Thursday 4 September 2014

တရားဥပဒေစိုးမိုးရေး စင်တာများတွင် ပြည်ထဲရေး တစ်ခုတည်းကသာ ပံ့ပိုးသွားမည်ဟု အစိုးရ အကြောင်းပြန်

မန္တလေးနှင့်လားရှိုးတို့ တွင်  ဖွင့်လှစ်ရန်စီစဉ်နေသော တရားဥပဒေစိုးမိုးရေး စင်တာများ ၌  ပြည်ထဲရေး ဝန်ကြီးဌာနတစ် ခုတည်းကသာ လိုအပ်သမျှပံ့ပိုး သွားမည်ဟု အစိုးရက အကြောင်းပြန်ကြားလာကြောင်း  သတင်း ရရှိသည်။
မူလက ယင်းစင်တာများ တွင် အုပ်ချုပ်ရေးပိုင်းမှ ပြည် ထောင်စုတရားလွှတ်တော် ချုပ်၊ ပြည်ထောင် စုရှေ့နေ ချုပ်၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီး ဌာနနှင့် ပြည် ထဲရေး ဝန်ကြီးဌာနမှ ဥပဒေ နားလည် ကျွမ်းကျင်သူငါးဦးကိုထည့်သွင်း ခဲ့ခြင်းဖြစ်သည်။

ယခုစင်တာများ  ဖွင့်ခါနီး တွင် အဆိုပါငါးဦးမှာ နိုင်ငံ့ဝန် ထမ်းများဖြစ်သည်   ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက ပြန်လည်ရုပ်သိမ်းသွားခြင်းဖြစ်ပြီး စင်တာတွင်ပြည်ထဲရေးဝန် ကြီးဌာနတစ်ခုတည်းကသာ လို အပ်သည်များကို ပံ့ပိုးကူညီမည် ဟုအကြောင်းပြန်လာကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေး ချမ်းရေးကော်မတီအ တွင်းရေးမှူးဦးဝင်းမြင့်က  ပြော သည်။

သို့သော် ပြည်ထဲရေးက မည်သည့်ပုံစံဖြင့် ပံ့ပိုးပေးမည်ကို မူ အတိအကျဖော်ပြ ထားခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။

‘‘စင်တာတွေအတွက် တောက်လျှောက်အစည်းအဝေး တွေလုပ်ခဲ့တာ ဥပဒေ ကျွမ်းကျင် ပညာရှင်တွေဖြစ် တဲ့ ဒီလူတွေနဲ့ ချည်းပဲ။ အစည်းအဝေး တိုင်းမှာ ဆွေးနွေးသမျှ သူတို့ကအဆက် အစပ်အားလုံးသိနေတယ်။ အခု ဖွင့်ခါနီးကျမှ ဒီလူတွေက နိုင်ငံ့ ဝန်ထမ်းတွေဆိုပြီး အကြောင်းပြန် လာတယ်။ ပြည်ထဲရေးက လိုအပ် တာတွေ ပံ့ပိုးမယ်ဆိုတော့ လူစား ထည့်မှာလား။ ဘယ်လိုပံ့ပိုးမှာလဲ တော့ အကြောင်းပြန်စာမှာတိတိ ကျကျမဖော်ပြထားဘူး’’ဟု ၎င်း ကပြောသည်။

တရားဥပဒေစိုးမိုးရေးစင် တာများ၏ အဓိကရည်ရွယ်ချက် အရ ယခုပြည်ထဲရေး ဝန်ကြီးဌာန က လိုအပ်သမျှ ပံ့ပိုးပူးပေါင်းမည် ဆိုခြင်းမှာ လက်တွေ့ကျပြီး ကြို ဆိုသင့်ကြောင်း ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင် ကပြော ကြားသည်။

‘‘အမှုတစ်ခုဖြစ်ရင် စတွေ့ရ တာကရဲပဲ။ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တို့၊ ရှေ့နေချုပ် ရုံးတို့ က နောက်ဆုံး အဆုံးအဖြတ် ပေးရတဲ့နေရာမှာရှိတာ။ ဒီလူတွေ မပါတော့ အပေါ်ရောက်လို့ အမှု တွေဆုံးဖြတ်တဲ့အခါမှာလည်း မူ အားဖြင့်လွတ်လပ်ပြီး ပိုမျှတတာ ပေါ့။ စင်တာရဲ့အဓိကရည်ရွယ် ချက်ကလည်း အမှုမဖြစ်ခင်ကြို တင်ကာကွယ်တာနဲ့ အသိပညာ ပေးတာဆိုတော့ ဒီလုပ်ငန်းစဉ်မှာ တရားစွဲတင်နိုင်တဲ့ ပြည်ထဲရေးက ရဲတွေနဲ့ အစားထိုးမယ်ဆိုတာ ကြိုဆိုပါတယ်’’ဟု ၎င်းကပြော သည်။

7Day DAILY

No comments:

Post a Comment