Thursday 4 September 2014

ဝန်ကြီးအဖွဲ့အပြောင်းအလဲပြုလုပ်ခြင်းသည် လူမှန်၊ နေရာမှန်ဖြစ်စေရန်ဟု ရခိုင်အစိုးရအဖွဲ့ သတင်းထုတ်ပြန်

ပြီးခဲ့သည့်ရက်ပိုင်းက ဝန်ကြီးအချို့အပြောင်းအလဲပြု လုပ်ခဲ့ခြင်းသည် ပြည်နယ်ဝန်ကြီး ချုပ်က လူမှန်နေရာ မှန်ဖြစ်စေရန် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က သတင်းထုတ်ပြန် သည်။
ဩဂုတ် ၂၈ ရက်စွဲဖြင့် နိုင်ငံ တော်သမ္မတက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ငါးဦးအားဝန်ကြီး ဌာနပြောင်းလဲတာဝန်ပေး အပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြောင်းလဲတာဝန် ပေးအပ်ခဲ့ခြင်းနှင့်   ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ (ခ) အရ ပြည်နယ်ဝန်ကြီးချုပ်အနေ ဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တာဝန်ယူရမည့် ဝန်ကြီးဌာနကို စိစစ်ရွေး ချယ်ပြီး နိုင်ငံတော်သမ္မတ ထံတင်ပြနိုင်ကြောင်းနှင့် ဝန်ကြီးချုပ်အနေဖြင့် အစိုးရအဖွဲ့ဝင်ဝန် ကြီးများနှင့် သင့်လျော်မည့်ဌာနကို အကဲခတ်ပြီး လူမှန်နေရာမှန်ဖြစ်စေရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ကို ဦးဆောင်တာဝန်ခံ၊ တာဝန်ယူရသည့်အတွက် ယင်းကဲ့ သို့ ပြောင်းလဲတာဝန်ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန် ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှ သိန်းက ဆိုသည်။

7Day DAILY

No comments:

Post a Comment