာနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်နေရာကို KNU ပြန်လည်ရောက်ရှိချိန်တွင် ဝင်ရောက်တာဝန် ထမ်းဆောင်နိုင်ရန် လျာထားသတ်မှတ် ခဲ့သည်ဟုလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညီလာခံအနေဖြင့် UNFC ၏ စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာစေရန် သံန္နိဋ္ဌာန်ချလျက် မည်သည့် အဖွဲ့ဝင် အဖွဲ့အစည်းကိုမျှ ကျန်ရစ်စေခြင်းမရှိစေရန် သတိကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်စပ်အဖွဲ့ဝင်နှင့် ဆက်စပ်အဖွဲ့အစည်း များနှင့်လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင် မည့် ရှေ့လုပ် ငန်းစဉ် များကို အခိုင်အမာ ချမှတ်နိုင်ခဲ့ကြောင်း၊ ပြည်တွင်း/ပြည်ပ ထောက်ခံအားပေးသူများ၊ အဖွဲ့အစည်း များနှင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ် လာနိုင်ရေး အတွက် လက်တွဲဆောင်ရွက်သွားနိုင်ရန် စီမံချက်များ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အလုပ်အဖွဲ့ဖြစ်ပြီး ယင်းအလုပ်အဖွဲ့သည် UNFC က ချမှတ်ထားသော မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညီလာခံက ဆုံးဖြတ်ခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFCညီလာခံသို့ အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIO၊KNU၊ NMSP၊ SSPP၊ PNLO၊ CNF၊ KNPP၊LDU၊ ANC၊TNLA၊WNO၊MNDAA တို့မှ ကိုယ်စားလှယ်များအပြင် အဖွဲ့ဝင် မဟုတ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ရက္ခိုင့်တပ်မတော် (AA)၊KNU/ KNLA (ငြိမ်းချမ်းရေးကောင်စီ)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၉ ရက်နှင့် ၃ဝ ရက် များတွင်လည်း ယင်းအဖွဲ့အစည်းအားလုံးနှင့် ပြည်တွင်းမှ နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့တို့ ဆွေးနွေးမှုပြုလုပ် ခဲ့ကြသည်။

UNFC ကို ၂ဝ၁၁ နှစ်ဆန်းပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ညီလာခံကို သုံးနှစ်တစ်ကြိမ်ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment