Thursday 4 September 2014

နှလုံးရောဂါအကြောင်း သိကောင်းစရာ

Photo: နှလုံးရောဂါအကြောင်း သိကောင်းစရာ
Thursday, September 4, 2014

နှလုံးရောဂါနှင့်ပတ်သက်၍ သိ ထားသင့်သည့် အချက်အလက်များ ကို ဖော်ပြပေး လိုက် ပါသည်။ နှလုံးရောဂါနှင့်ပတ်သက်၍ သေဆုံးမှု အများဆုံးမှာ နှလုံးရောဂါ ခံစားရပြီး ပထမဆုံးအချိန်အတွင်း ဖြစ်ပွားလေ့ရှိသောကြောင့် နှလုံးရောဂါ ထလာကြောင်း သံသယရှိပါက ကျန်းမာရေး အရေးပေါ်ဌာနသို့ ဆက်သွယ်ပါ။

နှလုံးရောဂါ လက္ခဏာအများစုတွင် ရင်ဘတ်အလယ်တည့်တည့်၌ မိနစ်အနည်းငယ်ထက်ပို၍ မသက်မသာခံစားရခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း ပျောက်သွားပြီးမှ ပြန်ပေါ်လာလိုက်ဖြစ်တတ်သည်။ လက်နှစ်ဖက်လုံး (သို့မဟုတ်) တစ်ဖက်၊ လည်ပင်း၊ မေးရိုး (သို့မဟုတ်) အစာအိမ်နေရာတွင် နာကျင်သည်ဟု ခံစားရခြင်းမှာ နှလုံးရောဂါ အချက်ပြမှု ဖြစ်နိုင်သည်။ ရင်ဘတ် မသက်မသာဖြစ်ခြင်းနှင့်အတူ (သို့မဟုတ်) မဖြစ်ဘဲ အသက်ရှူချိန် တိုတောင်းခြင်းလည်း ဖြစ်တတ်သည်။

သင်ပုံမှန်ကြုံနေကျ မဟုတ်သော ခန္ဓာကိုယ်တွင်း ခံစားမှုများကို အလေးထားစောင့်ကြည့်ပါ။ ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အားနည်းသလို ခံစားရခြင်း၊ အလွန်မောပန်းနွမ်းနယ်ခြင်း (သို့မဟုတ်) ပြိုလဲတော့မလို ခံစားရခြင်းတို့ကဲ့သို့ လက္ခဏာများကို အလေးထားစောင့်ကြည့်ပါ။ ယင်းလက္ခဏာများကို အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိသည်။

နှလုံးရောဂါထချိန်တွင် နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု အနှာင့်အယှက်ဖြစ်ပြီး နှလုံးကြွက်သားဆဲလ်များ စတင်သေဆုံးခြင်းကြောင့် ရင်ဘတ်နာကျင်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ရင် ဘတ်နာကျင်မှု မရှိဘဲ အထူးသဖြင့် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည်။ နှလုံးရောဂါအများစုမှာ ရင်ဘတ်ပိုင်း အတန်အသင့်နာကျင်ခြင်း (သို့မဟုတ်)မသက်မသာဖြစ်ခြင်းနှင့်အတူ ရောဂါတဖြည်းဖြည်း ရင့်လာလေ့ရှိသည်။

မည်သူမဆို နှလုံးရောဂါဖြစ်နိုင်ပြီး ရောဂါရှိခြင်းကို မသိရှိဘဲဖြစ်နေနိုင်သည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါဖြစ်နိုင်ခြေပိုများသည့် နှလုံးရောဂါမှာ မည်သည့်အချိန်တွင်မဆို ရောဂါဖောက်လာနိုင်သော်လည်း အများစုမှာ နံနက်စောစောတွင် ရောဂါထလေ့ရှိသည်။ နှလုံးရောဂါထခြင်း၏ ၄၀ ရာခိုင်နှုန်းကို နံနက် ၆နာရီနှင့် နေ့လယ်အချိန်ကြားတွင် ဖြစ်ပွားလေ့ရှိသည်။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးမှု ၂၉ ရာခိုင်နှုန်းမှာ နံနက်တွင် ဖြစ်ပွား လေ့ရှိသည်။

နှလုံးရောဂါထလာပြီဟု သံသယရှိပါက လူနာတင်ယာဉ်ချက်ချင်းခေါ်ပြီး အေးအေးဆေးဆေးထိုင်နေ(သို့မဟုတ်) လဲလျောင်းနေပါ။ ၃၀၀ မီလီဂရမ်ရှိ အက်စပရင်ဆေး(အကိုက်အခဲပျောက်ဆေး) တစ်လုံးဖြည်းဖြည်းချင်းဝါးစားပါ။ အက်စပရင်ဆေးက နှလုံးပျက်စီးမှုကို လျှော့ချရန် (သို့မဟုတ်) အန္တရာယ်ရှိသည့် သွေးခဲမှု ဖြစ်ပေါ်ခြင်းကို လျှော့ချရန် ကာကွယ်ပေးနိုင်သည်။ အိမ်တံခါးကို အလွယ်တကူ ၀င်ထွက်နိုင်ရန် သော့မခတ်ဘဲထားပါ။ မည်သည့် အစားအသောက်မှ မစားမသောက်ပါနှင့်။ တစ်စုံတစ်ဦးကို သင်နှင့်အတူ စောင့်နေခိုင်းပါ။

နှလုံးရောဂါ ဒုတိယတစ်ကြိမ် ခံစားရမည့် အန္တရာယ်များကို လေ့ ကျင့်ခန်းလုပ်ခြင်းက လျှော့ချပေးနိုင်သော်လည်း အန္တရာယ်ကင်းသော လေ့ကျင့်ခန်းမျိုး ဖြစ်စေရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ လမ်းလျှောက်ခြင်း၊ ပေါ့ပေါ့ပါးပါး ပြေးခြင်း၊ စက်ဘီးစီးခြင်း (သို့မဟုတ်) နှလုံးကြွက်သားများ အားကောင်းစေမည့် ရေကူးခြင်းကဲ့သို့ နှလုံးကျန်းမာရေး အထောက်အကူပြုမည့် လေ့ကျင့်ခန်းမျိုးကို ဆရာဝန်က လမ်းညွှန်ပါလိမ့်မည်။ ဆရာဝန်မညွှန်ကြားမီအထိ မည်သည့်လေ့ကျင့်ခန်းမျိုးမှ သင့်သဘောဖြင့် စမလုပ်ပါနှင့်။

7Day DAILY
နှလုံးရောဂါနှင့်ပတ်သက်၍ သိထားသင့်သည့် အချက်အလက်များကို ဖော်ပြပေးလိုက် ပါသည်။ နှလုံးရော ဂါနှင့် ပတ်သက်၍ သေဆုံးမှု အများဆုံးမှာ နှလုံးရောဂါ ခံစားရပြီး ပထမဆုံးအချိန် အတွင်း ဖြစ် ပွားလေ့ရှိသောကြောင့် နှလုံးရောဂါ ထလာကြောင်း သံသယရှိပါက ကျန်းမာရေး အရေးပေါ်ဌာနသို့ ဆက် သွယ်ပါ။
နှလုံးရောဂါ လက္ခဏာအများစုတွင် ရင်ဘတ်အလယ်တည့်တည့်၌ မိနစ်အနည်းငယ်ထက်ပို၍ မသက်မသာ ခံစားရခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း ပျောက်သွားပြီးမှ ပြန်ပေါ် လာလိုက်ဖြစ် တတ်သည်။ လက်နှစ် ဖက်လုံး (သို့မဟုတ်) တစ်ဖက်၊ လည်ပင်း၊ မေးရိုး (သို့မဟုတ်) အစာအိမ်နေရာတွင် နာကျင်သည် ဟု ခံစားရခြင်းမှာ နှလုံးရောဂါ အချက်ပြမှု ဖြစ်နိုင်သည်။ ရင်ဘတ် မသက်မသာဖြစ်ခြင်းနှင့်အတူ (သို့မဟုတ်) မဖြစ်ဘဲ အသက်ရှူချိန် တိုတောင်းခြင်းလည်း ဖြစ်တတ်သည်။

သင်ပုံမှန်ကြုံနေကျ မဟုတ်သော ခန္ဓာကိုယ်တွင်း ခံစားမှုများကို အလေးထားစောင့်ကြည့် ပါ။ ဇောချွေးပြ န်ခြင်း၊ မူးမော်ခြင်း၊ အားနည်းသလို ခံစားရခြင်း၊ အလွန်မောပန်းနွမ်းနယ်ခြင်း (သို့မဟုတ်) ပြိုလဲတော့မလို ခံစားရခြင်းတို့ကဲ့သို့ လက္ခဏာများကို အလေးထားစောင့်ကြည့်ပါ။ ယင်းလက္ခဏာများကို အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိသည်။

နှလုံးရောဂါထချိန်တွင် နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု အနှာင့်အယှက်ဖြစ်ပြီး နှလုံးကြွက်သား ဆဲလ်များ စတင်သေဆုံးခြင်းကြောင့် ရင်ဘတ်နာကျင်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ရင် ဘတ်နာ ကျင်မှု မရှိဘဲ အထူးသဖြင့် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည်။ နှလုံးရောဂါအများစုမှာ ရင်ဘတ်ပိုင်း အတန် အသင့် နာကျင်ခြင်း (သို့မဟုတ်)မသက်မသာဖြစ်ခြင်းနှင့်အတူ ရောဂါတဖြည်းဖြည်း ရင့်လာလေ့ရှိသည်။

မည်သူမဆို နှလုံးရောဂါဖြစ်နိုင်ပြီး ရောဂါရှိခြင်းကို မသိရှိဘဲဖြစ်နေနိုင်သည်။ အထူးသဖြင့် ဆီးချိုရောဂါ ရှိသူများ၊ နှလုံးရောဂါဖြစ်နိုင်ခြေပိုများသည့် နှလုံးရောဂါမှာ မည်သည့်အချိန်တွင်မဆို ရောဂါဖောက် လာနိုင်သော် လည်း အများစုမှာ နံနက်စောစောတွင် ရောဂါထလေ့ရှိသည်။ နှလုံးရောဂါထခြင်း၏ ၄၀ ရာခိုင်နှုန်းကို နံနက် ၆နာရီနှင့် နေ့လယ်အချိန်ကြားတွင် ဖြစ်ပွားလေ့ရှိသည်။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးမှု ၂၉ ရာခိုင်နှုန်းမှာ နံနက်တွင် ဖြစ်ပွား လေ့ရှိသည်။

နှလုံးရောဂါထလာပြီဟု သံသယရှိပါက လူနာတင်ယာဉ်ချက်ချင်းခေါ်ပြီး အေးအေးဆေးဆေး ထိုင်နေ (သို့မဟုတ်) လဲလျောင်းနေပါ။ ၃၀၀ မီလီဂရမ်ရှိ အက်စပရင်ဆေး(အကိုက်အခဲပျောက်ဆေး) တစ်လုံးဖြည်းဖြည်း ချင်းဝါးစားပါ။ အက်စပရင်ဆေးက နှလုံးပျက်စီးမှုကို လျှော့ချရန် (သို့မဟုတ်) အန္တရာယ် ရှိသည့် သွေးခဲမှု ဖြစ်ပေါ်ခြင်းကို လျှော့ချရန် ကာကွယ်ပေးနိုင်သည်။ အိမ်တံခါးကို အလွယ်တကူ ၀င်ထွက်နိုင်ရန် သော့မခတ်ဘဲထားပါ။ မည်သည့် အစားအသောက်မှ မစားမသောက်ပါနှင့်။ တစ်စုံတစ်ဦး ကို သင်နှင့်အတူ စောင့်နေခိုင်းပါ။

နှလုံးရောဂါ ဒုတိယတစ်ကြိမ် ခံစားရမည့် အန္တရာယ်များကို လေ့ ကျင့်ခန်းလုပ်ခြင်းက လျှော့ချပေးနိုင်သော် လည်း အန္တရာယ်ကင်းသော လေ့ကျင့်ခန်းမျိုး ဖြစ်စေရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ လမ်းလျှော က်ခြင်း၊ ပေါ့ပေါ့ ပါးပါး ပြေးခြင်း၊ စက်ဘီးစီးခြင်း (သို့မဟုတ်) နှလုံးကြွက်သားများ အားကောင်းစေမည့် ရေကူးခြင်း ကဲ့သို့ နှလုံးကျန်းမာရေး အထောက်အကူပြုမည့် လေ့ကျင့်ခန်းမျိုးကို ဆရာဝန်က လမ်းညွှန်ပါလိမ့်မည်။ ဆရာဝန်မညွှန်ကြားမီအထိ မည်သည့်လေ့ကျင့်ခန်းမျိုးမှ သင့်သဘောဖြင့် စမလုပ်ပါနှင့်။

7Day DAILY

No comments:

Post a Comment