Thursday 4 September 2014

စစ်တွေမြို့မိမြို့ဖများ ပြန်တောင်းနေသည့် အထက(၁)ကျောင်းဆောင် ကို ပြန်ပေးမည်ဟုဆို

စစ်တွေတက္ကသိုလ်ရှိဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို အဆောင် အ ဖြစ်လက်ရှိ ထားရှိသည့် အထက(၁)ကျောင်းဆောင်ကို စစ်တွေတ က္ကသိုလ်တွင်အဆောင်များ တည် ဆောက် ပြီး စီးပါ က အခြေခံပညာ ဦးစီးဌာန သို့ ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း စစ်တွေတ က္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာ တင်မောင်ထွန်းက ပြောသည်။
နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်စစ် တွေမြို့မိမြို့ဖ များ တွေ့ဆုံပွဲတွင် မြို့မိမြို့ဖ များက အထက(၁) ကျောင်းကို အခြေခံပညာ ဦးစီးဌာန ပြန်လည်ရရှိရန်မေးမြန်းမှု အပေါ် စစ်တွေ တက္ကသိုလ် ပါမော က္ခချုပ်ဒေါက်တာတင်မောင်ထွန်း က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ ‘‘စစ်တွေ တက္ကသိုလ် ဖွင့်မယ် ဆိုတော့ ကောလိပ်ဖွင့်ဖို့ ကျောင်း ဆောင်မရှိလို့ အထက (၁)ကျောင်းဆောင်ကို အဆင့်မြင့်ပ ညာကို လွှဲပေးပြီးတော့ ဒေသ ကော လိပ် ဖွင့်တယ်။ နောက် ကျောင်းဆောက်တဲ့အထိ ဆက် သုံးသွား တယ်။ အခုအချိန် မှာ လည်းအဲဒီကျောင်းဆောင်မှာ ဆ ရာ၊ ဆရာမတချို့နဲ့ ကျောင်း သား တွေ ရှိတယ်။ အဲဒါကို အခြေခံပ ညာကို ပြန်သုံးခွင့်ရဖို့တောင်းဆို တာပါ။ အားလုံးပြီးသွားတဲ့အခါ ပြန်ပြီး စီစဉ်ပေးမယ်လို့ စစ်တွေပါမောက္ခချုပ်က ပြန်ဖြေ သွားတာပါ’’ ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် အမှတ်(၁) အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးစိုးဝင်းက ပြောသည်။

မြို့မိမြို့ဖများနှင် တွေ့ဆုံပွဲ ကို စက်တင်ဘာ ၃ ရက်က ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ တွင် ကျင်းပခဲ့ပြီးနိုင်ငံ တော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန် ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊တာ ၀န်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြ သည်။

7Day DAILY

No comments:

Post a Comment