Thursday 4 September 2014

အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ

Photo: အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ
Thursday, Setember 4, 2014 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင် သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပြည်နယ်မြို့တော် ရှင်းမလားအနီးရှိ တောအုပ်တွင် လာရောက် အပန်းဖြေကြသည့် အနားယူသူများက တစ်နာရီကြာ ပိုက်ဆံများ လိုက်ကောက်ခဲ့ကြရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မျောက်သတ္တဝါသည် ရူပီးတစ်သောင်း (၁၆၅ အမေရိကန်ဒေါ်လာ) ဖိုးကို အနီးအနားရှိ အိမ်တစ်အိမ်မှ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပထမ အဆိုပါမျောက်သည် အစားအသောက်ခိုးရန် အိမ်ထဲဝင်ခဲ့ခြင်း ဖြစ်သော်လည်း အစားအသောက် မတွေ့သဖြင့် ပိုက်ဆံများကို ယူသွားခြင်း ဖြစ်သည်။

ဟီမားချာပရာဒက်ရှ် ပြည်နယ်တွင် မျောက်ကောင်ရေ သုံးသိန်းကျော်ရှိပြီး ရှင်းမလားဒေသသည်လည်း တိရစ္ဆာန်များအတွက် လွတ်မြောက်နယ်မြေပမာ ဖြစ်လျက်ရှိသည်။

ဟိန္ဒူအယူအဆတွင်လည်း မျောက်ကို ဘာသာရေးနှင့် ဆက်စပ်သော အကောင်အဖြစ် ယူဆထားကြသဖြင့် သတ်ဖြတ်စားသောက်ခြင်းများ မပြုလုပ်ကြသည့် အပြင် အစားအသောက်များပင် ကျွေးကြသေးသည်။

သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး မျောက်များနှင့် လူများ ပဋိပက္ခ စလာခဲ့ပြီး စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ အစားအစာအတွက် လူများထံမှ လုယက်ခြင်းနှင့် ကလေးများကို ကိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် ပြည်နယ်အာဏာပိုင်များက မျောက်များကို အန္တရာယ်ပေးနိုင်သည့် အကောင်ပလောင်များ အဖြစ် သတိပေး ထုတ်ပြန်ချက်ပင် ပြုလုပ်ထားခဲ့သည်။

မျောက်သည် အစပိုင်း၌ ပိုက်ဆံများကိုကိုင်ပြီး သွပ်မိုးပေါ်တွင် ထိုင်နေခဲ့ပြီးနောက် ပိုက်ဆံကို ကစားသည့်အလား တစ်ရွက်ချင်း ကြဲချနေခဲ့ခြင်း ဖြစ်ပေသည်။

လူများက လိုက်ကောက်ကြသောအခါ သစ်ပင်ပေါ် ပြောင်းတက်သွားပြီး ဆက်ကြဲနေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားကြသည်။

ယခုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မျောက်က ပိုက်ဆံများခိုးပြီး လူစည်ကားရာ လမ်းပေါ်တွင် ကြဲချခဲ့ဖူးသေးသည်။

The Voice Weekly
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင် သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ပြည်နယ်မြို့တော် ရှင်းမလားအနီးရှိ တောအုပ်တွင် လာရောက် အပန်းဖြေကြသည့် အနားယူသူများက တစ်နာရီကြာ ပိုက်ဆံများ လိုက်ကောက်ခဲ့ကြရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မျောက်သတ္တဝါသည် ရူပီးတစ်သောင်း (၁၆၅ အမေရိကန်ဒေါ်လာ) ဖိုးကို အနီးအနားရှိ အိမ်တစ်အိမ်မှ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပထမ အဆိုပါမျောက်သည် အစားအသောက်ခိုးရန် အိမ်ထဲဝင်ခဲ့ခြင်း ဖြစ်သော်လည်း အစားအသောက် မတွေ့သဖြင့် ပိုက်ဆံများကို ယူသွားခြင်း ဖြစ်သည်။

ဟီမားချာပရာဒက်ရှ် ပြည်နယ်တွင် မျောက်ကောင်ရေ သုံးသိန်းကျော်ရှိပြီး ရှင်းမလားဒေသသည်လည်း တိရစ္ဆာန်များ အတွက် လွတ်မြောက်နယ်မြေပမာ ဖြစ်လျက်ရှိသည်။

ဟိန္ဒူအယူအဆတွင်လည်း မျောက်ကို ဘာသာရေးနှင့် ဆက်စပ်သော အကောင်အဖြစ် ယူဆထားကြသဖြင့် သတ်ဖြတ်စားသောက်ခြင်းများ မပြုလုပ်ကြသည့် အပြင် အစားအသောက်များပင် ကျွေးကြသေးသည်။

သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး မျောက်များနှင့် လူများပဋိပက္ခစလာခဲ့ပြီး စိုက်ခင်းများကို ဖျက် ဆီးခြင်း၊ အစားအစာအတွက် လူများထံမှလုယက်ခြင်းနှင့် ကလေးများကို ကိုက်ခြင်းများ ပြုလုပ် လာခဲ့သည်။

ထို့ကြောင့် ပြည်နယ်အာဏာပိုင်များက မျောက်များကို အန္တရာယ်ပေးနိုင်သည့် အကောင်ပလောင်များ အဖြစ် သတိပေး ထုတ်ပြန်ချက်ပင် ပြုလုပ်ထားခဲ့သည်။

မျောက်သည် အစပိုင်း၌ ပိုက်ဆံများကိုကိုင်ပြီး သွပ်မိုးပေါ်တွင် ထိုင်နေခဲ့ပြီးနောက် ပိုက်ဆံကို ကစားသည့် အလား တစ်ရွက်ချင်း ကြဲချနေခဲ့ခြင်း ဖြစ်ပေသည်။

လူများက လိုက်ကောက်ကြသောအခါ သစ်ပင်ပေါ် ပြောင်းတက်သွားပြီး ဆက်ကြဲနေခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြားကြသည်။

ယခုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မျောက်က ပိုက်ဆံများ ခိုးပြီး လူစည်ကားရာ လမ်းပေါ်တွင် ကြဲချခဲ့ဖူးသေးသည်။

The Voice Weekly

No comments:

Post a Comment