Thursday 4 September 2014

ဘားအံရဲစခန်း၌ ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်ကို လက်နက်ကိုင်အဖွဲ့ လာတောင်း

လက်နက်မှုဖြင့် အရေး ယူခံထားရသည့် တပ်ဖွဲ့ဝင်တစ် ဦး ပြန်လွှတ်ပေးရေးနှင့် သိမ်းယူ ထား သည့် သေ နတ် ပြန်ပေး ရန် KNU/KNLA တပ်ဖွဲ့ဝင်များက ဘားအံမြို့မရဲစခန်းသို့ သွား ရောက်တောင်းဆိုခဲ့ ကြကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၃ ရက် နေ့ လယ်က KNU/KNLA ငြိမ်းချမ်း ရေး ကောင်စီအဖွဲ့ဝင် အင်အားလေးဆယ်ခန့်က ကားကိုးစီးဖြင့် ဘားအံမြို့မရဲစခန်းရှေ့ ရောက်လာခြင်းဖြစ်ပြီး ဒေသခံများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

‘‘သူတို့က တပ်ဖွဲ့ဝင်တစ်ဦး ကိုဖမ်းပြီး လက်နက်မှုနဲ့ အမှုဖွင့် ထားတော့ တပ်ဖွဲ့ဝင် အမှန်ဖြစ် တယ်ဆိုတဲ့ အကြောင်း၊ သေနတ် ကလည်း ကျွန်တော်တို့ ထုတ် ထားပေးတာ ဖြစ်တဲ့အကြောင်း သွားပြောတာပါ။ တပ်ဖွဲ့ဝင် တစ် ဦးကို လက်နက်ကိုင်ဆောင်မှုနဲ့ အရေးယူထားတယ်ဆိုတာ သိပ် မသင့်တော်ဘူးပေါ့ဗျာ’’ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဆက်ဆံရေးအရာရှိက ပြောသည်။

ဘားအံမြို့မရဲစခန်းကလက် နက်မှုဖြင့် အရေးယူထားသော KNU/KNLA ငြိမ်းချမ်းရေးကောင် စီ တပ်ခွဲမှူး အဆင့်ရှိသူ ဖြစ်သည်။သြဂုတ် လဆန်းက ဘားအံမြို့ တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီး တစ်ဦး လုယက်ခံရ သည့် အမှုတွင် သက်သေအဖြစ် အဆိုပါ တပ်ခွဲမှူးအား မေးမြန်းစဉ် ၎င်းထံ၌ ကျည် အပြည့်နှင့် ခြောက်လုံးပြူး သေနတ်တစ်လက် တွေ့ရှိသော ကြောင့် လက်နက်မှုဖြင့် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း ဘား အံမြို့မ ရဲစခန်းမှ အမှုစစ် ရဲအရာရှိက ပြောသည်။

‘‘စခန်းမှာ ခေါ်မေးတဲ့အခါ မှာတော့ KNU က တပ်ခွဲမှူးအ ဆင့်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့မြို့ ထဲမှာ သေနတ်ကိုင်ဆောင် သွားလာခွင့်မရှိသေးဘူးဗျ။ သူတို့ ဌာနချုပ်ကလည်း မြို့ထဲဝင်ရင် ယူမသွားရဘူး လို့ မှာထားပြီးသား ပါ’’ ဟု အဆိုပါ အမှုစစ်ရဲအရာရှိ က ပြောသည်။

ယင်းတပ်ခွဲမှူးမှာ  အမျိုး သမီး လုယက်ခံရသည့် အချိန်တွင်ဝင်ရောက်ကယ်ဆယ်ခဲ့သူဖြစ်ပြီး သက်သေ အဖြစ် ရဲ စခန်း သို့ ခေါ် မေးစဉ် သေနတ်ကိုင်ဆောင်ထား သောကြောင့် ဥပဒေအတိုင်း အ ရေးယူ ခဲ့ခြင်းဖြစ်ကြောင်း ပြော သည်။

၎င်းကို ဖမ်းဆီးထားခြင်း မရှိဘဲ တရားရုံးက အာမခံပေး၍ ပြင်ပ၌သာ အမှုရင်ဆိုင်စေ ကြောင်း ရဲစခန်း က ပြောသော် လည်း KNU/KNLA ဘက်ကမူ ၎င်းတို့တပ်ဖွဲ့ဝင် လွတ်မြောက် လာခြင်း မရှိသေးကြောင်း ပြော ကြား သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များ ရဲစခန်းသို့ ရောက်ရှိနေချိန်တွင် မြို့ခံများက ရဲစခန်း အဝိုင်းခံရသည်အထင်ဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး ဘားအံမြို့မဈေးရှိ ဆိုင်ခန်းပိုင်ရှင်အချို့ ၎င်းတို့၏ ဆိုင် ခန်းများကို ချက်ချင်းပိတ်လိုက်ကြကြောင်း ဒေသ ခံများက ပြောသည်။ ထို့ပြင် ရဲ စခန်း အဝိုင်းခံထားရသည် ဟု ကောလာဟလများ ထွက်ပေါ်လာပြီး နယ်မြေခံတပ်ရင်း ခမရ(၂၀၁) မှ တပ်ဖွဲ့ဝင်အင်အား ဆယ်ဦးခန့် ဘားအံရဲစခန်းသို့ ရောက်လာခဲ့ ကြောင်း သတင်းရရှိသည်။

‘‘သူတို့ KNU/KNLA က လည်း တောဘက်ကနေလာတယ်ဆိုတော့ ရဲစခန်းရှေ့မှာ ကားတွေ ရပ်ပြီးတော့ သေနတ်တွေ တကားကားနဲ့ဆိုတော့ လူတွေ အမြင်မှာ တစ်မျိုးဖြစ်သွားတာ။ ဖွတဲ့လူ က ဖွလိုက် တဲ့ အချိန်မှာ အဲဒီလို ဖြစ်သွားတာ။ စစ်တပ်က ရဲစခန်း အဝိုင်းခံရတယ်ထင်ပြီး လာတာပါ။ ခရီးသွား ဟန်လွဲ သဘောပါ ပဲ’’ ဟု ဘားအံမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment