Thursday 4 September 2014

ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ

Photo: ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ
Thursday, Setember 4, 2014

တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင် ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Chinaဝမ်ဒမင်၊ ကို့ယုလင်နဲ့ လီဟိုင်ဝေတို့ ၃ ဦးဟာ ဟေလောင်ကျန်းပြည်နယ် ဟာဘင်မြို့နားက ယန်ရှုမြို့နယ် အကျဉ်းစခန်းကနေ ရဲဝတ်စုံတွေ ဝတ်ဆင်ပြီး စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့တာပါ။

သူတို့ထဲက တဦးက သေဒဏ်စီရင်ခံထားရပြီး ၂ ဦးကတော့ တမင်သက်သက် ထိခိုက်နာကျင်စေမှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရလို့ တရားစီရင်မှုကို စောင့်နေရသူတွေပါ။

ရဲအယောက် ၁ ထောင်ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရဲဘက်ပြေးတွေကို ရှာဖွေ ဖမ်းဆီးခဲ့ရတယ်လို့ ဆင်ဟွာက ပြောပါတယ်။

ဖမ်းမိထားတဲ့ ရဲဘက်ပြေး ၂ ဦးကိုတော့ သူတို့ လွတ်ထွက်လာတဲ့ အချုပ်ခန်းကို ပြန်ပို့ပြီးပြီလို့ စီစီတီဗွီရုပ်သံက ပြောပါတယ်။

သေဒဏ်ကျပြီးသား တတိယမြောက် ရဲဘက်ပြေး ကို့ယုလင်ကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်ပြီး သူ့အမှုကို တရားရုံးချုပ်က ပြန်လည်သုံးသပ်နေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

 ဒီဗွီဘီ
တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင် ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Chinaဝမ်ဒမင်၊ ကို့ယုလင်နဲ့ လီဟိုင်ဝေတို့ ၃ ဦးဟာ ဟေလောင်ကျန်းပြည်နယ် ဟာဘင်မြို့နားက ယန်ရှုမြို့ နယ် အကျဉ်းစခန်းကနေ ရဲဝတ်စုံတွေ ဝတ်ဆင်ပြီး စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ထွက်ပြေး လွတ်မြောက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့တာပါ။

သူတို့ထဲက တဦးက သေဒဏ်စီရင်ခံထားရပြီး ၂ ဦးကတော့ တမင်သက်သက် ထိခိုက်နာကျင်စေမှု၊ လူသတ် မှုတွေနဲ့ စွဲချက်တင်ခံရလို့ တရားစီရင်မှုကို စောင့်နေရသူတွေပါ။

ရဲအယောက် ၁ ထောင်ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရဲဘက်ပြေးတွေကို ရှာဖွေ ဖမ်းဆီး ခဲ့ရတယ်လို့ ဆင်ဟွာက ပြောပါတယ်။

ဖမ်းမိထားတဲ့ ရဲဘက်ပြေး ၂ ဦးကိုတော့ သူတို့ လွတ်ထွက်လာတဲ့ အချုပ်ခန်းကို ပြန်ပို့ပြီးပြီလို့ စီစီတီဗွီ ရုပ်သံက ပြောပါတယ်။

သေဒဏ်ကျပြီးသား တတိယမြောက် ရဲဘက်ပြေး ကို့ယုလင်ကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်ပြီး သူ့အမှု ကို တရားရုံးချုပ်က ပြန်လည်သုံးသပ်နေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment