Thursday 4 September 2014

ဂျပန် နိုင်ငံ တွင် အစိုးရ အဖွဲ့ ဝင်သစ် ပြန်လည် ဖွဲ့စည်း ….

Photo: ဂျပန် နိုင်ငံ တွင် အစိုးရ အဖွဲ့ ဝင်သစ် ပြန်လည် ဖွဲ့စည်း ….
Thursday, Setember 4, 2014 

ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့မှအကြီးအကဲ ယိုရှီ ဟီဒဲဆူဂါသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ်များ ခန့်အပ်မှု အစီအစဉ်ကို စက်တင်ဘာ ၃ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်မှု အစီအစဉ်တွင် အဖွဲ့ဝင် ၁၈ဦးပါဝင်ပြီး အမျိုးသမီး ဝန်ကြီး ငါးဦးနှင့် မျက်နှာသစ် အဖွဲ့ဝင် ၁၂ဦး ပါဝင်ကြောင်း သိရသည်။ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ပြောင်းလဲဖွဲ့စည်းမည့် အစီအစဉ်သည် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ LDP ၏အုပ်ချုပ်မှု ရေရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ် သည့် ကြိုးပမ်းချက် တစ်ရပ်ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ ရာထူးခန့်အပ်မှုတွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးအဖြစ် ရှီဂီရူဘီရှီဘာကို ခန့်အပ်ခဲ့ပြီး LDPပါတီ၏ မူဝါဒရေးရာ အကြီးအကဲဟောင်း ဆာနာအဲ တာခါဘီချီကို ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရသည်။

ထို့အတူ အသက် ၅၈ နှစ်အရွယ်ရှိ အာခီနိုရီ အီတိုကို ကာကွယ်ရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးအဖြစ် ယာဆူဟီသာ ရှီအိုမာကီအား လည်းကောင်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေး ဝန်ကြီးအဖြစ် ကိုယာ နီရှီကာဝါအား လည်းကောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးအဖြစ် ယူကို ဘိုဘူချီအား လည်းကောင်း၊ တရားရေး ဝန်ကြီး အဖြစ် မီဒိုရီ မာဆူရှီမာတို့အား လည်းကောင်း အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ
ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့မှအကြီးအကဲ ယိုရှီ ဟီဒဲဆူဂါသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ်များ ခန့်အပ်မှု အစီအစဉ်ကို စက်တင်ဘာ ၃ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရသည်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်မှု အစီအစဉ်တွင် အဖွဲ့ဝင် ၁၈ဦးပါဝင်ပြီး အမျိုးသမီး ဝန်ကြီး ငါးဦးနှင့် မျက်နှာသစ် အဖွဲ့ဝင် ၁၂ဦး ပါဝင်ကြောင်း သိရသည်။ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ပြောင်းလဲ ဖွဲ့စည်းမည့် အစီအစဉ်သည် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ LDP ၏အုပ်ချုပ်မှု ရေရှည် တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ် သည့် ကြိုးပမ်းချက် တစ်ရပ်ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ ရာထူးခန့်အပ်မှုတွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးအဖြစ် ရှီဂီရူဘီရှီဘာကို ခန့်အပ်ခဲ့ပြီး LDPပါတီ၏ မူဝါဒရေးရာ အကြီးအကဲဟောင်း ဆာနာအဲ တာခါဘီချီကို ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရသည်။

ထို့အတူ အသက် ၅၈ နှစ်အရွယ်ရှိ အာခီနိုရီ အီတိုကို ကာကွယ်ရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးအဖြစ် ယာဆူဟီသာ ရှီအိုမာကီအား လည်းကောင်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေး ဝန်ကြီးအဖြစ် ကိုယာ နီရှီကာဝါအား လည်းကောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးအဖြစ် ယူကို ဘိုဘူချီအား လည်းကောင်း၊ တရားရေး ဝန်ကြီး အဖြစ် မီဒိုရီ မာဆူရှီမာတို့အား လည်းကောင်း အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment