Thursday 4 September 2014

ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ

Photo: ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ
Thursday, Setember 4, 2014

အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏    ဝတ်လစ်စားလစ် ဓာတ်ပုံများကို  ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။

ထိုအတောအတွင်း မူပိုင်ခွင့် စောဒကတက်ခြင်းကို တုံ့ပြန် မှုအတွင်းအနုပညာကြယ်ပွင့် များ၏ ဝက်လစ်စားလစ်ဓာတ်ပုံ များကို ဓာတ်ပုံဝေမျှရေးဝက်ဘ် ဆိုက်များစွာက ဖယ်ရှားပစ်ခဲ့သည်။ အက်ပဲလ်ကုမ္ပဏီ၏ iCloud နှင့် Find my iPhone ဟု ခေါ်သောဝန်ဆောင်မှုများကို ဟက်ကာများ  ချိုးဖောက်ဝင်ရောက် ခြင်းမရှိဘဲ အနုပညာကြယ်ပွင့် များ၏   အကောင့်များကိုသာ ချိုးဖောက်ခဲ့ခြင်း   ဖြစ်သည်ဟု အက်ပဲလ်ကုမ္ပဏီမှ အင်ဂျင်နီယာ များက ပြောသည်။

ယင်းကဲ့သို့ ဓာတ်ပုံခိုးယူမှု များနှင့်ပတ်သက်၍ အက်ဖ်ဘီ အိုင်က ၎င်းတို့၏စုံစမ်းမှုအခြေ အနေအသေးစိတ်ကို ပြောကြား ခြင်းမရှိပေ။ မင်းသမီးပဲ ရစ်ဟီလ် တန်၏ ဆက်သွယ်ရန်လိပ်စာ စာရင်းများမှသည် မင်းသမီး စကားလက်ဂျွန်ဟန်ဆန်နှင့် မီလာကူးနစ်တို့၏ ဝက်လစ်စား လစ် ဓာတ်ပုံများအထိ ဟက်ကာ များ မည်သို့ရယူခဲ့သည်ဆိုခြင်းကို အခြားစုံစမ်းမှုများလည်း ပြုလုပ် နေကြောင်း သိရသည်။ 

Ref: CBC
7Day DAILY
အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏   ဝတ်လစ်စားလစ် ဓာတ်ပုံများကို  ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။
ထိုအတောအတွင်း မူပိုင်ခွင့် စောဒကတက်ခြင်းကို တုံ့ပြန် မှုအတွင်းအနုပညာကြယ်ပွင့် များ၏ ဝက်လစ် စားလစ်ဓာတ်ပုံ များကို ဓာတ်ပုံဝေမျှရေးဝက်ဘ် ဆိုက်များစွာက ဖယ်ရှားပစ်ခဲ့သည်။ အက်ပဲလ်ကုမ္ပဏီ၏ iCloud နှင့် Find my iPhone ဟု ခေါ်သောဝန်ဆောင်မှုများကို ဟက်ကာများ  ချိုးဖောက်ဝင်ရောက် ခြင်းမရှိဘဲ အနုပညာကြယ်ပွင့် များ၏   အကောင့်များကိုသာ ချိုးဖောက်ခဲ့ခြင်း   ဖြစ်သည်ဟု အက်ပဲလ် ကုမ္ပဏီ မှ အင်ဂျင်နီယာ များက ပြောသည်။

ယင်းကဲ့သို့ ဓာတ်ပုံခိုးယူမှု များနှင့်ပတ်သက်၍ အက်ဖ်ဘီ အိုင်က ၎င်းတို့၏စုံစမ်းမှုအခြေ အနေအသေး စိတ်ကို ပြောကြား ခြင်းမရှိပေ။ မင်းသမီးပဲ ရစ်ဟီလ် တန်၏ ဆက်သွယ်ရန်လိပ်စာ စာရင်းများမှသည် မင်းသမီး စကားလက်ဂျွန်ဟန်ဆန်နှင့် မီလာကူးနစ်တို့၏ ဝက်လစ်စား လစ် ဓာတ်ပုံများအထိ ဟက်ကာ များ မည်သို့ရယူခဲ့သည်ဆိုခြင်းကို အခြားစုံစမ်းမှုများလည်း ပြုလုပ် နေကြောင်း သိရသည်။

Ref: CBC
7Day DAILY

No comments:

Post a Comment