Thursday 4 September 2014

နှစ်လဲယာဉ်စစ်ဆေးခြင်းကို ပုဂ္ဂလိကလုပ်ခွင့်ပေး

Photo: နှစ်လဲယာဉ်စစ်ဆေးခြင်းကို ပုဂ္ဂလိကလုပ်ခွင့်ပေး
Thursday, September 4, 2014

ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက နှစ်လဲ ယာဉ်စစ်ဆေးခြင်း လုပ်ငန်းများ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နှစ်လဲယာဉ် စစ်ဆေးခြင်း လုပ်ငန်းဆိုသည်မှာ နှစ်စဉ်လိုင် စင်ဝင်ရာ၌ ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်ပြီး ယာဉ်ကြံ့ခိုင်မှုရှိမှသာ လိုင်စင် သက်တမ်းတိုးပေးခြင်း ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။ အဆိုပါစစ်ဆေးခြင်း လုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုပါက ယခင်ကထက် ဌာနတွင်ကြန့်ကြာမှုမျိုးမရှိနိုင်တော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက  မျှော်လင့်ထားသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရရေးအတွက် ဌာနက လုပ်ကိုင်လိုသည့်ကုမ္ပဏီကိုရွေး ချယ်သွားမည်ဖြစ်ပြီး အောက်တို ဘာ ၉ ရက်မတိုင်မီ လုပ်ကိုင်လို သည့်လုပ်ငန်းပုံစံနှင့်တကွ ကုမ္ပဏီ၏သမိုင်းအတွေ့အကြုံများကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

ပြည်တွင်း ကုမ္ပဏီတစ်ခု တည်းသော်လည်းကောင်း၊ ပြည် ပကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခြင်းဖြင့်သော်လည်း ကောင်း လုပ်ကိုင်ခွင့်ကို တင်ပြ လျှောက်ထားနိုင်ကြောင်းထုတ် ပြန်ချက်တွင်ဖော်ပြပါရှိသည်။

‘‘ကညနက တခြားအပိုင်း တွေမှာပါ ပုဂ္ဂလိကကို လုပ်ကိုင် ခွင့်ပေးရင် ပိုကောင်းမယ်။ ဒါမှ ဌာနလိုမကြန့်ကြာတော့ဘူး’’ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ် ဦးကပြောသည်။

ပြီးခဲ့သည့်လကလည်း ကနဦးယာဉ်မှတ်ပုံတင်ခြင်းကို ထောက်ကြန့် (ကပရ)ဝင်းအတွင်း၌ ယာဉ်ပိုင်ရှင်များပြောင်းလဲလုပ်ဆောင်ရန် မြင်သာကညနမှ ကနဦးယာဉ်မှတ်ပုံတင်ထုတ်ခြင်းလုပ်ငန်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများကိုလည်း ရန်ကုန်ဘူတာကြီး၊ ရွာသာကြီးတို့တွင် တိုးချဲ့ဌာနများ ဖွင့်လှစ် လုပ်ဆောင်ပေးလျက်ရှိပြီး ထပ်မံ၍ လိုင်စင်သက်တမ်း တိုးသည့်ရုံးခြောက်နေရာရှိရာမှ ကမ်းနားလမ်းရှိ ဘူတာရုံတွင် တစ်နေရာ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

7Day DAILY 

ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နှစ်လဲယာဉ် စစ်ဆေးခြင်း လုပ်ငန်းဆိုသည်မှာ နှစ်စဉ်လိုင် စင်ဝင်ရာ၌ ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်ပြီး ယာဉ်ကြံ့ခိုင်မှုရှိမှသာ လိုင်စင် သက်တမ်းတိုးပေးခြင်း ဆောင်ရွက်သည့် လုပ်ငန်းဖြစ် သည်။ အဆိုပါစစ်ဆေးခြင်း လုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုပါက ယခင်ကထက် ဌာနတွင်ကြန့်ကြာမှုမျိုးမရှိနိုင်တော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက  မျှော်လင့် ထားသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရရေးအတွက် ဌာနက လုပ်ကိုင်လိုသည့်ကုမ္ပဏီကိုရွေး ချယ်သွား မည်ဖြစ်ပြီး အောက်တို ဘာ ၉ ရက်မတိုင်မီ လုပ်ကိုင်လိုသည့်လုပ်ငန်းပုံစံနှင့်တကွ ကုမ္ပဏီ၏သမိုင်း အတွေ့အကြုံများကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

ပြည်တွင်း ကုမ္ပဏီတစ်ခု တည်းသော်လည်းကောင်း၊ ပြည် ပကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခြင်းဖြ င့်သော်လည်းကောင်း လုပ်ကိုင်ခွင့်ကို တင်ပြလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ပါရှိသည်။

‘‘ကညနက တခြားအပိုင်း တွေမှာပါ ပုဂ္ဂလိကကို လုပ်ကိုင် ခွင့်ပေးရင် ပိုကောင်းမယ်။ ဒါမှ ဌာနလိုမ ကြန့်ကြာတော့ ဘူး’’ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ် ဦးကပြောသည်။

ပြီးခဲ့သည့်လကလည်း ကနဦးယာဉ်မှတ်ပုံတင်ခြင်းကို ထောက်ကြန့် (ကပရ)ဝင်းအတွင်း၌ ယာဉ်ပိုင်ရှင် များပြောင်းလဲ လုပ်ဆောင်ရန် မြင်သာကညနမှ ကနဦးယာဉ်မှတ်ပုံတင်ထုတ်ခြင်းလုပ်ငန်း ကို ပြောင်းရွှေ့ ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများကိုလည်း ရန်ကုန်ဘူတာကြီး၊ ရွာသာကြီး တို့တွင် တိုးချဲ့ဌာနများ ဖွင့်လှစ် လုပ်ဆောင်ပေးလျက်ရှိပြီး ထပ်မံ၍ လိုင်စင်သက်တမ်း တိုးသည့် ရုံးခြောက်နေရာ ရှိရာမှ ကမ်းနားလမ်းရှိ ဘူတာရုံတွင် တစ်နေရာ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

7Day DAILY

No comments:

Post a Comment