Thursday 4 September 2014

တရုတ်ဆန့်ကျင်ရေး ဗုံးဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမားတစ်ဦး ဖမ်းဆီးခံရ

Photo: တရုတ်ဆန့်ကျင်ရေး ဗုံးဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမားတစ်ဦး ဖမ်းဆီးခံရ
Thursday, September 4, 2014

တရုတ်အစိုးရအား ဆန့်ကျင်ရန် ဗုံးဖောက်ခွဲမှုအား စီစဉ်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမား တစ်ဦးအား စက်တင်ဘာ ၃ ရက်တွင် ဖမ်းဆီး လိုက်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့သည့် အယ်လီဗလတ်ဇ်ပါမာတွန်သည် ဖိလစ် ပိုင်နိုင်ငံတွင်းမှ တရုတ်လူမျိုးများနှင့် ဆက်နွှယ်နေသည့် နေရာများကို ဗုံးခွဲရန် စီစဉ်ရာတွင် နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့ကြောင်း ဖိလစ်ပိုင် တရားရေး ၀န်ကြီး လီလာဒေလိုင်မာက ပြောကြားသည်။

“ဗုံးဖောက်ခွဲဖို့ စီစဉ်မှုတွေမှာ ပါမာတွန်ပါဝင်နေမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေး ဗျူရိုက စုံစမ်း နေပါတယ်” ဟု ဒေလိုင်မာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြို့တော်မနီလာနိုင်ငံတကာလေဆိပ်တွင် ဖော်ထုတ်တားဆီးနိုင်ခဲ့သည့် ဗုံးဖောက်ခွဲရန် လုပ်ဆောင်မှု တွင် ဖမ်းမိထားသူသုံးဦးကိုလည်း ပါမာတွန်က သိကြောင်း ၀န်ခံထားသည်။

၎င်းတို့ သုံးဦးသည် တရုတ်သံရုံးနှင့် တရုတ်နွယ်ဖွားသူဌေးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပါမာတွန်အား ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှ မနီလာလေဆိပ်သို့ ရောက်ရှိလာစဉ် ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း အမျိုးသားထောက်လှမ်းရေး ဗျူရိုညွှန်ကြားရေးမှူး ဗာဂီလိုမန်ဒက်ဇ်က ပြောကြားသည်။

၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကြောင့် ပါမာတွန်၏ နောက်လိုက်များက မြို့တော် မနီလာလမ်းများပေါ်မှ ယာဉ်များ၏ တာယာများကို ထိုးဖောက်မှုများ လုပ်ဆောင်ခဲ့မှုဖြင့် ၂၀၁၃ ခုနှစ်ကလည်း ဖမ်းဆီးခံခဲ့ရသည်။ 

Ref:AFP
Mizzima - News in Burmese
တရုတ်အစိုးရအား ဆန့်ကျင်ရန် ဗုံးဖောက်ခွဲမှုအား စီစဉ်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမား တစ်ဦးအား စက်တင်ဘာ ၃ ရက်တွင် ဖမ်းဆီး လိုက်ကြောင်း သိရသည်။
၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့် အယ်လီ ဗလတ်ဇ်ပါမာတွန်သည် ဖိလစ် ပိုင်နိုင်ငံတွင်းမှ တရုတ်လူမျိုးများနှင့် ဆက်နွှယ်နေသည့် နေရာများကို ဗုံးခွဲရန် စီစဉ်ရာတွင် နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့ကြောင်း ဖိလစ်ပိုင် တရားရေး ၀န်ကြီး လီလာဒေ လိုင်မာ က ပြောကြားသည်။

“ဗုံးဖောက်ခွဲဖို့ စီစဉ်မှုတွေမှာ ပါမာတွန်ပါဝင်နေမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေး ဗျူရိုက စုံစမ်း နေပါတယ်” ဟု ဒေလိုင်မာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြို့တော်မနီလာနိုင်ငံတကာလေဆိပ်တွင် ဖော်ထုတ်တားဆီးနိုင်ခဲ့သည့် ဗုံးဖောက်ခွဲရန် လုပ်ဆောင်မှု တွင် ဖမ်းမိထားသူသုံးဦးကိုလည်း ပါမာတွန်က သိကြောင်း ၀န်ခံထားသည်။

၎င်းတို့ သုံးဦးသည် တရုတ်သံရုံးနှင့် တရုတ်နွယ်ဖွားသူဌေးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပါမာတွန်အား ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှ မနီလာလေဆိပ်သို့ ရောက်ရှိလာစဉ် ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း အမျိုးသားထောက်လှမ်းရေး ဗျူရိုညွှန်ကြားရေးမှူး ဗာဂီလိုမန်ဒက်ဇ်က ပြောကြားသည်။

၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကြောင့် ပါမာတွန်၏ နောက်လိုက်များက မြို့တော် မနီလာလမ်း များပေါ်မှ ယာဉ်များ၏ တာယာများကို ထိုးဖောက်မှုများ လုပ်ဆောင်ခဲ့မှုဖြင့် ၂၀၁၃ ခုနှစ်ကလည်း ဖမ်းဆီးခံခဲ့ ရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment