Thursday 4 September 2014

နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ UNA မတက်ရောက်နိုင်ကြောင်း စာပို့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA သည် သြဂုတ်လ ၃ ရက်နေ့တွင် ပြုလုပ်ေ သာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဘုံသဘောထားရယူနိုင်ရန် ပြုလုပ်သည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ သို့ တက်ရောက်နိုင်မည် မဟုတ်ဟု စာပေးပို့ခဲ့ကြောင်း UNA အဖွဲ့ဝင် မွန်ဒီမိုကရေစီပါတီ ဗဟိုကော်မတီ ဝင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA အဖွဲ့ဝင် တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP တို့သာ တွေ့ ဆုံဆွေးနွေးခဲ့သည်။ “အဓိကကတော့ UNA ခေါင်းဆောင်တွေက UNFC အစည်းအဝေးကို သွားရောက်နေ တဲ့ အတွက် တက်ရောက်နိုင်ခြင်း မရှိတာပါ” ဟု ၎င်းကဆိုသည်။

UNA အဖွဲ့သည် သြဂုတ်လအတွင်း နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော် မတီတို့ တွေ့ဆုံပွဲတွင် နိုင်ငံရေး ပါတီများ စုပေါင်း ကြေညာချက် ထုတ်ပြန်ထားသော နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းချက်ကို သဘောမတူကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် တိုင်းရင်းသားပါတီများ၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို အတင်းအကျပ် တိုက်တွန်းမှု မျိုးသာ ဖြစ်ကြောင်း UNA အဖွဲ့ဝင်များက ပြောဆို ထားသည်။

“အစည်းအဝေး တက်ရောက်နေလို့ မတက်ရောက်နိုင်ကြောင်း ကျွန်တော်တို့ ဆီကို စာပို့ထားပါတယ်။ ကျန်တာကတော့ ဘယ်သူက ဘာလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဟု FDA အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်ရေးအတွက် သြဂုတ်လ အတွင်း ပြု လုပ်သော အစိုးရနှင့် နိုင်ငံရေး ပါတီ ၆၇ ပါတီ တွေ့ဆုံပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကို ရေး ထိုးပြီးနောက် နိုင်ငံေ ရးဆွေးနွေး ပွဲများကို အမြန်ဆုံး စတင်ရန် တိုက်တွန်းကြောင်း နိုင်ငံရေးပါတီများက ထုတ်ပြန် ကြေ ညာ ထားသည်။ သို့သော်လည်း ယင်းထုတ်ပြန်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ သဘောထား မပါဝင်ကြောင်း NLD ပါတီက တုံ့ပြန် ကြေညာထားသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်ရာတွင် နိုင်ငံရေးပါတီများ၏ ဘုံသဘောတူညီချက် ရရှိနိုင်ရန် အတွက် စက်တင်ဘာ တတိယပတ်အတွင်း နိုင်ငံရေးပါတီများ အားလုံး တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment