Thursday 4 September 2014

ဒိုးနက်စ် မြို့ရှိ လေဆိပ်ကို ပြန်လည် သိမ်းယူရန် နီးစပ် နေပြီ ဖြစ်ကြောင်း ခွဲထွက်ရေး သမားများ ပြောကြား

Photo: ဒိုးနက်စ် မြို့ရှိ လေဆိပ်ကို ပြန်လည် သိမ်းယူရန် နီးစပ် နေပြီ ဖြစ်ကြောင်း ခွဲထွက်ရေး သမားများ ပြောကြား
Thursday, Setember 4, 2014 

ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ဒိုးနက်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယူကရိန်း တပ်ဖွဲ့ဝင်များထံမှ ပြန်လည်သိမ်းယူရန် နီးစပ်နေပြီဖြစ် ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်သည် ယခုအခါ ခွဲထွက်ရေးသမားများ၏ လက်အောက်သို့ ၉၅ ရာခိုင်နှုန်း ကျရောက်နေပြီး အပြည့်အဝ ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းလေဆိပ်တွင် ကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့ဝင်များကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း ခွဲထွက်ရေးအဖွဲ့မှ အကြီးအကဲ တစ်ဦးဖြစ်သူ အလက်စ်ဆန်ဒါတီမိုဖီယက်ဗ်က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာရခြင်းသည် ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် လူးဟန့်စ်မြို့ရှိ လေဆိပ်မှ ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

မြ၀တီ
ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ဒိုးနက်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယူကရိန်း တပ်ဖွဲ့ဝင်များထံမှ ပြန်လည်သိမ်းယူရန် နီးစပ်နေပြီဖြစ် ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။
ဒိုးနက်စ်မြို့ရှိ လေဆိပ်သည် ယခုအခါ ခွဲထွက်ရေးသမားများ၏ လက်အောက်သို့ ၉၅ ရာခိုင်နှုန်း ကျရောက်နေပြီး အပြည့်အဝ ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းလေဆိပ်တွင် ကျန် ရှိနေသော ယူကရိန်း တပ်ဖွဲ့ဝင်များကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း ခွဲထွက်ရေးအဖွဲ့မှ အကြီးအကဲ တစ်ဦးဖြစ်သူ အလက်စ်ဆန်ဒါတီမိုဖီယက်ဗ်က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာရခြင်းသည် ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် လူးဟန့်စ်မြို့ရှိ လေဆိပ်မှ ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment