Thursday 4 September 2014

ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး

Photo: ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး
Thursday, Setember 4, 2014 

ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသုံးဦးနှင့်အတူ ဓာတ်ဆီပုံးများနှင့် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသော ဗင်ကားတစ်စီးကိုလည်း အာဏာပိုင်များက လေဆိပ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်အစိုးရကို မကျေနပ်သဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော နေရာ များ ကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ထားကြောင်း တရားရေးဆိုင်ရာဝန်ကြီး လေလာဒီလီမာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူ သုံးဦးသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ဝါးကြီးအုပ်သည့် စီးပွားရေးနှင့် တရားမဝင် သတ္တုတွင်းတူးဖော်ခြင်းကို မကျေနပ်ချက်ကြောင့် ဖိလစ်ပိုင် ပြည်သူများ၏အကျိုးကို ခုခံကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ ကြံစည် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လီမာက ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းတို့က တောင်တရုတ်ပင်လယ် အတွင်းရှိ နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်မှု ပျော့ညံ့ခြင်းအပေါ် ဒေါသထွက်လျက်ရှိကြောင်း လီမာက ဆိုသည်။

၎င်းတို့သည် စက်တင်ဘာ ၁ ရက်က တရုတ်သံရုံး DMCI အဆောက်အအုံနှင့် SM ဈေးဝယ်စင်တာတို့ကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရသည်။ SM ဈေးဝယ် စင်တာသည် တရုတ်နိုင်ငံဖွား ဖိလစ်ပိုင်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟင်နရီဆေး ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက် ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားသုံးဦးနှင့်အတူ ဓာတ်ဆီပုံးများနှင့် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသော ဗင်ကား တစ်စီး ကိုလည်း အာဏာပိုင်များက လေဆိပ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်အစိုးရကို မကျေနပ်သဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော နေရာ များ ကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ထားကြောင်း တရားရေး ဆိုင်ရာဝန်ကြီး လေလာဒီလီမာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူ သုံးဦးသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ဝါးကြီးအုပ်သည့် စီးပွားရေးနှင့် တရားမဝင် သတ္တုတွင်းတူးဖော်ခြင်းကို မကျေနပ်ချက်ကြောင့် ဖိလစ်ပိုင် ပြည်သူများ၏အကျိုးကို ခုခံ ကာကွယ် သည့် အနေဖြင့် ယခုကဲ့သို့ ကြံစည် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လီမာက ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းတို့က တောင်တရုတ်ပင်လယ် အတွင်းရှိ နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက် ၍ တရုတ်နိုင်ငံနှင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်မှု ပျော့ညံ့ခြင်းအပေါ် ဒေါသထွက်လျက်ရှိကြောင်း လီမာက ဆိုသည်။

၎င်းတို့သည် စက်တင်ဘာ ၁ ရက်က တရုတ်သံရုံး DMCI အဆောက်အအုံနှင့် SM ဈေးဝယ်စင်တာတို့ကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရသည်။ SM ဈေးဝယ် စင်တာသည် တရုတ်နိုင်ငံဖွား ဖိလစ်ပိုင်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟင်နရီဆေး ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment