Thursday 4 September 2014

KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး

Photo: KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး
Thursday, Setember 4, 2014

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ အရက်ဆိုင်တွင် အရက်သေစာ သောက်စားမူးယစ်နေသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းထက်ရာထူးကြီးသော တပ်ဖွဲ့ဝင်တစ်ဦးမှ လာရောက်ခေါ်ဆောင်စဉ် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရက်သောက်ပြီး သောင်းကျန်းနေတာက တပ်သား မာဒွတ်ပါ၊ သူ့ကို တပ်ကြပ်ကြီး ဇော်လီ က လာခေါ်တာ ကို မကျေမနပ်ဖြစ်ပြီး ပစ်သတ်လိုက်တာပါ၊ နောက်ထပ်လာခေါ်တဲ့ အရာရှိတစ်ယောက်ကိုလည်း ပစ်သတ်လိုက်တယ်” ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

တပ်သားမာဒွတ်သည် ၎င်းအား လာခေါ်သော တပ်ကြပ်ကြီး ဇော်လီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်မံ လာခေါ်သော ဒုဗိုလ် ဇော်ဒွဲကိုလည်း ပစ်ခတ်ခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“ အဲ့ဒီလို ပစ်သတ်ပြီး မာဒွတ်က ထွက်ပြေးသွားတယ်၊ စခန်းက တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်ရှာနေကြ တာ မြင်တယ် ” ဟု ဖီထရွာသားတစ်ဦးက ပြောသည်။

အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသော KIA တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)မှ ဖီတာ ဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ် ဇော်ဒွဲ ဦးစီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ကြပ်ကြီးအား ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားသော တပ်သား မာဒွတ်အား စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တောင်ကုန်းအနီး၌ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိပြီး တပ်ရင်း(၁)အင်ဘာပါသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင် ရွာသားအချို့ထံမှ သိရှိရပါသည်။

ဇော်မိုင်
Credit : KDN
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ် မှု ဖြစ် ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်မှာ အရက်ဆိုင်တွင် အရက်သေစာ သောက်စားမူးယစ်နေသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းထက်ရာထူးကြီးသော တပ်ဖွဲ့ဝင်တစ်ဦးမှ လာရောက်ခေါ်ဆောင်စဉ် သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရက်သောက်ပြီး သောင်းကျန်းနေတာက တပ်သား မာဒွတ်ပါ၊ သူ့ကို တပ်ကြပ်ကြီး ဇော်လီ က လာခေါ်တာ ကို မကျေမနပ်ဖြစ်ပြီး ပစ်သတ်လိုက်တာပါ၊ နောက်ထပ်လာခေါ်တဲ့ အရာရှိတစ်ယောက်ကို လည်း ပစ်သတ်လိုက်တယ်” ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

တပ်သားမာဒွတ်သည် ၎င်းအား လာခေါ်သော တပ်ကြပ်ကြီး ဇော်လီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်မံလာခေါ်သော ဒုဗိုလ် ဇော်ဒွဲကိုလည်း ပစ်ခတ်ခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

“ အဲ့ဒီလို ပစ်သတ်ပြီး မာဒွတ်က ထွက်ပြေးသွားတယ်၊ စခန်းက တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်ရှာနေ ကြ တာ မြင်တယ် ” ဟု ဖီထရွာသားတစ်ဦးက ပြောသည်။

အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသော KIA တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)မှ ဖီတာ ဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ် ဇော်ဒွဲ ဦးစီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ကြပ်ကြီးအား ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားသော တပ်သား မာဒွတ်အား စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တောင်ကုန်းအနီး၌ လက်နက်ခဲယမ်း များနှင့် အတူ ဖမ်းဆီး ရမိပြီး တပ်ရင်း(၁)အင်ဘာပါသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင် ရွာသားအချို့ထံမှ သိရှိရပါသည်။

ဇော်မိုင်
Credit : KDN

No comments:

Post a Comment