Thursday 4 September 2014

မန္တလေးတိုင်းအတွင်းရှိ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား ချေးငွေပေးအပ်

Photo: မန္တလေးတိုင်းအတွင်းရှိ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား ချေးငွေပေးအပ်
Thursday, September 4, 2014

မန္တလေးတိုင်းဒေသကြီး အတွင်း  ကျေးရွာပေါင်းကိုးဆယ် ကျော်ရှိ  ကျေးလက် အသေးစား ကုန်ထုတ်လုပ်ကိုင်သူတစ်သောင်း သုံးထောင်ကျော်အား  စက်တင် ဘာ ၄ရက်မှ စတင်၍ ကျပ်သိန်း တစ်သောင်းနှစ်ထောင် ထုတ်ချေး ပေး မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေမှ ထုတ်ချေးပေးခြင်းဖြစ်ပြီး အမရပူ ရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း အစရှိသည့် မြို့နယ်များရှိ ကျေးရွာပေါင်း ၉၅ ရွာမှ ကျေးလတ်အသေးစားကုန် ထုတ်လုပ်ငန်း    လုပ်ကိုင်သူ ၁၃,၇၅၉ ဦးအား ထုတ်ချေးမည် ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

ယခင်နှစ်များက နှစ်စဉ် တစ် နှစ်လျှင် နှစ်ကြိမ်ခန့်ထုတ်ချေးပေး လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ယခုမှ ပထမဆုံးအကြိမ်ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း ဦးစိုးအောင် က ပြောသည်။

‘‘ကြားထဲမှာ တစ်နှစ်လောက် ပြတ်သွားတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မီးလင်းရေး တို့၊ ရေရှိရေးတို့ဘက်လုပ်နေရ တော့ ဒီဘက်ကို ပြန်မလှည့်နိုင် တာပါ။ စက်တင်ဘာ ၄ ရက်က စပြီး ခရိုင်အလိုက် စချေးပေးတော့ မယ်’’ဟု ၎င်းက ပြောကြားသည်။

ထန်းလုပ်ငန်း၊ တောင်းဆန် ကော၊ ဆန်ခါ၊ အိုး၊ ဖျာ၊ ရက်ကန်း၊ မုန့်မျိုးစုံ၊  ဆွယ်တာ၊  ဝါးယပ် တောင်၊ ဝါးခြင်းတောင်း၊ သက် ငယ်၊ ထန်းကုလားထိုင်၊ လယ် ယာသုံးပစ္စည်းထုတ်လုပ်ငန်း၊ ပီနံ ကြိုးကျစ်၊ ဂျုံရိုးဦးထုပ် အစရှိသည့် ကျေးလက်ဒေသမှ အသေးစား ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသူ များအား ချေးပေးသွားမည်ဖြစ် ကြောင်း၊ အတိုးနှုန်းမှာ တစ်ကျပ် ခွဲဖြစ်ပြီး ခြောက်လမှ ရှစ်လ အကြားပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများ အား သုံးနှစ်အတွင်းကျပ်သိန်း ပေါင်းတစ်သောင်းခြောက်ထောင် ကျော်   ချေးပေးပြီးဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှ သတင်းရရှိသည်။

7Day DAILY 

မြင်းခြံခရိုင် ရန္တပိုကျေးရွာမှ ကျေးလတ်အသေးစားကုန်ထုတ်လုပ်ငန်း တစ်မျိုးဖြစ် သည့် အိုးလုပ်ငန်း လုပ်ကိုင်နေသူနှစ်ဦး (ဓာတ်ပုံ−ညီညီဇော်)
မြင်းခြံခရိုင် ရန္တပိုကျေးရွာမှ ကျေးလတ်အသေးစားကုန်ထုတ်လုပ်ငန်း တစ်မျိုးဖြစ်သည့် အိုးလုပ်ငန်း လုပ်ကိုင်နေသူနှစ်ဦး (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးတိုင်းဒေသကြီး အတွင်း  ကျေးရွာပေါင်းကိုးဆယ် ကျော်ရှိ  ကျေးလက် အသေးစား ကုန်ထုတ် လုပ်ကိုင်သူတစ်သောင်း သုံးထောင်ကျော်အား  စက်တင်ဘာ ၄ရက်မှ စတင်၍ ကျပ်သိန်း တစ်သောင်းနှ စ်ထောင် ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေမှ ထုတ်ချေးပေးခြင်းဖြစ်ပြီး အမရပူ ရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ မြင်း ခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း အစရှိသည့် မြို့နယ်များရှိ ကျေး ရွာပေါင်း ၉၅ ရွာမှ ကျေးလတ်အသေးစားကုန် ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၃,၇၅၉ ဦးအား ထုတ်ချေး မည် ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးစိုးအောင် က ပြောသည်။

ယခင်နှစ်များက နှစ်စဉ် တစ် နှစ်လျှင် နှစ်ကြိမ်ခန့်ထုတ်ချေးပေး လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ယခုမှ ပထမဆုံးအကြိမ်ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း ဦးစိုးအောင် က ပြောသည်။

‘‘ကြားထဲမှာ တစ်နှစ်လောက် ပြတ်သွားတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မီးလင်းရေး တို့၊ ရေ ရှိရေးတို့ ဘက်လုပ်နေရ တော့ ဒီဘက်ကို ပြန်မလှည့်နိုင်တာပါ။ စက်တင်ဘာ ၄ ရက်ကစပြီး ခရိုင် အလိုက် စချေးပေးတော့ မယ်’’ဟု ၎င်းက ပြောကြားသည်။

ထန်းလုပ်ငန်း၊ တောင်းဆန် ကော၊ ဆန်ခါ၊ အိုး၊ ဖျာ၊ ရက်ကန်း၊ မုန့်မျိုးစုံ၊  ဆွယ်တာ၊  ဝါးယပ် တောင်၊ ဝါးခြင်းတောင်း၊ သက် ငယ်၊ ထန်းကုလားထိုင်၊ လယ် ယာသုံးပစ္စည်းထုတ်လုပ်ငန်း၊ ပီနံ ကြိုးကျစ်၊ ဂျုံရိုးဦးထုပ် အစရှိသည့် ကျေးလက်ဒေသမှ အသေးစား ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသူ များအား ချေးပေး သွားမည်ဖြစ် ကြောင်း၊ အတိုးနှုန်းမှာ တစ်ကျပ် ခွဲဖြစ်ပြီး ခြောက်လမှ ရှစ်လ အကြားပြန်ဆပ် ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများ အား သုံးနှစ် အတွင်းကျပ်သိန်း ပေါင်းတစ်သောင်းခြောက်ထောင် ကျော် ချေးပေးပြီးဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment