Thursday 4 September 2014

အရက်ကြောင့်ဖြစ်သော အသည်းရောဂါကာကွယ်ရေး အမျိုးသမီးများ လှုပ်ရှားမှု တစ်ရပ် ပြုလုပ်မည်

အရက်ကြောင့်ဖြစ်သော အသည်းရောဂါကာကွယ်ရေးအ တွက် နိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးထု   လှုပ်ရှားမှု တစ်ရပ်ကို နှစ်လတာပြုလုပ်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘လှုပ်ရှားမှုမှာ ပါဝင်မယ့် အမျိုးသမီးတွေက သူတို့ရဲ့ မိသားစုထဲက အမျိုးသားတွေရဲ့ အရက် ကြောင့်ဖြစ်တဲ့ အသည်းရောဂါကို ကာကွယ်ဖို့ ဘယ်လိုဆောင်ရွက် တယ်။ ဘယ်လိုစောင့်ရှောက်မှု ပေးနေတယ်ဆိုတဲ့ အချက်တွေ ကို ရေးပြီးပို့ပေးကြတဲ့ လှုပ်ရှားမှု မျိုးပါ’’ ဟု လှုပ်ရှားမှု စီစဉ်သည့် Mega Life Sciences ကုမ္ပဏီမှ ဒေါက်တာအေးမြမြလင်းက ပြော သည်။

အမျိုးသမီးများအနေဖြင့် အထက်ပါအကြောင်းအရာများ ကို မိုဘိုင်းဖုန်းမှတစ်ဆင့် ၁၈၈၇၇ သို့ SMS ဖြစ်စေ၊ စာကြောင်းရေ ၃၅ လုံးထက် မပိုသော လက်ရေး မူနှင့်ဖြစ်စေ ပေးပို့နိုင်သည်။ လက်ရေးမူဖြင့် ရေးသားပေး ပို့ လိုပါက လူစည်ကားသော လမ်းနေရာ များ၌ ၎င်းအတွက် ပုံးများကို ထား ရှိပေးမည်ဖြစ်သည်။ အဆိုပါ လူ ထုလှုပ်ရှားမှုကို စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ် သိရှိလိုလျှင် ဖုန်း-၀၉-၄၃၀၅၅၀၂၄ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

ပေးပို့လာသော ဖောင်တစ် ခုချင်းစီအတွက် ငွေကျပ် တစ် ထောင်နှုန်းဖြင့် ကုမ္ပဏီက ရန်ပုံငွေ သဖွယ် ထည့်ဝင် သွားမည် ဖြစ် သည်။ ထို့နောက် ဖောင်အရေအ တွက်အလိုက် ရရှိလာသော ငွေ များကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ စိတ်ကျန်းမာရေးဆေးရုံ၊ ရန်ကုန် ခုတင် ၅၀၀ ဆံ့   ဆေးရုံကြီး (အသည်းဌာန)သို့ လှူဒါန်းသွား မည်ဖြစ်သည်။

‘‘အမျိုးသမီးတစ်ယောက်ဆီ က တစ်စောင်ရောက်တိုင်း ကျွန်မ တို့အနေနဲ့ တစ်ထောင်နှုန်း သတ် မှတ်ပြီး ပေး မှာပါ။ ပြီးရင် ဆေးရုံ တက်ပြီး အရက်ဖြတ်နေတဲ့သူ တွေအတွက် ဆေးရုံသုံးခုမှာ ပြန် လှူဒါန်း သွား မှာပါ’’ ဟု ဒေါက် တာအေးမြမြလင်းက ဆက်ပြော ကြားသည်။

ထို့အပြင် လူထုလှုပ်ရှားမှု တွင် ပါဝင်ကြမည့် အမျိုးသမီးများ ထဲမှ ကံထူးရှင် ၅၀ ဦးရွေးချယ်၍ ဖုန်းငွေဖြည့် ကတ် ၂၀,၀၀၀ ကျပ် ဖိုးပြန်လည် ချီးမြှင့်သွားမည် ဖြစ် သည်။

အဆိုပါ ဆေးရုံသုံးခုအ တွက် ပျမ်းမျှအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် ၁၀,၀၀၀ ကြား လှူဒါန်းနိုင်ရန် လျာထားပြီး ဆေးရုံကြီးများ၏ လိုအပ်ချက်အလိုက် ဆေးဝါးနှင့်  စက်ပစ္စည်းများလှူဒါန်းသွား မည်ဖြ စ်သည်။

မြန်မာနိုင်ငံတွင် အရက် သောက်သုံးမှု မြင့်မားခြင်းကြောင့် အသည်းရောဂါ   ဖြစ်ပွားနှုန်းမှာလည်း  မြင့်မား လျက်ရှိပြီး   ကာကွယ်နိုင်ရေးအတွက်  ယခုကဲ့သို့ အမျိုးသမီးများမှတစ်ဆင့် အရက် နှင့်  ပတ်သက်သော  လူထုလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment